×

မြန်မာနိုင်ငံတစ်ဝှမ်းရှိ အမာခံ ဘောလုံးအားကစား ပရိသတ်များအတွက် MNL အသင်းများ၏ နောက်ဆုံးရသတင်းများ၊ ဂိုးရလဒ်များနှင့် ပွဲစဉ်အခြေအနေများကို ဖော်ပြပေးမည့် အက်ပလီကေးရှင်းအသစ်ကို MPT စတင်မိတ်ဆက်

05 Jun 2018

(ရန်ကုန်၊ ၂၀၁၈ ခုနှစ်၊ ဇွန်လ ၅ ရက်)- မြန်မာ့ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာ MPT က မြန်မာနေရှင်နယ်လိဂ် (MNL) နှင့် ပူးပေါင်း၍ နိုင်ငံတွင်း ရေပန်းစားလူကြိုက်များသည့် ထိပ်တန်းလိဂ် ပွဲစဉ်များ၏ နောက်ဆုံးရသတင်းများ၊ ပွဲစဉ်များ၊ ဂိုးရလဒ်နှင့် ပွဲစဉ်သုံးသပ်ချက်များကို ဖော်ပြပေးမည့် MPT MNL ဘောလုံးအက်ပလီကေးရှင်းကို စတင်မိတ်ဆက်လိုက်ကြောင်း ယနေ့ သတင်းထုတ်ပြန် လိုက်သည်။

နိုင်ငံ့အကောင်းဆုံးလိဂ်များအကြောင်းနှင့် ပြည်တွင်းဘောလုံးလောက၏ စိတ်လှုပ်ရှားဖွယ်ရာ တိုးတက်မှုများ ကို ပရိသတ်များ ရှေ့မှောက်သို့ ဆောင်ယူလာပေးမည့် အက်ပလီကေးရှင်းအသစ်ကို Google Play စတိုးနှင့် MPT လိုတရ ဝက်ဘ်ဆိုက်မှတစ်ဆင့် ဒေါင်းလုတ်ရယူနိုင်ရုံသာမက *3101# သို့ခေါ်ဆို၍လည်း ဒေါင်းလုတ်လင့်ခ် ကို ရယူနိုင်မည်ဖြစ်သည်။

ဓါတ်ပုံ- မြန်မာနိုင်ငံတွင်း လူကြိုက်များရေပန်းစားသည့် အသင်းများ၊ ကစားသမားများအကြောင်းနှင့် အခြား နောက်ဆုံးရ သတင်းအချက်အလက်များကို ဖော်ပြပေးမည့်အပြင် စိတ်ဝင်စားဖွယ်ရာ ဆုလက်ဆောင်များစွာကို MPT သုံးစွဲသူများ အပတ်စဉ် ရရှိနိုင်မည့် MPT MNL ဘောလုံးအက်ပလီကေးရှင်း၏ အသွင်အပြင်

MPT ဆင်းကတ်သုံးစွဲသူများအတွက် သီးသန့်အစီအစဉ်တစ်ရပ်အဖြစ် ပျော်ရွှင်စိတ်လှုပ်ရှားဖွယ် မေးခွန်းများကို အက်ပလီကေးရှင်းပေါ်တွင် အပတ်စဉ်ပါဝင်ဖြေဆို၍ MPT MNL အထူးထုတ် ငွေဖြည့်ကတ်များ၊ အသင်းအင်္ကျီများနှင့် အခြားစိတ်ဝင်စားဖွယ်ရာ ဆုလက်ဆောင်များစွာကို ရယူနိုင်မည်ဖြစ်သည်။ ဆုလက်ဆောင်များ ပါဝင်ကံစမ်းနိုင်ရန် အက်ပလီကေးရှင်းတွင် “Quizzes and Games” ကဏ္ဍကို ဝင်ရောက်ရမည်ဖြစ်ပြီး MNL လိဂ် ၁ ၏ အပတ်စဉ်ကျင်းပသော ပွဲစဉ် ၆ပွဲစီမှ အနိုင်ရရှိမည့် အသင်းများကို မှန်ကန်စွာခန့်မှန်းရင်း အပတ်စဉ်ဉာဏ်စမ်းအစီအစဉ်များကို ပါဝင်နိုင်မည်ဖြစ်သည်။

MPT-KSGM Joint Operations မှ Chief Commercial Officer ဖြစ်သူ Mr. Reizo Umeda က “ MPT MNL ဘောလုံးအက်ပလီကေးရှင်းက မြန်မာဘောလုံးဝါသနာရှင်တွေအနေနဲ့ မိမိတို့ နှစ်သက်တဲ့ ကလပ်အသင်းတွေနဲ့ ကစားသမားတွေကို အားပေးရာမှာ ပိုပြီးအဆင်ပြေချောမွေ့စေဖို့နဲ့ လွယ်ကူစေဖို့ ဖန်တီးထားတာဖြစ်ပြီး ပြည်တွင်းအားကစားလှုပ်ရှားမှုနဲ့ပတ်သက်လို့ ကစားသမားတွေရဲ့ ကြိုးစားပုံတွေနဲ့ နောက်ဆုံးရ သတင်းအချက်အလက်တွေကို မိုဘိုင်းလ်ဖုန်းတွေပေါ်ကနေ ကြည့်ရှုခံစားနိုင်မှာဖြစ်ပါတယ်။ MPT သုံးစွဲသူတွေ အတွက် အပတ်စဉ်တိုင်းမှာ MNL အမှတ်တံဆိပ်ပါတဲ့ လက်ဆောင်ပစ္စည်းတွေ ရနိုင်မယ့် ပျော်စရာဉာဏ်စမ်း ပဟေဠိအစီအစဉ်တွေလည်း ပါဝင်သွားမှာဖြစ်ပါတယ်။ အဲဒါကြောင့် ဒီအက်ပလီကေးရှင်းကို အခုပဲ ဒေါင်းလုတ် လုပ်ပြီး ကိုယ့်စိတ်ကြိုက်အသင်းတွေကို စောင့်ကြည့်ရင်းနဲ့ ချန်ပီယံဆုအတွက် အကြိတ်အနယ် ယှဉ်ပြိုင်သွားမယ့် သူတို့ရဲ့ပွဲစဉ်တွေကို အားပေးလိုက်ကြရအောင်” ဟု ပြောကြားခဲ့သည်။

ယခုဘောလုံးရာသီအစတွင် MPT သည် MNL ၏ နာမည်ကြီး လိဂ်ပွဲစဉ်များဖြစ်သည့် MNL လိဂ် ၁ နှင့် လိဂ် ၂ ၊ သက်တမ်းအလိုက် ကျင်းပသော လူငယ်ပြိုင်ပွဲများကို နိုင်ငံ၏ဘောလုံးပြိုင်ပွဲများကို ကြီးမှုး၍ အဓိက ကျင်းပနေသည့် MNL နှင့် ၂၀၁၈ မှ ၂၀၂၀ ခုနှစ်အထိ သုံးနှစ်တာကာလ လက်တွဲပူးပေါင်းရန်အတွက် နားလည်မှုစာချွန်လွှာရေးထိုးခဲ့ပြီးဖြစ်သည်။ ထိုပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် MPT အနေဖြင့် ဘောလုံးအားကစားလောက ရေရှည်တိုးတက်စေရန် မြှင့်တင်၍ မြန်မာ့လူငယ်နှင့် ကလေးများအားလုံး ကျန်းမာကြံ့ခိုင်သော လူနေမှုဘဝကို ပိုင်ဆိုင်စေရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကတိကဝတ် ပြုထားပါသည်။ ပူးပေါင်းဆောင်ရွက်ထားသည့် အက်ပလီကေးရှင်းတွင် MNL လိဂ် ၁ အပြင် ပရော်ဖက်ရှင်နယ် ပြိုင်ပွဲများမှ အငယ်တန်းအဆင့်အထိ အခြားသော ဘောလုံးပွဲစဉ်များကိုလည်း နောက်ပိုင်းတွင် မြိုင်မြိုင်ဆိုင်ဆိုင် ဖော်ပြတင်ဆက်သွားမည် ဖြစ်ပါသည်။

MNL ၏ နောက်ဆုံးရသတင်းနှင့် အကြောင်းအရာများကို ရယူရန်အတွက် MPT MNL ဘောလုံး အက်ပလီကေးရှင်းကို အောက်ပါလင့်ခ်များသို့ ဝင်ရောက် ဒေါင်းလုတ်ရယူနိုင်ပါသည်။

၁) Google Play တွင် MPT MNL ကို ရှာပါ။
၂) လိုတရ တွင် https://bit.ly/2shTc5R သို့ ဝင်ရောက်ပါ။
၃) *3101# ကို ဖုန်းခေါ်ဆို၍ ဒေါင်းလုတ်လင့်ခ့် ကို ရယူပါ။