
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း သည် တပေါင်းလပြည့်နေ့ အထူးအစီအစဉ် အဖြစ် ၂၀၁၅ခုနှစ်၊မတ်လ (၄)ရက်နေ့မှ (၃၁)ရက်နေ့ အထိ မြန်နှုန်းမြင့် မိုဘိုင်း အင်တာနက် သုံးစွဲခများကို ၅၀% အထိ လျှော့ချ ပေးမည်ဖြစ်ပါသည်။
03 Mar 2015မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းသည် တပေါင်းလပြည့်နေ့ပွဲတော် အထူးအစီအစဉ်အဖြစ် အင်တာနက်သုံးစွွဲခနှုန်းထားများကို ပရိုမိုးရှင်းကာလအတွင်း စျေးနှုန်း လျှော့ချပေးသွားမည် ဖြစ်ရာ ဆွေသဟာ သုံးစွဲသူများ အနေဖြင့် မြန်နှုန်းမြင့် အင်တာနက်အား ၅၀% လျှော့စျေးဖြင့် သုံးစွဲနိုင် မည်ဖြစ်ပါသည်။ အဆိုပါ ပရိုမိုရှင်းအစီအစဉ်အရ မိမိအသုံးပြုသလောက် ပေးချေနိုင်သည့် စနစ်တွင် ယခင်1MB လျှင် ၁၅ကျပ်နှုန်းအစား 1MB လျှင် ရကျပ် ၅၀ ပြားနှုန်းဖြင့် ၂၀၁၅ခုနှစ်၊မတ်လ (၄)ရက်နေ့မှ (၃၁)ရက်နေ့အထိ သုံးစွဲနိုင်တော့မည်ဖြစ်ပါသည်။ အဆိုပါ အထူးစျေးနှုန်း အစီအစဉ်အား ခံစားနိုင်ရန်အတွက် ဆွေသဟာဝန်ဆောင်မှုအား ရယူထား ရန်လိုအပ်ပါသည်။(GSM နှင့် WCDMA သုံးစွဲသူများ အတွက်ဖြစ်ပါသည်)။ ဆွေသဟာဝန်ဆောင်မှု ကို ရယူပြီးသူများ အနေဖြင့် အဆိုပါ အထူးစျေးနှုန်းကို အလိုအလျောက်ရရှိမည်ဖြစ်ပါသည်။ ဆွေသဟာကို မရရှိသေးသူများအနေနှင့် Prepaid သုံးစွဲ သူဖြစ်ပါက SWE ဟုရိုက်နှိပ်ကာ 1332 သို့ SMS ပေးပို့ရန်လိုအပ်ပြီး၊Postpaid သုံးစွဲ သူဖြစ်ပါက POSTSWE ဟုရိုက်နှိပ်ကာ 1332 သို့ SMS ပေးပို့ရန်လိုအပ်ပါသည်။ဆွေသဟာ ဝန်ဆောင်မှုရယူခြင်း မှာ အခမဲ့ဖြစ်သည့်ပြင် အင်တာနက် ဝန်ဆောင်မှု လျှောက်ထားခလည်း ပေးရန် မလိုပါ။ ဆွေသဟာကို မည်သည့် အချိန်တွင် မဆို လျှောက်ထားရယူနိုင်ပါသည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် ပရိုမိုရှင်းကာလအတွင်း အင်တာနက် သုံးစွဲခ လျှော့ချခြင်း အပြင် အင်တာနက် Packages များကိုလည်း 400MB Package ကို ၅၀၀၀ ကျပ်အစား ၂၈ဝဝကျပ်၊ 1GB package ကို ၁၀၀၀၀ ကျပ်အစား ၆၅ဝဝကျပ် ဖြင့် စျေးလျှော့ပေးမည်ဖြစ် ပါသည်။ မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းသည် အင်တာနက် အသုံးများသည့် သုံးစွဲသူများအတွက် အထူးစျေးနှုန်း အဖြစ်1MB လျှင် ၅ကျပ်နှုန်းမျှသာကျသင့်သော 5G Internet Package အသစ်ကိုလည်းစတင် မိတ်ဆက် ပေးမည်ဖြစ်ရာ စျေးနှုန်းချိုသာစွာဖြင့် အသုံးပြုနိုင်မည်ဖြစ်ပါသည်။ Internet Package အသစ်ဖြစ်သော 5GB Internet Package ကို ၂၅ဝဝဝကျပ်ဖြင့်ဝယ်ယူနိုင် မည်ဖြစ်ပါသည်။အဆိုပါ Package မှာ ရုပ်ပုံ၊သီချင်းနှင့် ရုပ်ရှင် တို့ကို အမြောက် အများ download ဆွဲယူသူများ နှင့် မိမိဖုန်းကို wifi hotspot အဖြစ် အသုံးပြုသူများ အတွက် အထူးသင့်လျော်သော အစီအစဉ်ဖြစ်ပါသည်။ အထူးလျှော့စျေး များကိုခံစားနိုင်ရန်အတွက် Internet Package များ ကို မတ်လ(၄)ရက်နေ့ မှ (၃၁) ရက်နေ့အတွင်း ဝယ်ယူရန် လိုပါသည်။ Packages များကို ဝယ်ယူရန် ဆွေသဟာကိုရယူ ထားရမည်ဖြစ်ပါသည်။
အင်တာနက် Packages များ၏ အသေးစိတ်အချက်အလက်များ
အသုံးပြုနိုင်သည့် ပမာဏ | Package စျေးနှုန်း | ကျသင့်မည့် နှုန်းထား | သက်တမ်း | Prepaid သုံးစွဲသူ များ အတွက် | Postpaid သုံးစွဲသူ များ အတွက် |
400MB | 1MBလျှင် ရကျပ် | ရက်(၃၀) | 400MB ဟုရိုက်ပြီး 1332 သို့ SMS ပို့ပါ။ (မတ်လ၃၁ရက်နေ့ နောက်ဆုံးထား၍) | POST400MB ဟုရိုက်ပြီး 1332 သို့ SMS ပို့ပါ။(မတ်လ၃၁ရက်နေ့ နောက်ဆုံးထား၍) | |
1GB | 1MBလျှင် ၆ကျပ််၅ဝပြား | ရက်(၃၀) | 1GB ဟုရိုက်ပြီး 1332 သို့ SMS ပို့ပါ။ (မတ်လ၃၁ရက်နေ့ နောက်ဆုံးထား၍) | POST1GB ဟုရိုက်ပြီး 1332 သို့ SMS ပို့ပါ။(မတ်လ၃၁ရက်နေ့ နောက်ဆုံးထား၍) | |
5GB | ၂၅ဝဝဝကျပ် | 1MBလျှင် ၅ကျပ် | ရက်(၃၀) | 5GB ဟုရိုက်ပြီး 1332 သို့ SMS ပို့ပါ။ (မတ်လ၃၁ရက်နေ့ နောက်ဆုံးထား၍) | POST5GB ဟုရိုက်ပြီး 1332 သို့ SMS ပို့ပါ။(မတ်လ၃၁ရက်နေ့ နောက်ဆုံးထား၍) |
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် တစ်မိနစ် လျှင် ၂၅ ကျပ်နှုန်းဖြင့် နှစ်သက်ရာ MPT မိုဘိုင်းနံပါတ် (၃)ခု ကို ရက်(၃၀) အတွင်း ဖုန်းခေါ်ဆိုနိုင်မည့် အစီအစဉ်ကိုလည်း ဆက်လက် ဆောင်ရွက်ပေးသွားမည်ဖြစ်ရာ ဆွေသဟာ သုံးစွဲသူ များ သည် မိမိ နှစ်သက်ရာ နံပါတ်များကို မှတ်ပုံတင်ရန် ADD 09xxxxxxx ဟုရိုက်ပြီး 1332သို့ ပေးပို့ နိုင်ပါသည်။
မြန်မာ့ဆက်သွယ်ရေုးလုပ်ငန်းသည် မြန်ဆန်သော အင်တာနက်အသုံးပြုမှု ကို လူတိုင်းအတွက် လက်လှမ်းမီ နိုင်စေရန် နှင့် သုံးစွဲသူပြည်သူ များ၏ စျေးနှုန်း သက်သက်သာသာသုံးစွဲလိုသည့် လိုလား ချက်များ ကို ဖြည့်ဆည်း ပေးရန် ရည်ရွယ်၍ ယခုကဲ့သို့ ပရိုမိုးရှင်း အထူးစျေးနှုန်းများ ကို သတ်မှတ် ပေးခြင်း ဖြစ်ပါသည်။
အသေးစိတ်သိရှိလိုပါက www.mpt.com.mm သို့မဟုတ်www.facebook.com/mptofficialpage ကို ဝင်ရောက်ကြည့်ရှု နိုင်သလို ဖုန်းနံပါတ် (၁၀၆) သို့ နေ့စဉ် ၂၄နာရီ ခေါ်ဆို နိုင်ပါသည်။