×

မြန်မာနိုင်ငံတွင်း အသက်သာဆုံးနှုန်းထား အစီအစဉ်သစ်ဖြင့် ဖုန်းခေါ်ဆိုခြင်း၊ စာတိုပေးပို့ခြင်းနှင့် ဒေတာအသုံးပြုခြင်းများကို လာမည့်လမှ စတင်၍ စတင်အသုံးပြုနိုင်တော့မည်အကြောင်း MPT က ထုတ်ဖော်

27 Sep 2017

(ရန်ကုန်၊ ၂၇၊ စက်တင်ဘာ၊ ၂၀၁၇ ခုနှစ်) – MPT မှ မြန်မာနိုင်ငံတစ်ဝန်းရှိ သန်းပေါင်းများစွာသော သုံးစွဲသူများကို ကျေးဇူးတုံ့ ပြန်သည့်အနေဖြင့် MPTအချင်းချင်း ဖုန်းခေါ်ဆိုခြင်း ၊ MPT မှ အခြား ဆက်သွယ်ရေးအော်ပရေတာများသို့ ဖုန်းခေါ်ဆိုခြင်းများအပြင် စာတို (SMS) ပေးပို့ခြင်းနှင့် အင်တာနက် အသုံးပြုခများကို မြန်မာနိုင်ငံအတွင်း အသက်သာဆုံးနှုန်းထားများဖြင့် ပြောင်းလဲလုပ်ဆောင်သွားမည့် စိတ်လှုပ်ရှားဖွယ်ရာ အစီအစဉ်သစ်တစ်ရပ်ကို လာမည့် အောက်တိုဘာလအတွင်း စတင်မိတ်ဆက်သွားမည် ဖြစ်ပါသည်။

အစီအစဉ်သစ်မိတ်ဆက်ခြင်းအတွက် စိတ်ဝင်စားဖွယ်နှုန်းထားကို အောက်ပါအတိုင်းဖော်ပြအပ်ပါသည်။

ဝန်ဆောင်မှုနှုန်းထား(ကျပ်)
MPT အချင်းချင်းဖုန်းခေါ်ဆိုခတစ်မိနစ်လျင် (၁၀) ကျပ်
အခြားအော်ပရေတာများသို့ ဖုန်းခေါ်ဆိုခတစ်မိနစ်လျင် (၂၄) ကျပ်
စာတိုပေးပို့ခြင်း (SMS)တစ်စောင်လျင် (၁၅) ကျပ်
အင်တာနက်ဒေတာတစ်မီဂါဘိုက်လျင် (၈) ကျပ်

*အထက်ဖော်ပြပါနှုန်းထားမှာ ကုန်သွယ်လုပ်ငန်းခွန် ၅% မပါဝင်ပါ။

MPT-KGSM Joint Operations မှ Chief Commercial Officer ဖြစ်သူ Mr. Reizo Umeda က “ မြန်မာနိုင်ငံက မိုဘိုင်းလ်ဖုန်းသုံးစွဲသူတွေ မျှော်လင့်နေကြတဲ့ စျေးအသက်သာဆုံး ဖုန်းခေါ်ဆိုခ၊ စာတိုပေးပို့ခြင်း နဲ့ အင်တာနက် အသုံးပြုခတွေပါဝင်မယ့် နှုန်းထားအစီအစဉ်သစ်တစ်ခုကို မိတ်ဆက်ပေးဖို့ ကျွန်တော်တို့ စီစဉ်နေပါတယ်။ မြန်မာနိုင်ငံရဲ့ ဆက်သွယ်ရေးစျေးကွက်ဟာ မနားတမ်းတိုးတက်ပြောင်းလဲနေသလို MPT ကလည်း တန်ဖိုးထားရတဲ့ အသုံးပြုသူတွေအတွက် အကျယ်ပြန့်ဆုံးနဲ့ အမြန်ဆုံးကွန်ရက်ပေါ်ကနေ အရင်နဲ့မတူတဲ့ အကောင်းဆုံး အတွေ့အကြုံတွေကို ထောက်ပံ့ပေးဖို့ အရေးကြီးတယ်ဆိုတာကို နားလည်သိရှိထားပြီး ဖြစ် ပါတယ်။ မကြာခင်မိတ်ဆက်ကြေညာမယ့် ဒီဝန်ဆောင်မှုအသစ်အတွက် ကျွန်တော်တို့ စိတ်လှုပ်ရှားနေပါတယ်။ MPT က နောက်ထပ် ထုတ်ပြန်မယ့်ကြေညာချက်တွေကိုလည်း နားစွင့်စောင့်မျှော်ပေးနေကြပါဦး” ဟု ပြောကြားသည်။

MPT ၏ အခြားအစီအစဉ်များ၊ ပရိုမိုးရှင်းများနှင့်ပတ်သက်ပြီး အသေးစိတ် ပိုမိုသိရှိလိုပါက www.mpt.com.mm နှင့် www.facebook.com/mptofficialpage တွင် ဝင်ရောက်လေ့လာနိုင်မည်ဖြစ်ပါသည်။