×

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ အရောင်းမြှင့်တင်ရေး အစီအစဉ်ကာလကို ထပ်မံတိုးမြှင့်

24 Mar 2015

ဆွေသဟာအစီအစဉ် နှင့် အင်တာနက် Package အရောင်းမြှင့်တင်ရေးအစီအစဉ်များ၏ အောင်မြင်မှုများကို တွေ့ ကြုံရပြီးနောက် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် အရောင်းမြှင့်တင်ရေး အစီအစဉ်ကာလကို မတ်လနောက်ပိုင်းထိ ရက်တိုးမြှင့်ရန် ဆုံးဖြတ်လိုက်ပါသည်။ဆွေသဟာ အင်တာနက်အရောင်းမြှင့်တင်ရေးအစီအစဉ်ကို သုံးစွဲသူ အများအပြားက ကျေးဇူးတင်ရှိခဲ့ကြပြီး အရောင်းမြှင့်တင်ရေးကာလ ကျော်လွန်သည့် မတ်လနောက်ပိုင်းတွင်ပါ သုံးစွဲခွင့်ရရန် တောင်းဆိုခဲ့ကြပါသည်။ သုံးစွဲသူပြည်သူများ၏ တောင်းဆိုမှုကို အလေးထားသောအားဖြင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် ပရိုမိုရှင်းကာလကို ထပ်မံတိုးမြှင့်ရန် ဆုံးဖြတ်ခဲ့ပါသည်။

သို့ဖြစ်ပါ၍ ဆွေသဟာ သုံးစွဲသူများသည် မြန်နှုန်းမြင့် အင်တာနက်ကို ၅၀% လျျော့စျေး ဖြစ်သော 1MB လျှင် ရကျပ်၊၅ဝပြားဖြင့် ဆက်လက် သုံးစွဲနိုင်မည် ဖြစ်ပါသည်။ထို့ပြင် အင်တာနက် Packages များကိုလည်း 400MB လျှင် ၂၈ဝဝကျပ်၊1GBလျှင် ၆၅၀၀ ကျပ်၊ 5GB လျှင်
၂၅ဝဝဝကျပ်ဖြင့် စျေးလျှော့ထားသည့် နှုန်းထား အတိုင်း ဆက်လက်၍ သုံးစွဲနိုင်ကြမည်ဖြစ်ပါသည်။ သုံးစွဲသူများအနေနှင့် လက်ရှိ အရောင်းမြှင့်တင်ရေး နှုန်းထားများကို တစုံတရာ ထပ်မံမကြေညာမီကာလအထိ ခံစားသုံးစွဲ နိုင်ပါသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် အင်တာနက်စျေးနှုန်း များကိုလျှော့ချပေးသည့်ပြင် အရောင်းမြှင့်တင်ရေး အစီအစဉ်များကို ဆက်လက် ပေးသွားပါမည်။ ဆွေသဟာ သုံးစွဲသူအားလုံးသည် မိမိနှစ်သက်ရာ MPT မိုဘိုင်းနံပါတ်(၃)ခုကို တစ်မိနစ်လျှင် ၂၅ကျပ်ဖြင့် ဆက်လက်ခေါ်ဆို နိုင်မည်ဖြစ်ပြီး အရောင်းမြှင့်တင်ရေးအစီအစဉ်ကာလအတွင်း ရက်အကန့်အသတ်မရှိ ခေါ်ဆိုနိုင်မည်ဖြစ်ပါသည်။ ဤနှုန်းထားကို ခံစားနိုင်ရန် အတွက် ADD နှင့် MPTမိုဘိုင်းနံပါတ် ကို space ခြား၍ ရိုက်ပြီး ၁၃၃၂ သို့ sms ပေးပို့နိုင် ပါသည်။ ယခင်က ကန့်သတ်ထားသော သက်တမ်း ရက်(၃၀)ဖြင့် အသုံးပြုနေသူများသည််လည်း နှစ်သက်ရာနံပါတ် အစီအစဉ်ကို ဧပြီလ ၁ ရက်နေ့မှစ၍ နောက်ထပ် ရယူသုံးစွဲနိုင်ပါသည်။ နှစ်သက်ရာ နံပါတ်များကို မတ်လ(၁)ရက်နေ့ နောက်ပိုင်း စာရင်းသွင်းထားသူများအနေနှင့် အရောင်းမြှင့်တင်ရေးအစီအစဉ် ရက်တိုးခြင်းကို နောက်ထပ် တစုံတရာ မကြေညာမီ ကာလ အထိ အလိုအလျောက် ရရှိ သုံးစွဲနိုင်မည်ဖြစ် ပါသည်။ မတ်လ (၁)ရက်နေ့အပါအဝင်နှင့် မတ်လ (၁)ရက်နေ့မတိုင်မီ စာရင်းသွင်းထားသော နံပါတ်များဖြစ်ပါက ဧပြီလ ၁ ရက်နေ့မှစ၍ ထပ်မံစာရင်းသွင်းခြင်းဖြင့် အရောင်းမြှင့်တင်ရေးအစီအစဉ် နှုန်းထားကို နောက်ထပ် မကြေညာမီကာလအထိ ခံစား နိုင်ပါသညိ။ ရက်(၃၀)လျှင် နံပါတ်တစ်ခု ပြောင်းလဲစာရင်းသွင်းနိုင်ပါသည်။

ယခု ကြေညာချက်သည် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေနှင့် စျေးကွက်ယှဉ်ပြိုင်မှုကို ပို၍လိုလားခြင်း၊ သုံးစွဲသူအပေါ်ပို၍ အလေးထားလာခြင်းတို့ကို ပြသလိုက်သော အမှတ်လက္ခဏာသစ် တစ်ခုဖြစ်ပါသည်။

ပရိုမိုးရှင်းကို ခံစားနိုင်ရန်အတွက် ဆွေသဟာကို ရယူထားရန် လိုပါသည်။ ဆွေသဟာကိုရယူပြီးသူများသည် လျှော့စျေးနှုန်းထားများအတိုင်း အလိုအလျောက် ဆက်လက်ရရှိနေမည် ဖြစ်ပါသည်။ ဆွေသဟာကို မရရှိသေးပါက SWE ဟု ရီုက်ပြီး ၁၃၃၂ သို့ sms ပေးပို့ နိုင် ပါသည်။ ဝန်ဆောင်မှု ရယူခြင်းမှာ အခမဲ့ဖြစ်ပါသည်။ ဆွေသဟာ အစီအစဉ်ပယ်ဖျက်ခြင်းကိုလည်း အချိန်မရွေး ပြုလုပ်နိုင်ပါသည်။