×

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ၏ C-band IPStarသုံးစွဲသူများ အတွက် ၂၀၁၅ခုနှစ် ဒီဇင်ဘာလ ၃ဝရက်နေ့အထိ အဆင်မြှင့်စက်ပစ္စ ည်းများဖြင့်အခမဲ ့လဲလှယ်ပေးမည်။

23 Nov 2015

ရန်ကုန်၊ မြန်မာ၊ ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၂၃ ရက် – မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ၏ C-band IPStarသုံးစွဲသူများအားအရည်အသွေးပိုမိုကောင်းမွန်စေရန်Thaciom5 ဂြိုဟ်တု မှ Thaicom7 ဂြိုဟ်တုသို့ ပြောင်းလဲအသုံးပြုရန်အတွက် လိုအပ်သည့် စက်ပစ္စည်းအစိတ်အပိုင်းများ အစားထိုးလဲလှယ်ခြင်း နှင့် Antenna ပြောင်းရွှေ့ချိန်ညှိခြင်း လုပ်ငန်းတို့ အား ThaicomCo., Ltd မှ (၁.၄.၂၀၁၅) မှ စတင်၍ အခမဲ့ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း (၃၀.၃.၂၀၁၅)ရက်နေ့ မြန်မာ့အလင်းသတင်းစာတွင် ထည့်သွင်းကြော်ငြာဆောင်ရွက်ပေးခဲ့ပြီးဖြစ်ပါသည် ။

အခမဲ့ဆောင်ရွက်ပေးခဲ့သည့် ကာလအတွင်းအချို့သုံးစွဲသူများမှာ မူလလိပ်စာတွင် မရှိသည့်သုံးစွဲသူများနှင့် ပြောင်းလဲအသုံးပြုမည့် အထက်ပါကြော်ငြာ အား မတွေ့ရှိ၍ ကျန်ရှိနေခဲ့သည့် IPStarသုံးစွဲသူများရှိခဲ့ပါက (၁၅.၉.၂၀၁၅)ရက်နေ့ အထိသာ Thaicom5 ဂြိုဟ်တုအား အသုံးပြုနိုင်မည့် ဖြစ်ကြောင်းနှင့် ပြောင်းရွှေ့ရန် ကျန်နေသူ များ အား(၀၁-၆၅၃၃၉၆ ၊ ၀၁-၆၅၃၃၉၇ ၊ ၀၁-၅၄၂၁၀၈ ၊ ၅၅၂၂၁၉ )သို့ ဆက်သွယ်အကြောင်းကြားဆောင်ရွက်နိုင်ရန် (၁၃.၉.၂၀၁၅)ရက်နေ့ မြန်မာ့အလင်းသတင်းစာတွင် ထည့် သွင်း ဆောင်ရွက်ခဲ့ပါသည်။

အဆိုပါ ကျန်ရှိနေသည့် C-band IPStar သုံးစွဲသူများ မှ (၃၀.၁၂.၂၀၁၅)ရက်နေ့ အတွင်း သတင်းပေးပို့လာပါက ဂြိုလ်တုပြောင်းလဲအသုံးပြုခြင်းအတွက် လိုအပ်သည့်စက်ပစ္စည်းအသစ်အခမဲ့လဲလှယ် ပေးခြင်းနှင့် စက်တပ်ဆင်စရိတ်တို့အား ThaicomCo.,Ltd မှ ကျခံပေးမည်ဖြစ်ပြီး ၊ Installer ၏ Transportation and accommodation ကုန်ကျငွေအားသုံးစွဲသူမှ ကျခံပေးရမည် ဖြစ်ပါသည်။ အကယ်၍ (၃၀.၁၂.၂၀၁၅)ရက်နေ့ နောက်ပိုင်းမှ သတင်းပို့ လာသည့် သုံးစွဲသူများမှာ ဂြိုလ်တုပြောင်းလဲအသုံးပြုခြင်းအတွက် ကုန်ကျစရိတ် အားလုံးကို သုံးစွဲသူမှ သာ ကျခံဆောင်ရွက်ရမည် ဖြစ်ပါကြောင်းအသိပေးကြော်ငြာအပ်ပါသည် ။