×

မြန်မာ့ဆက်သွယ်ရေးမှ အကြီးမားဆုံး 3G ကွန်ရက်ကို ဖြန့်ကျက်ရင်း မြန်မာပြည်၏ အော်ပရေတာစျေးကွက်ကို ဦးဆောင်

12 Oct 2016

[:en]

လူဦးရေ ၉၀% ကျော်ကို ၂၀၁၆ ဖေဖော်ဝါရီလဆန်းပိုင်းတွင် လွှမ်းခြုံလျက်ရှိ

ရန်ကုန်၊ မြန်မာ၊ ၂၀၁၆ ခုနှစ် ဇန်နဝါရီလ၂၈ ရက် – မြန်မာနိုင်ငံ၏ ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာဖြစ်သော မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT)မှ တစ်နိုင်ငံလုံးအနှံ့ 3G ကွန်ရက်ကို ချဲ့ထွင်လိုက်ကြောင်း သတင်းထုတ်ပြန် ကြေငြာလိုက်သည်။ ထိုသို့ တိုးချဲ့မှုကြောင့် ၂၀၁၆ ခုနှစ် ဖော်ဖော်ဝါရီဆန်းပိုင်းတွင် မြန်မာနိုင်ငံ၏ နယ်မြေဧရိယာ ၉၀% ကျော်က 3G ကွန်ရက်ကို ရရှိသုံးစွဲနိုင်မည်ဖြစ်ပြီး မတ်လကုန်တွင် ၉၅%အထိ ကွန်ရက်လွှမ်းခြုံနိုင်ရန် ရည်ရွယ်ထားသည်။ အကြီးမားဆုံး 3G ကွန်ရက်ပေးနိုင်သော အော်ပရေတာဖြစ်ပြီး လက်ရှိသုံးစွဲသူ ၁၈ သန်းကျော်ရှိနေခြင်းကြောင့်လည်း MPT သည် မြန်မာနိုင်ငံ၏ ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာတစ်ခုဖြစ်ကြောင်း သက်သေပြလိုက်ခြင်းပင်ဖြစ်ပါသည်။

လက်ရှိတည်ဆောက်ထားရှိသော MPT မိုဘိုင်းလ်တာဝါတိုင်များတွင် 2.1 GHz လှိုင်းအပြင် 900 MHz လှိုင်းကိုပါ 3G စနစ် ထည့်သွင်း တပ်ဆင်လိုက်ခြင်းဖြင့် MPT ၏ 3G ကွန်ရက်ကို ပိုမိုကျယ်ပြန့်လာစေပါသည်။ ယခင်က 3G ဝန်ဆောင်မှုကို မြန်မာပြည်လူဦးရေ၏ ၆၀% ကိုသာပေးခဲ့နိုင်သော်လည်း ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလဆန်းပိုင်းမှစပြီး ၉၀%ကျော် အထိ တိုးမြှင့်ပြီး ဝန်ဆောင်မှု ပေးနိုင်တော့မည်ဖြစ်သကဲ့သို့ ၂၀၁၆ခုနှစ် မတ်လကုန်တွင် ၉၅% ရှိလာမည်ဖြစ်ပါသည်။ 2G ကွန်ရက်မှ 3G ကွန်ရက်သို့ တိုးမြှင့်ခြင်း အားဖြင့် မြန်မာပြည်သူပြည်သား သုံးစွဲသူများသည် ဖုန်းအဆက်အသွယ်များတွင် အသံကြည်လင်ကောင်းမွန်လာနိုင်ပြီး အင်တာနက် သုံးစွဲမှုတွင်လည်း 21Mbps အထိ အရည်အသွေးမြင့်စွာ သုံးစွဲလာနိုင်မည်ဖြစ်သည်။

MPT-KSGM Joint Operation ၏ Chief Commercial Officer ဖြစ်သူ Mr.Koichi Kawase က “MPT အတွက်က အသုံးပြုသူတွေကို အကောင်းဆုံးဝန်ဆောင်မှုတွေ တတ်နိုင်သမျှပေးဖို့က အရေးအကြီးဆုံး အချက်ဖြစ်ပါတယ်၊ ရှေ့သို့ လှမ်းချီ မြန်မာပြည်ဆိုတဲ့ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်နဲ့အညီ ကွန်ရက်တွေ ချဲ့ထွင်သွားဖို့ဆိုတာက ကျွန်တော်တို့ရဲ့ အမြဲတမ်း ဦးစားပေးထားတဲ့ အစီအစဉ်တစ်ခုဖြစ်ပြီး ယခုအခါ တိုင်းပြည်လူဦးရေ၏ ၉၀% ကျော်ကို 3G ကွန်ရက်တွေပေးနိုင်ခြင်းအားဖြင့် ပထမမှတ်တိုင်ကို စိုက်ထူလိုက်ပါပြီ၊ မတ်လမှာ လူဦးရေရဲ့ ၉၅% ကို ကွန်ရက်လွှမ်းခြုံနိုင်အောင် လုပ်ဆောင်တော့မှာ ဖြစ်လို့ MPT ဟာ မြန်မာပြည်မှာ အကြီးမားဆုံး 3G ကွန်ရက်ဖြစ်ပြီး လက်ရှိသုံးစွဲသူ ၁၈ သန်းကျော်နဲ့ ဦးဆောင် ဆက်သွယ်ရေး အော်ပရေတာနေရာမှာ ရှိနေတယ်ဆိုတာ သက်သေပြပြီးသားဖြစ်ခဲ့ပါပြီ” ဟု ပြောသည်။

ကွန်ရက်အသစ်ဖြန့်ကျက်ခြင်း အထိမ်းအမှတ်ဖြင့် MPT မှ pre-paid နှင့် postpaid သုံးစွဲသူအားလုံးအတွက် 3G9+ အထူးအစီအစဉ်ကို ပြုလုပ်မည်ဖြစ်သည်။ အစီအစဉ်ကို ဇန်နဝါရီလ ၂၉ ရက်နေ့မှ ဖေဖော်ဝါရီလ ၉ ရက်အတွင်း ပြုလုပ်မည်ဖြစ်ပြီး ကြိုတင်ငွေဖြည့်စနစ် (pre-paid) သုံးစွဲသူများက ကျပ် ၁၀၀၀၊ ၃၀၀၀၊ ၅၀၀၀ နှင့် ၁၀၀၀၀ ကျပ်ဖိုးနှင့်အထက် ငွေဖြည့်တိုင်း အပိုထပ်ဆောင်းငွေများ ရရှိမည်ဖြစ်သည်။ ထိုအပိုထပ်ဆောင်းငွေအတွက် သက်တမ်းကုန်ဆုံးရက်မှာ အထူးအစီအစဉ်အတွင်း ငွေဖြည့်ခဲ့သည့်ရက်မှ ၁၅ ရက်အတွင်း အသုံးပြုနိုင်မည်ဖြစ်သည်။

ငွေဖြည့်သည့်ပမာဏ အပိုရရှိသည့်နှုန်း အပိုထပ်ဆောင်းရရှိငွေပမာဏ
၁၀၀၀ ကျပ် ၂၀% ၂၀၀ ကျပ်
၃၀၀၀ ကျပ် ၃၀% 900 Ks.
၅၀၀၀ ကျပ် ၄၀% ၂၀၀၀ ကျပ်
၁၀,၀၀၀ ကျပ် ၁၀၀% ၁၀,၀၀၀ ကျပ်
၂၀,၀၀၀ ကျပ် ၁၀၀% ၂၀,၀၀၀ ကျပ်
၃၀,၀၀၀ ကျပ် ၁၀၀% ၃၀,၀၀၀ ကျပ်

ကြိုတင်ငွေဖြည့်ကတ်သုံးစွဲသူများမဟုတ်သည့် postpaid စနစ်သုံးစွဲသူများသည်လည်း ထိုအထူးအစီအစဉ် ကာလဖြစ်သည့် (ဇန်နဝါရီလ ၂၉ ရက်နေ့မှ ဖေဖော်ဝါရီလ ၉ ရက်အတွင်း) ကျပ် ၁၀၀၀ ဖိုးအထက်သုံးစွဲပါက အပိုထပ်ဆောင်းငွေကို ရရှိ ခံစားနိုင်မည်ဖြစ်သည်။ ရရှိမည့်အပိုဆောင်းငွေပမာဏသည် အထူးအစီအစဉ်ကာလအတွင်း သုံးစွဲသည့် ငွေပမာဏပေါ်မူတည်၍ တွက်ချက်ပေးသွားမည်ဖြစ်သည်။ အပိုဆောင်းငွေများကို ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ဖြည့်သွင်း ပေးမည်ဖြစ်ပြီး ဖေဖော်ဝါရီလ ၂၅ ရက်နေ့အထိ သုံးစွဲနိုင်မည်။ ရရှိမည့် အပိုဆောင်းပမာဏကို ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် SMS ပေးပို့ကာ အကြောင်းကြားပေးမည်ဖြစ်ပြီး ဖေဖော်ဝါရီလအတွက် ဖုန်းဘီလ်ပေးဆောင်ရာတွင် ကျသင့်သည့်ဘီလ်ထဲမှ ထိုပမာဏအား နုတ်ယူပေးမည်ဖြစ်သည်။


POSTPAID အသုံးပြုသူ_ဇန်နဝါရီလ ၂၉ရက်မှ ဖေဖော်ဝါရီလ ၉ ရက်အတွင်းအသုံးပြုသော ပမာဏ ( လစဉ်ကြေးမပါဝင်ပါ ) ဖေဖော်ဝါရီလ ၁၀ ရက်တွင်ဖြည့်သွင်းပေးမည့်
၁၅ရက်ကြာ သက်တမ်းရှိ အပိုဆောင်းလက်ဆောင်ငွေ (ဖေဖော်ဝါရီ လစဉ်ကြေးတွင်ပေးဆောင်ပေးမည်။ )
၁၀၀၀ ကျပ် နှင့်အောက်
၁၀၀၀ ကျပ် မှ ၂၉၉၉ ကျပ် ၅၀၀ ကျပ်
၃၀၀၀ ကျပ် မှ ၄၉၉၉ ကျပ် ၁၅၀၀ ကျပ်
၅၀၀၀ ကျပ် မှ ၉၉၉၉ ကျပ် ၅၀၀၀ ကျပ်
၁၀,၀၀၀ ကျပ် နှင့်အထက် ၁၀,၀၀၀ ကျပ်

သုံးစွဲသူများသည် ၎င်းတို့၏ လက်ကျန်ငွေပမာဏကို 1331 သို့ BAL သို့ စာတိုပေးပို့ကာ စစ်ဆေးနိုင်သည်။ MPT CDMA အသုံးပြုသူများအနေဖြင့် လက်ကျန်ငွေပမာဏကို *162 သို့ခေါ်ဆိုပြီး စစ်ဆေးနိုင်ပါသည်။ ပိုမိုကောင်းမွန် သော 3G ဝန်ဆောင်မှုများကို ခံစားနိုင်ရန်အတွက် SIM ကတ်ကို 3G ရနိုင်သည့် Slot1 တွင် ထည့်သွင်းအသုံးပြုရမည်ဖြစ်သည်။[:]