×

မြန်မာနိုင်ငံတွင် မိုဘိုင်းလ်ငွေကြေးဝန်ဆောင်မှုလုပ်ငန်းဆောင်ရွက်ရန် MPT Money လိုင်စင်ရရှိ

09 Oct 2019

(ရန်ကုန်၊ ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၉ ရက်) မြန်မာနိုင်ငံ၏ ပထမဆုံးနှင့် ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာဖြစ်သည့် MPT သည် သုံးစွဲသူများအတွက် လျင်မြန်၊ စိတ်ချ၊ တီထွင်ဆန်းသစ်ထားသော MPT Money ငွေကြေးဝန်ဆောင်မှုကို စတင်မိတ်ဆက်ခြင်းနှင့်အတူ  ဒီဂျစ်တယ်လူနေမှုအဆင့်အတန်းကို မြှင့်တင်ပေးနိုင်ရန်အတွက် ကြိုးပမ်းလျက်ရှိပါသည်။ MPT Money အနေဖြင့် မိုးဘိုင်းလ်ငွေကြေးဝန်ဆောင်မှု လုပ်ငန်းကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၁) ရက်တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ လိုင်စင်ရရှိခဲ့ပြီးဖြစ်သည်။

MPT Money သည် မြန်မာနိုင်ငံ၏ဒီဂျစ်တယ်စီးပွားရေးတိုးတက်စေရန်နှင့် ငွေကြေးဝန်ဆောင်မှုကို လူတိုင်း လက်လှမ်းမီနိုင်စေရန်၊ MPT သုံးစွဲသူများ၏မျှော်လင့်ချက်များနှင့် ဌာနဆိုင်ရာများ၏ လိုအပ်ချက်များကို နည်းပညာဖြင့် ကူညီဖြေရှင်းပေးနိုင်ရန် ရည်ရွယ်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။

စမတ်ဖုန်းများတွင်ငွေကြေးဝန်ဆောင်မှုများလုပ်ဆောင်လာခြင်းမှာ အဓိကဘဏ္ဍာရေးစနစ်ကို မှီခိုစရာမလိုဘဲ  မြန်မာနိုင်ငံသားများအတွက် ဆောင်ရွက်ထားသော အဆိုပါဝန်ဆောင်မှုသည် အရေးကြီးသော အစိတ်အပိုင်းတစ်ခုဖြစ်လာပါသည်။

MPT Money ဝန်ဆောင်မှုကို အက်ပလီကေးရှင်းတွင် လုံခြုံ၊စိတ်ချစွာငွေလွှဲနိုင်သည့် ငွေပေးချေမှု လုပ်ဆောင်ချက်များအားထည့်သွင်းထားပါသည်။ MPT Money ကို အသုံးပြုခြင်းဖြင့်  ငွေရေးကြေးရေး စီမံခန့်ခွဲမှုများဖြစ်သည့် ငွေလွှဲပြောင်းခြင်း၊ ငွေပေးချေခြင်း၊ ဖုန်းဘေလ်ဖြည့်ခြင်း နှင့် အခြားသော ငွေကြေးဝန်ဆောင်မှုများဆောင်ရွက်ရာတွင် ပိုမိုလွယ်ကူလာမည်ဖြစ်သည်။ ထို့အပြင် အသုံးပြုရလွယ်ကူသော နည်းပညာကြောင့် သုံးစွဲသူနှင့်  ရောင်းချသူ နှစ်ဦးလုံးကို အီလက်ထရောနစ်ဆိုင်ရာ ဆောင်ရွက်ချက်များတွင် အဆင်ပြေစွာလုပ်ဆောင်လာနိုင်မည်ဖြစ်သည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှုး (MPT-KSGM JO ၏ အမှုဆောင်အရာရှိချုပ်) ဖြစ်သူ ဦးခင်မောင်ထွန်း က “MPT က ‌နေရာအနှံ့မှာ အရောင်းဆိုင်တွေထားတဲ့အပြင် Mobile Money ကိုယ်စားလှယ်များကိုလည်း ဖွဲ့စည်းထားတဲ့အတွက် သုံးစွဲသူရဲ့ လိုအပ်ချက်တွေကို လက်လှမ်းမီအောင် ထောက်ပံ့ပေးနိုင်မှာပါ။ MPT Money ကနေ သုံးစွဲသူတွေအတွက် ယုံကြည်မှုကို အပြည့်အဝပေးနိုင်မှာ ဖြစ်ပြီး ဒီအချက်ကလည်း အဓိကအချက်ပဲဖြစ်ပါတယ်။ MPT Money ရဲ့ ဝန်ဆောင်မှုကနေ  လွယ်ကူမြန်ဆန်ပြီး စိတ်ချယုံကြည်ရတဲ့ ဒီဂျစ်တယ်မိုဘိုင်းလ်ငွေကြေး၀န်ဆောင်မှုတွေကို မကြာမီမိတ်ဆက်ပေးသွားမှာ ဖြစ်ပါတယ် ’” ဟု ပြောကြားခဲ့သည်။

MPT Money နှင့်ပတ်သက်သည့်အသေးစိတ်လုပ်ဆောင်ချက်များကို မကြာခင်ထပ်မံကြေငြာသွားမည် ဖြစ်သည်။ MPT Money App ကို ဒေါင်းလုတ် အောက်ပါအတိုင်း ရယူနိုင်မည် ဖြစ်သည်။

Andriod: http://bit.ly/2SvVZ5x

iOS: https://apple.co/2IFITD6

MPT Money ၏ ၀န်ဆောင်မှုများ နှင့် ပတ်သက်၍ အသေးစိတ်အချက်အလက်များသိရှိလိုပါက ဖုန်းနံပါတ် 990 သို့ ဖုန်းခေါ်ဆို၍ သော်လည်းကောင်း၊ MPT Money ၏ တရားဝင် facebook ဖြစ်သည့် @MPTMoneyOfficial သို့လည်းကောင်း ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။