×

မြန်မာနိုင်ငံ မှ ဂိမ်းဝါသနာရှင်များအားလုံး အံ့အားသင့်စေမည့် သက်သာသောနှုန်းထားဖြင့် MPT က PUBG Pack ကို မိတ်ဆက်

31 Oct 2019

(ရန်ကုန်၊ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်)
– မြန်မာနိုင်ငံ၏ ပထမဆုံးနှင့် ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာဖြစ်သည့် MPT သည် PUBG MOBILE  နှင့် ပူးပေါင်း၍ ကြိုက်နှစ်သက်ရာ အင်တာနက် သုံးစွဲမှုတိုင်းအတွက် 900 MB ဒေတာပမာဏ ပါရှိသည့် PUBG Pack အသစ်ကို မိတ်ဆက်လိုက်ပြီ ဖြစ်ကြောင်း ယနေ့သတင်းထုတ်ပြန် ကြေညာလိုက်သည်။ PUBG Pack ကို သက်သာသောနှုန်းထားဖြစ်သည့် ၉၄၅ ကျပ် ဖြင့် ၀ယ်ယူနိုင်မည်ဖြစ်ပြီး ရက်ပေါင်း (၃၀) အတွင်း အသုံးပြုနိုင်မည် ဖြစ်ကာ MPT သုံးစွဲသူများ အနေဖြင့် အင်တာနက်အသုံးပြုမှုများကို မိမိတို့ ကြိုက်နှစ်သက်ရာအတွက် အသုံးပြုနိုင်မည် ဖြစ်သည်။

MPT သုံးစွဲသူများ အနေဖြင့် *8005# သို့ ခေါ်ဆို၍ PUBG Pack ကို ဝယ်ယူရရှိနိုင်မည်ဖြစ်သည့် အပြင် စိတ်ဝင်စားဖွယ် PUBG Exclusive (အထူးသီးသန့်) ဂိမ်း Item များဖြစ်သည့် Terror Scar-L ၊ Psychopath Set ၊ Gas Mask စသည့် ဂိမ်း Item များကို ကံထူးနိုင်မည့် အခွင့်အရေးများလည်း ရရှိမည်ဖြစ်သည်။ PUBG မိုဘိုင်းလ်ဂိမ်းကို Apple® App Store နှင့် Google® Play Store တို့တွင် ဒေါင်းလုတ်ပြုလုပ်၍ ရယူနိုင်မည် ဖြစ်သည်။ PUBG Mobile ဂိမ်းဝါသနာရှင်များအနေဖြင့် ဂိမ်းကစားရုံမက PUBG Exclusive (အထူးသီးသန့်) ဂိမ်း Item များကို အပိုထပ်ဆောင်းခ ပေးစရာမလိုဘဲ ကံထူးနိုင်မည်ဖြစ်သည်။

MPT ၏ PUBG Pack ကို ဝယ်ယူပြီး ကံထူးနိုင်သည့် PUBG Exclusive (အထူးသီးသန့်) ဂိမ်း Item များ

Scrap Coupon

Gas Mask

Psychopath Set


Terror Scar-L

 

“PUBG Mobile ဟာ မိုဘိုင်းလ်ဖျော်ဖြေရေးလောကကို မုန်တိုင်းတစ်ခုလိုပဲ လှုပ်ခတ်စေခဲ့တဲ့ အလွန်ထူးခြားတဲ့ ဂိမ်းတစ်ခုပဲ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ MPT သုံးစွဲသူတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့အတွက် သက်သာတဲ့ နှုန်းထားနဲ့ PUBG Data Pack အသစ်တစ်ခုကို မိတ်ဆက်ပေးဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ PUBG Pack ကို ဝယ်ယူ သုံးစွဲတဲ့သူတိုင်းဟာ PUBG Exclusive (အထူးသီးသန့်) ဂိမ်း Item တွေကို ကံထူးနိုင်မယ့် အခွင့်အရေးရရှိမှာ ဖြစ်ပြီး ဂိမ်းကစားသူတိုင်းအတွက် စိတ်လှုပ်ရှား ပျော်ရွှင်စရာကောင်းတဲ့ အတွေ့အကြုံတွေရရှိမယ်လို့ မျှော်လင့်မိပါတယ်။ မြန်မာနိုင်ငံရဲ့ မိုဘိုင်းလ်ဂိမ်းကဏ္ဍဟာ လျင်လျင်မြန်မြန်နဲ့ တိုးတက်လာတာနဲ့အတူ MPT အနေနဲ့ အထူးအစီအစဥ်တွေ ပြုလုပ်ပေးခြင်း၊ ဂိမ်းထုတ်လုပ်သူတွေနဲ့ ပူးပေါင်းဆောင်ရွက်ခြင်းတွေက နေတစ်ဆင့် တစ်ဖက်တစ်လမ်းကနေ အထောက်အကူပြု ဆောင်ရွက်ပေးနေပါတယ်” ဟု MPT-KSGM Joint Operations ၏ Chief Commercial Officer ဖြစ်သူ Mr. Reizo Umeda က ပြောကြားခဲ့သည်။

မိုဘိုင်းလ်ဂိမ်းကစားသည့် အတွေ့အကြုံများ တိုးတက်စေရန်နှင့် အီလက်ထရောနစ် အားကစားဏ္ဍ (E-Sport) များ ဖွံ့ဖြိုးတိုးတက်ရန် MPT အနေဖြင့် ရည်မှန်းချက်ထား ဆောင်ရွက်နေပါသည်။ MPT သည် ကမ္ဘာ့အကျော်ကြားဆုံး မိုဘိုင်းလ်ဂိမ်း ဖန်တီးထုတ်လုပ်သူများနှင့်မိတ်ဖက်အဖြစ် ပူးပေါင်းဆောင်ရွက်ပြီး MPT သုံးစွဲသူများအတွက် ပိုမိုထူးခြားကောင်းမွန်သည့် ဒီဂျစ်တယ်ဘဝများကို ရရှိစေရန် ဆောင်ရွက်လျက်ရှိ သကဲ့သို့ အီလက်ထရောနစ် ဖျော်ဖြေရေး (e-Entertainment) ကဏ္ဍတွင်လည်း လမ်းသစ်များ ဖောက်လုပ်ရန် ဆောင်ရွက်လျက်ရှိပါသည်။

PUBG Pack အသစ်နှင့် ပတ်သက်ပြီး အသေးစိတ် ထပ်မံသိရှိလိုပါက 106 သို့ ခေါ်ဆို၍သော် လည်းကောင်း၊ MPT ၏ တရားဝင် Facebook စာမျက်နှာဖြစ်သည့်

www.facebook.com/mptofficialpage/ 
နှင့် MPT ၏ တရားဝင် ဝက်ဘ်ဆိုက် ဖြစ်သည့် https://mpt.com.mm တို့တွင်လည်းကောင်း ဝင်ရောက်ကြည့်ရှု နိုင်ပါသည်။