×

မြန်မာအမျိုးသမီးတို့၏ စိတ်ခွန်အားအတွက် လိုအပ်ချက်များကို အကောင်းဆုံး ဖြည့်ဆည်းနိုင်မည့် သတင်းအချက်အလက်များ ပါဝင်သော “ခင့်ကမ္ဘာ” ပေါ်တယ် ဝန်ဆောင်မှုကို MPT က မိတ်ဆက်

11 Jul 2019

(ရန်ကုန် – ၂၀၁၉ခုနှစ် ၊ ဇူလိုင်လ ၂ ရက်) မြန်မာအမျိုးသမီးများ၏ စိတ်ခွန်အားတိုးတက်မှု အခန်းကဏ္ဍကို အလေးထားသော MPT သည် ယနေ့ခတ်၏ ဒီဂျစ်တယ်ရေစီးကြောင်း အပြောင်းအလဲများ နှင့်အညီ အမျိုးသမီးများအတွက် ဗဟုသုတနှင့် ရသမျိုးစုံကို ပံ့ပိုးနိုင်ရန်အဓိက စီစဉ်ထားသော “ ခင့်ကမ္ဘာ” ပေါ်တယ် ဝန်ဆောင်မှု အသစ်ကို ယနေ့ မိတ်ဆက်လိုက်ပြီဖြစ်သည်။ အဆိုပါဝန်ဆောင်မှုတွင် အမျိုးသမီးများ အတွက် အဓိကရည်ရွယ်ထားသော သတင်းအချက်အလက်များကို မြန်မာဘာသာဖြင့် ဖတ်ရှုနိုင်ပြီး အသက်အရွယ် အပိုင်းအခြား အားလုံးအပေါ် အထောက်အကူပြုနိုင်မည့် ဗဟုသုတနှင့် ရသမျိုးစုံကို http://khintkabar.com မှတစ်ဆင့် တစ်နေရာတည်းတွင် လေ့လာနိုင်မည်ဖြစ်သည်။
“ခင့်ကမ္ဘာ” ပေါ်တယ် ဝန်ဆောင်မှုသည် မြန်မာနိုင်ငံ၏ ပထမဆုံးနှင့် ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာ ဖြစ်သည့် MPT နှင့် မိုဘိုင်းလ် နှင့် ဝက်ဘ်ပေါ်တယ်များပေါ်မှ နည်းပညာနှင့် တယ်လီကွန်းဝန်ဆောင်မှုများ၊ ထပ်ဆောင်းဝန်ဆောင်မှုများ (VAS) ကို ဆောင်ရွက်ပေးနေသော CSS Technology ကုမ္ပဏီတို့ လက်တွဲ ဆောင်ရွက်ထားသည့် ဝန်ဆောင်မှုတစ်ခုဖြစ်ပါသည်။
“ခင့်ကမ္ဘာ” ပေါ်တယ်ဝန်ဆောင်မှုသည် MPT သုံးစွဲသူများအတွက် သီးသန့်စီစဉ်ထားခြင်းဖြစ်ကာ အမျိုးအစား စုံလင်လှသော ဗဟုသုတများနှင့် ရသမျိုးစုံကို နေ့စဉ် စာရင်းသွင်း ရယူအသုံးပြုနိုင်မည် ဖြစ်သည်။ MPT ၏ အလျင်မြန်ဆုံးနှင့် အကျယ်ပြန့်ဆုံး ကွန်ရက်မှ တစ်ဆင့် အဆိုပါ ပေါ်တယ်ဝန်ဆောင်မှုတွင် အမျိုးသမီးတို့၏ ပင်ကိုယ်အရည်အသွေး၊ ဗဟုသုတများ၊ ရသမျိုးစုံ၊ ပျော်ရွှင်မှု၊ အတွေးအခေါ် စသည်တို့အတွက် အကျိုးပြုပေးနိုင်မည့် သတင်းအချက်အလက်များကို ဖော်ပြပေးထားသည်။ MPT အသုံးပြုသူများသည် ၎င်းဝန်ဆောင်မှုတွင် ကဏ္ဍ (၈) ခု ဖြစ်သည့် ဆောင်းပါးများ၊ ပျော်စရာ၊ ပရိုမိုးရှင်းများ၊ အချက်အပြုတ်၊ DIY ၊ ဖက်ရှင်၊ အထွေထွေဗဟုသုတ နှင့် သီချင်းများ စသည်တို့ကို တစ်ရက်လျှင် ၉၉ ကျပ် နှုန်းဖြင့် သက်သက်သာသာ ရယူ အသုံးပြုနိုင်မည်ဖြစ်သည်။
ဆောင်းပါးများ – အဆိုပါကဏ္ဍတွင် ကျန်းမာရေး ၊အလှအပ၊ အချစ်ရေး နှင့်အခြားသော ပျိုမေတို့ကြိုက်နှစ်သက်သည့် ကိစ္စရပ်များစွာကို အထောက်အပံ့ပေးနိုင်မည့် ဗဟုသုတရဖွယ် အကြောင်းအရာများစွာကို ရွေးချယ်၍ ဖတ်ရှုနိုင်သည်။
ပျော်စရာ – အဆိုပါကဏ္ဍတွင် ရုပ်ပြဟာသများ၊ ဇာတာခွင်နှင့်တားရော့များမှတစ်ဆင့် ပျိုမေတို့အတွက် ကံကောင်းစေမည့် အရောင်၊ ဂဏန်း၊ နေ့ရက်နှင့် အချိန်၊ အချစ်ရေးနှင့် လူမှုဆက်ဆံရေးကဏ္ဍများတွင် သင့်တော်ရာ ရွေးချယ်မှုများပြုလုပ်နိုင်ရန် ကူညီပေးမည့် အစီအစဉ်များ ပါဝင်သည်။
ပရိုမိုးရှင်း – ပရိုမိုးရှင်းကဏ္ဍတွင် ရန်ကုန်မြို့တွင်းတွင် ပစ္စည်းမှန်မှန် ဈေးတန်တန်ဖြင့် ရရှိနိုင်မည့် လျော့ဈေး ပေးနေသော နေရာများနှင့် ပရိုမိုးရှင်းပွဲကျင်းပမည့် နေရာများကိုပါ ဖော်ပြထားသည်။
အချက်အပြုတ် – အချက်အပြုတ်ကဏ္ဍတွင် မိမိအိမ်၌ အလွယ်တကူ ချက်ပြုတ်နိုင်မည့် အရှေ့တိုင်း နှင့် အနောက်တိုင်း ဟင်းလျာများအပြင် မြန်မာ့ရိုးရာ ဟင်းလျာများကို အရသာရှိရှိချက်ပြုတ်ချင်သော အိမ်ထောင်ရှင်အမျိုးသမီးများအတွက် ဟင်းချက်နည်းများကိုပါ ဖော်ပြထားသည်။
DIY- ၎င်း ကဏ္ဍတွင် ပျိုမေများအနေဖြင့် မိမိတို့ အားလပ်ချိန်များတွင် မိမိတို့ကိုယ်တိုင် အလွယ်တကူ ပြုလုပ်နိုင်မည့် အိမ်တွင်းမှု အနုပညာမြောက် လက်ရာများ နှင့် နေ့စဉ်ဘဝတွင် လက်တွေ့ အသုံးတည့်နိုင်စေမည့် လုပ်ဆောင်ရန် နည်းလမ်းများ ပါဝင်သည်။
ဖက်ရှင် – ပျိုမေများ ယနေ့ခေတ် ဖက်ရှင်ရေစီးကြောင်းအလိုက် အဝတ်အစား၊ မိတ်ကပ်၊ ဆံပင်ပုံစံများနှင့် အသုံးအဆောင်ပစ္စည်းများကို မိမိတို့၏ လိုအပ်ချက်များအတွက် လိုက်လျောညီထွေစွာ ဝတ်ဆင်နိုင်ရန် အစဉ်မပြတ်ဖော်ပြပေးထားသည့်ကဏ္ဍ ဖြစ်သည်။
အထွေထွေဗဟုသုတ – အဆိုပါ ကဏ္ဍတွင် အောင်မြင်ကျော်ကြားသူများ၏ ဘဝဇာတ်ကြောင်းများ အပါအဝင် လတ်တလောနှင့် မကြာမီ ရုံတင်မည့် ရုပ်ရှင်များ၊ သုတစာပေ ရသစာပေများ အပေါ်တွင် အနှစ်သာရရှိရှိ သုံးသပ်ချက်များကို စိတ်ခွန်အားရဖွယ် ဖော်ပြထားသည်။
သီချင်း – ပျိုမေတို့၏ အားလပ်ချိန်တွင် ပြည်ပမှ အနုပညာရှင်များ၏ ဂီတအမျိုးအစားအစုံမှ အချစ်သီချင်းများနှင့် စိတ်ခွန်အားရဖွယ်သီချင်းများကို နားသောတဆင်နိုင်မည် ဖြစ်သည်။

“ခင့်ကမ္ဘာ” ပေါ်တယ်ဝန်ဆောင်မှု၏ ပင်မစာမျက်နှာနှင့် ဝန်ဆောင်မှု ကဏ္ဍများ
MPTသုံးစွဲသူများအနေဖြင့် “ခင့်ကမ္ဘာ” ပေါ်တယ် ဝန်ဆောင်မှုကို ရယူလိုပါက 8440 သို့ “ON” ဟု စာတို (SMS) ပေးပို့ခြင်း (သို့မဟုတ်) MPT Data/Wifi ကို အသုံးပြု၍ http://khintkabar.com (သို့မဟုတ်) https://lotaya.mpt.com.mm/event/232 မှတစ်ဆင့် ဝင်ရောက်ပြီး အသုံးပြုနိုင်ပါသည်။ စာရင်းသွင်းရယူပြီးနောက် လမ်းညွှန်ချက်အတိုင်း လုပ်ဆောင်သွားရမည် ဖြစ်သည်။

MPT-KGSM Joint operations ၏ Chief Commercial Officer ဖြစ်သူ Mr. Reizo Umeda က ပေါ်တယ် ဝန်ဆောင်မှုအသစ်နှင့်ပတ်သက်၍ “ ကျွန်တော်တို့အနေနဲ့ MPT မှာ အလုပ်လုပ်နေကြတဲ့ အမျိုးသမီးတွေ အပါအဝင် MPT သုံးစွဲသူ ၂၃ သန်းကျော်မှာ ပါဝင်နေတဲ့ အမျိုးသမီးတွေရဲ့ တန်ဖိုးကို အသိအမှတ်ပြုတဲ့ အထိမ်းအမှတ် ဝန်ဆောင်မှု တစ်ခုဖြစ်လို့ ဝမ်းသာဂုဏ်ယူမိပါတယ်။ ငယ်ရွယ်တဲ့ အမျိုးသမီးတွေအနေနဲ့ တက္ကသိုလ် ကောလိပ်ပညာရေးတွေ၊ နိုင်ငံတကာက လေ့ကျင့်သင်ကြားမှုတွေနဲ့အတူ အလုပ်ခွင်ကိုပိုမိုပြီး ဝင်ရောက်လုပ်ကိုင် လာတာနဲ့အညီ အလုပ်ခွင်နဲ့ မိသားစုဘဝကို ချိန်ညှိနိုင်ဖို့အတွက် ကြိုးပမ်းလာကြတဲ့ သူတို့ရဲ့ လိုအပ်ချက်တွေကို ဖြည့်စွမ်းနိုင်မယ့် ဝန်ဆောင်မှုတွေကို အလေးထားပြီး ပေးအပ်သွားနိုင်ဖို့ လိုအပ်တယ်လို့ ကျွန်တော်တို့ ယူဆမိပါတယ်။ ဒီကနေ့ မြန်မာအမျိုးသမီးတွေဟာ သမရိုးကျ အမေတစ်ယောက်၊ သမီး တစ်ယောက် ဒါမှမဟုတ် အိမ်ထောင်ရှင်မတစ်ယောက် အဖြစ်နဲ့ပဲ ဘဝကို ရိုးရိုးကြီး ဖြတ်သန်းနေကြတဲ့ခေတ် မဟုတ်တော့ပါဘူး။ တော်တော်များများဟာ စီးပွားရေးလုပ်ငန်းရှင်တွေ၊ လုပ်ငန်းခွင်မှာ အလုပ်ဝင်နေသူတွေ၊ ပညာဝေမျှနေသူတွေ၊ ဥပဒေပြုနေသူတွေနဲ့ ခေါင်းဆောင်တွေအဖြစ် သက်ဆိုင်ရာ အသိုင်းအဝိုင်းမှာ ပါဝင် လာကြပြီဖြစ်ပါတယ်။ “ခင့်ကမ္ဘာ” ပေါ်တယ် ဝန်ဆောင်မှုဟာ ကမ္ဘာကြီးကို ပျိုမေတွေနဲ့ချိတ်ဆက်ပေး၊ စိတ်ဓာတ်ခွန်အားမြှင့်တင်ပေးပြီး ပျိုမေတွေအနေနဲ့ ကဏ္ဍအစုံမှာ အာရုံစိုက်လာနိုင်ဖို့အပြင် ကိုယ်ရွေးချယ်ထားတဲ့ နယ်ပယ်မှာအောင်မြင်လာဖို့အတွက် လိုအပ်ချက်တွေကိုရော၊ သူတို့အတွက် ဖျော်ဖြေရေးတွေကိုပါ ထိထိရောက်ရောက် ပံ့ပိုးပေးမှာဖြစ်ပါတယ်” ဟုပြောကြားခဲ့သည်။
“ခင့်ကမ္ဘာ” ပေါ်တယ်ဝန်ဆောင်မှုနှင့် ပတ်သက်၍ အသေးစိတ်သိရှိလိုပါက ၁၀၆ သို့ဆက်သွယ်၍လည်းကောင်း Hotline နံပါတ် ၀၉၈၉၈၂၂၅၅၄၄ သို့ခေါ်ဆို၍လည်းကောင်း၊ MPT၏ တရားဝင် ဖေ့စ်ဘုတ်စာမျက်နှာ https://www.facebook.com/mptofficialpage/ သို့ဝင်ရောက်ကြည့်ရှု၍သော်လည်းကောင် MPT၏ တရားဝင် ဝက်ဘ်ဆိုက် www.mpt.com.mm သို့ ဝင်ရောက်ကြည့်ရှု၍ သော်လည်းကောင်း လေ့လာနိုင်ပါသ