×

မြန်မာပြည်သူများ စဥ်ဆက်မပြတ်ဆက်သွယ်နိုင်စေရေး MPT မှ အလေးထားဆောင်ရွက်

30 Mar 2020

(ရန်ကုန်၊ ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၃၀ ရက်) – ကမ္ဘာ့ကပ်ရောဂါ နိုဗယ်ကိုရိုနာဗိုင်းရပ်စ် (COVID-19) ကူးစက်ဖြစ်ပွားလျက်ရှိသော ယခုလိုအရေးပေါ်အချိန်၌ MPT သည် ဝန်ထမ်းများ၏ ကျန်းမာရေးနှင့် သာယာချမ်းမြေ့စွာ နေထိုင် လုပ်ကိုင်နိုင်ရေးအတွက် ကြိုတင်ကာကွယ်မှုများကို ကျယ်ကျယ်ပြန့်ပြန့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။

MPT သည် Coronavirus နှင့် ပတ်သက်သော နောက်ဆုံးရသတင်းများကို အချိန်နှင့်တစ်ပြေးညီ အထူး လေ့လာ စောင့်ကြည့်လျက်ရှိပြီး MPT ၏ ဝန်ထမ်းများနှင့် သက်ဆိုင်ရာ လူမှုအသိုက်အဝန်းတို့၏ ကျန်းမာရေးကို ထိခိုက်စေနိုင်သည့် မည်သည့် ဘေးအန္တရာယ်ဖြစ်နိုင်မှု အခြေအနေကိုမဆို လျှော့ချ တားဆီးနိုင်ရန် လိုအပ်သောကြိုတင်ကာကွယ်မှုများအား တက်ကြွစွာ အလေးအနက်ထား ပြင်ဆင် ဆောင်ရွက်လျက် ရှိပါသည်။ နိုင်ငံတော်အစိုးရ၏ ညွှန်ကြားချက်များနှင့်အညီ MPT ၏ ဝန်ဆောင်မှုများနှင့် ရုံးလုပ်ငန်းတာဝန်များကို အရှိန်အဟုန်မပြတ် ဆက်လက်ဆောင်ရွက်နိုင်စေရန် ဝန်ထမ်းအင်အား ၅၀% ကို ရုံးသို့တက်ရောက် တာဝန်ထမ်းဆောင်စေခြင်းဖြင့်လည်းကောင်း၊ ကျန် ဝန်ထမ်းအင်အား ၅၀% အား အိမ်မှ တာဝန်ထမ်းဆောင်စေခြင်းဖြင့်လည်းကောင်း အလှည့်ကျတာဝန်ထမ်းဆောင်မှုစနစ်ဖြင့် စတင်လုပ်ဆောင် လျက်ရှိပါသည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန (MOHS) နှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) တို့မှ ပြဌာန်းထားသော လမ်းညွှန်ချက်များအရ MPT သည် ဝန်ထမ်းများအတွက် သန့်ရှင်းလုံခြုံသော လုပ်ငန်းခွင် ပတ်ဝန်းကျင်ဖြစ်စေရန် ရုံးတွင်းသန့်ရှင်းရေးလုပ်ဆောင်မှု အဆင့်များကို တိုးမြှင့်ဆောင်ရွက်လျက်ရှိပါသည်။ လူအများနှင့်ထိတွေ့မှုများသော နေရာများဖြစ်သည့် MPT အမှတ်တံဆိပ် အရောင်းဆိုင်များ၊ ရုံးခန်းများ၊ ဝန်ထမ်း ကြိုပို့ မော်တော်ယာဉ်များစသည်တို့ကို သန့်ရှင်းခြင်းနှင့် ပိုးသတ်ခြင်းများ နေ့စဉ် ထိရောက်စွာ ရှင်းလင်းသန့်စင်မှုများ ပြုလုပ်လျက်ရှိသည်။

MPT အနေဖြင့် ဆက်သွယ်ရေးဝန်ဆောင်မှုများ စဥ်ဆက်မပြတ် ဆက်သွယ်ဆောင်ရွက်နိုင်စေရေးသည် အရေးကြီးကြောင်းကို နားလည်ပါသည်။ MPT ကို သုံးစွဲသူများနှင့် စီးပွားရေးမိတ်ဖက်အဖွဲ့အစည်း များအနေဖြင့် ယုံကြည်စိတ်ချရသည့် ကွန်ရက်များနှင့် ဝန်ဆောင်မှုများအား စဥ်ဆက်မပြတ် သုံးစွဲနိုင်စေရန် သေချာစွာ စီမံ ဆောင်ရွက်ထားရှိပါသည်။ အခြေအနေများ ပြောင်းလဲလာသည်နှင့်အမျှ လက်ရှိလည်ပတ် နေသော စီးပွားရေးလုပ်ငန်းများကို ဆက်လက်ကူညီပံ့ပိုးပေးနိုင်ရန်နှင့် MPT သုံးစွဲသူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် MPT ဝန်ထမ်းများ ၊ စီးပွားရေးမိတ်ဖက်အဖွဲ့အစည်းများနှင့် ထုတ်ကုန် (သို့မဟုတ်) ဝန်ဆောင်မှုများအတွက် ပံ့ပိုးသူများနှင့် အနီးကပ် ကြီးကြပ်ဆောင်ရွက်လျက်ရှိသည်။ MPT ၏ လုပ်ငန်းတာဝန်များ အရှိန်မဟုန်မပြတ် ဆက်လက်ဆောင်ရွက်နိုင်ရေး စီမံချက် (BCP) သည် လုပ်ငန်းလည်ပတ်မှုအတွက် ကြိုတင်ပြင်ဆင်မှု၊ ရောဂါကူးစက်မှု လျော့ချနိုင်ရေး၊ ဖြစ်ပေါ်လာသည့် အခြေအနေများပေါ် တုံ့ပြန်နိုင်စေရန်နှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်များအတွက် အထောက်အပံ့ ဖြစ်စေမည် ဖြစ်ပါသည်။

မရှိမဖြစ် လိုအပ်သော ဆက်သွယ်ရေးဝန်ဆောင်မှုများကို ပံ့ပိုးသူအနေဖြင့် MPTသည် ကွန်ရက်များကို အရန်ဆက်ကြောင်းများဖြင့် ချိတ်ဆက်ထားပြီး အရေးပေါ်ကာလများတွင် သုံးစွဲသူများနှင့် အစဥ် ချိတ်ဆက်နိုင် စေရန် စီစဉ်ဆောင်ရွက်ထားရှိပါသည်။ စီးပွားရေးလုပ်ငန်းများ၊ ကျောင်းများနှင့် အဖွဲ့အစည်း အသီးသီးရှိ ဝန်ထမ်းများအနေဖြင့် မိမိတို့၏ နေအိမ်မှ အလုပ်လုပ်ကိုင်နိုင်ရန် လိုအပ်ခြင်းကြောင့် MPT ၏ ကွန်ရက်များကို လက်ရှိနှင့် နောင်ဖြစ်ပေါ်လာနိုင်သည့် လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန် ဆောင်ရွက်ထားပါသည်။ ထို့ကြောင့် MPT အနေဖြင့် သုံးစွဲသူများ၏ဆက်သွယ်မှုများကို အပြည့်အဝ ဆောင်ရွက်ပေးရန် မျှော်လင့်ထားပါသည်။

MPT အနေဖြင့် မိမိ၏ ဌာနအားလုံး လုံခြုံစိတ်ချရသော လုပ်ငန်းလည်ပတ်မှုများကို စဉ်ဆက်မပြတ် ဆက်လက် လုပ်ဆောင်နိုင်ရန်နှင့် Call Center များတွင် သုံးစွဲသူများအတွက် ဝန်ဆောင်မှုများ တိုးတက် ကောင်းမွန်လာစေရန် ဌာနတွင်း မူဝါဒများနှင့် လုပ်ထုံးလုပ်နည်းများကို အဆင့်မြှင့်တင်ထားသည်။ အလားတူပင် MPT သုံးစွဲသူများအနေဖြင့် မိုဘိုင်းလ်ဖုန်းကို အသုံးပြုကာ မိမိတို့၏ ဝန်ဆောင်မှုများ၊ အကောင့်များကို MPT4U အက်ပလီကေးရှင်းကို အသုံးပြုပြီး အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ပါသည်။ အသေးစိတ် ထပ်မံသိရှိလိုပါက Hotline ဖုန်းနံပါတ် 106 သို့ခေါ်ဆို၍သော် လည်းကောင်း၊ MPT ၏ ဝက်ဘ်ဆိုက်ဖြစ်သော www.mpt.com.mm သို့မဟုတ် MPT ၏ တရားဝင်ဖေ့စ်ဘုတ်ခ်စာမျက်နှာ ဖြစ်သော www.facebook.com/mptofficialpage တွင် ဝင်ရောက်ကြည့်ရှု လေ့လာနိုင်ပါသည်။