×

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ အင်တာနက်လိုင်းများ မန္တလေးနှင့်ပုဂံ၌ ယခင်ကထက် ပိုမိုမြန်ဆန်

31 Mar 2015

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ DC – HSPA + ကွန်ရက်ကို ရန်ကုန်နှင့် တချို့ဒေသများတွင် ပထမဦးဆုံးတပ်ဆင်ပြီးနောက် ယခုသီတင်းပတ်တွင် မန္တလေးနှင့်ပုဂံ၌လည်း ထပ်မံ တပ်ဆင် ပြီးစီးပြီး ဖြစ်ပါသည်။ ထို့ကြောင့် ဆွေသဟာသုံးစွဲသူများအနေဖြင့် ယခင်ကထက် ပိုမိုသာလွန်သော အင်တာနက်မြန်နှုန်း၏ ထူးခြားမှုများကို ခံစားနိုင်ကြပြီ ဖြစ်ပါသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ ဆက်သွယ်ရေးကွန်ရက်များကို DC – HSPA + အဆင့်သို့ ရောက်ရှိအောင် အဆင့်မြှင့်တင်ဆောင်ရွက်နေခဲ့ရာ ယခုကဲ့သို့ ကွန်ရက် အဆင့့်မြှင့်တင်မှုသည် မြန်မာနိုင်ငံသားတိုင်းအား အမြန်ဆုံးသော အင်တာနက်မြန်နှုန်း ပေးနိုင်ရန်အတွက် မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း၏ အဆက်မပြတ် ကြိုးပမ်းအားထုတ်မှုများ၏ အစိတ်အပိုင်း တစ်ခုပင် ဖြစ်ပါသည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ ဖောက်သည်အသစ်များသည် ယခုနည်းပညာအသစ်ကို အသုံးပြုခြင်းဖြင့် ယခင်ကထက် ပိုမိုကျယ်ပြန့်သော အင်တာနက် ဝန်ဆောင်မှု မျိုးစုံအား ပို၍ မြန်ဆန်သော အင်တာနက်နှုန်းဖြင့် ပိုမို ယုံကြည်စိတ်ချစွာ သုံးစွဲခွင့် ရရှိကြမည် ဖြစ်ပါသည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် မိမိ၏ ဆက်သွယ်ရေးကွန်ရက်အား ပို၍ မြန်ဆန်စေသော နည်းပညာများဖြင့် ဆက်လက်အဆင်မြှင့် နေမည်ဖြစ်ပြီး သုံးစွဲသူများအတွက်လည်း ပိုမိုတိုးတက် ကောင်းမွန်သော အတွေ့အကြုံများ ရရှိစေရန် စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်နေမည် ဖြစ်ပါသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် မြန်မာနိုင်ငံအတွင်း၌ အကြီးမား အကျယ်ပြန့်ဆုံးသော ဆက်သွယ်ရေးကွန်ရက်ကို လွှမ်းခြုံပိုင်ဆိုင်ထားသည့် မြန်မာနိုင်ငံသားတို့၏ ဆက်သွယ်ရေး အော်ပရေတာ ဖြစ်ပါသည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ စီးပွားရေးဆိုင်ရာ မိတ်ဖက် အဖွဲ့အစည်း (၂) ခုမှာ KDDI နှင့် Sumitomo ကော်ပိုရေးရှင်းတို့ ဖြစ်ပါသည်။ ထိုအဖွဲ့အစည်း(၂)ခု၏ အကူအညီကို ရယူကာ သုံးစွဲသူများအတွက် အကျယ်ပြန့်ဆုံးသော ဆက်သွယ်ရေးကွန်ရက် လွှမ်းခြုံနိုင်ရေးနှင့် အရည်အသွေးရှိသော အကောင်းဆုံးဝန်ဆောင်မှုတို့ ပေးနိုင်ရန်အတွက် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက မိမိ၏ ဆက်သွယ်ရေးကွန်ရက်ကို စဉ်ဆက်မပြတ် တိုးတက်ကောင်းမွန်အောင် ဆောင်ရွက် နေပါသည်။
၂၀၁၅ ခုနှစ် နှစ်လယ်ခန့်တွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ မိုဘိုင်းဆက်သွယ်ရေး ကွန်ရက်အားလုံးသည် ရာနှုန်းပြည့် 3G အဖြစ်သို့ ရောက်ရှိကာ သုံးစွဲသူအားလုံးအနေဖြင့် ယခင်ကထက် ပိုမိုကောင်းမွန် မြန်ဆန်သည့် အင်တာနက်ကို သုံးစွဲခွင့် ရကြမည် ဖြစ်ပါသည်။ ၂၀၁၆ ခုနှစ် အကုန်တွင် မြန်မာတစ်နိုင်လုံး၏ ၇၀% ရှိသော နယ်မြေ ဧရိယာကို မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း၏ ဆက်သွယ်ရေးကွန်ရက်ဖြင့် လွှမ်းခြုံနိုင်မည်ဖြစ်ရာ မြန်မာနိုင်ငံ၏ ကျန်ဒေသများသို့လည်း မကြာမီကာလအတွင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ ဆက်သွယ်ရေး ကွန်ရက်ဖြင့် လွှမ်းခြုံသွားမည် ဖြစ်ပါသည်။ ဤကဲ့သို့ နယ်မြေ ဧရိယာအများအပြားကို မြန်မာ့ ဆက်သွယ်ရေး ကွန်ရက်က ကျယ်ပြန့်စွာ လွှမ်းခြုံနိုင်ခြင်းကြောင့် မြန်မာနိုင်ငံသားအားလုံးသည် လက်လှမ်းမီမည့် သင့်တင့်လျောက်ပတ်သော စျေးနှုန်းဖြင့် အရည်အသွေးရှိသော မိုဘိုင်း ဆက်သွယ်ရေး ဝန်ဆောင်မှုများကို ရရှိ သုံးစွဲ ခံစားနိုင်ကြမည် ဖြစ်ပါသည်။