×

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ဆုပေါင်း ၇ သောင်းပါဝင်သည့် “ပျော်ရွှင်ကံထူးနှစ်သစ်ကုူး” အထူးကံစမ်းမဲအစီအစဉ်ကိုစတင်

24 Nov 2015

ရန်ကုန်၊ မြန်မာ၊ ၂၀၁၅ ခုနှစ် နိုဝင်ဘာလ၂၄ရက် – မြန်မာနိုင်ငံ၏ ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာဖြစ်သော မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) က သုံးစွဲသူမိဘပြည်သူများအား အထူးကံစမ်းမဲ ဆုမဲပေါင်း ၇ သောင်းပါဝင်သော “ပျော်ရွှင်ကံထူးနှစ်သစ်ကူး” အကြီးကျယ်အခမ်းနားဆုံး ကံထူးရှင်ရွေးချယ်ပွဲအစီအစဉ်ကြီးကို ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်နေ့မှ ၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၉ ရက်နေ့အထိကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၅ ရက်နေ့မှ စတင်၍ ၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၂ ရက်နေ့အထိ အပတ်စဉ် စနေနေ့တိုင်းတွင် ဆုမဲ ၁ သောင်းစီကို ရွေးချယ်ပေးသွားမည်ဖြစ်ပါသည်။ ဆုမဲပေါင်း ၂ သောင်း ပါဝင်သည့် နောက်ဆုံးကံထူးရှင်ရွေးချယ်ပွဲကြီးကို ၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၉ ရက်နေ့တွင် ပြုလုပ်မည်ဖြစ်သည်။ အဆိုပါ ကံထူးရှင်ရွေးချယ်ပွဲအစီအစဉ် တစ်လျှောက်လုံးအတွက် MPT မှ ချီးမြှင့်မည့် ဆုပေါင်း ၇၀၀၀၀ ထဲတွင် တိုယိုတာလန်ခရူဇာကား (၁)စီး၊ တိုယိုတာကိုရိုလာကား (၅)စီး (တစ်ပတ်လျှင် ၁ စီး) ၊ အိုင်ဖုန်း 6s အလုံး (၂၀)၊ iPad air 2 အလုံး (၂၀)၊ ၄ဝလက်မ Sony တီဗွီ (၂၅)လုံး၊ တစ်ကျပ်သားရွှေဆွဲကြိုးအကုံး (၂၀) နှင့် ၅ ထောင်ကျပ်တန် MPT ငွေဖြည့်ကတ်ပေါင်း ၆၉၉၀၉ခုကို ထည့်သွင်းကံစမ်းပေးသွားမည်ဖြစ်သည်။

 

ဤကံထူးရှင်ရွေးချယ်ပွဲကြီးတွင် လက်ရှိအသုံးပြုနေသော မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ GSM/WCDMA သို့မဟုတ် CDMA သုံးစွဲသူတိုင်း ပါဝင်ဆင်နွှဲနိုင်မည်ဖြစ်သည်။ ကံစမ်းမဲအစီအစဉ်တွင် ပါဝင်နိုင်ရန်အတွက် အနည်းဆုံး ကံစမ်းမဲလက်မှတ် ၁ စောင်ရရှိထားရမည် ဖြစ်ပြီး လက်မှတ်များကို အောက်ပါနည်းလမ်း ၃ မျိုးဖြင့် ရရှိနိုင်သည်။

    1. MPT ငွေဖြည့်ကတ်အသုံးပြုသူများမှ ၃ ထောင်ကျပ်ထက်ပိုသော ငွေဖြည့်ကတ် ဝယ်ယူဖြည့်သွင်းခြင်း သို့မဟုတ် e top-up စနစ်ဖြင့် ဖြည့်သွင်းခြင်း။ ငွေဖြည့်ကတ်များများဖြည့်သွင်းခြင်းဖြင့် လက်မှတ်များများရရှိပြီး ကံထူးရှင်ဖြစ်ရန် အခွင့်အလမ်းပိုမိုရရှိမည်ဖြစ်သည်။
ငွေဖြည့်ကတ်ပမာဏ  -ကျပ် ရရှိမည့် လက်မှတ်
 ၅၀၀
 ၁၀၀၀  ၀
၃၀၀၀ ၃၀ စောင်
၅၀၀၀ ၅၀ စောင်
 ၁၀၀၀၀  ၁၀၀ စောင်
 ၂၀၀၀၀  ၂၀၀ စောင်
 ၃၀၀၀၀  ၃၀၀ စောင်
  1. ၁ မိနစ်ထက်ကျော်သော MPT ဖုန်းအချင်းချင်းခေါ်ဆိုမှုအတွက် လက်မှတ် ၁ စောင် ရရှိမည်ဖြစ်သည်။ MPT ဖုန်းအချင်းချင်း ဖုန်းခေါ်ဆိုမှု များများပြုလုပ်ခြင်းဖြင့် လက်မှတ်များများရရှိကာ ကံထူးရှင်ဖြစ်ရန် အခွင့်အလမ်း ပိုမိုရရှိနိုင်ပါသည်။

    MPT မိုဘိုင်းအသုံးပြုသူမှ အခြားMPT မိုဘိုင်းသို့ခေါ်ဆိုချိန် ရရှိမည့် လက်မှတ်
    ၁ မိနစ်အောက်
    ၁ မိနစ်မှ ၁ မိနစ် ၅၉ စက္ကန့် ၁စောင်
    ၂ မိနစ်မှာ ၂ မိနစ် ၅၉ စက္ကန့် ၂စောင်
    ၃ မိနစ်မှ ၃ မိနစ် ၅၉ စက္ကန့် ၃စောင်
    ၄ မိနစ်မှ ၄ မိနစ် ၅၉ စက္ကန့် ၄စောင်
    ၅ မိနစ်မှ ၅ မိနစ် ၅၉ စက္ကန့် ၅စောင်
    ထပ်ဆောင်းမိနစ်များ ကံစမ်းခွင့်လက်မှတ် +၁ စောင်
  2. MPT ၏ ဆင်မ်းကတ်အသစ်များကို ဝယ်ယူ၍ စတင်အသုံးပြုခြင်းဖြင့်လည်း ကံစမ်းနိုင်ပါသည်။ MPT ဆင်းမ်ကတ်အသစ်ကို ဝယ်ယူအသုံးပြုပါက MPT ၏ ဝန်ဆောင်မှုကို အသုံးပြုခြင်းအတွက် ကြိုဆိုသည့်အနေဖြင့် လက်မှတ် အစောင် ၃၀ ရရှိမည်ဖြစ်သည်။

MPT မိုဘိုင်းဖုန်းအသုံးပြုသူတိုင်း အနည်းဆုံး လက်မှတ် ၁ စောင်ရရှိသူတိုင်း ဆုများကို ရရှိနိုင်မည် ဖြစ်ပြီး MPT မိုဘိုင်းဖုန်း အသုံးပြုသူများအနေဖြင့် လက်မှတ်တွေပိုပြီး များများရှိလေ ဆုရရှိသူစာရင်းတွင် ရွေးချယ်ခံရရန်အတွက် အခွင့်အလမ်း ပိုများလေဖြစ်မည် ဖြစ်သည်။

သုံးစွဲသူများအနေနှင့် ထိုအပတ်စဉ် ကံစမ်းအစီအစဉ်တွင် ကံမထူးခဲ့ပါကလည်း နောက်ဆုံးကံထူးရှင်ရွေးချယ်သည့် အစီအစဉ်တွင် ပါဝင်ကံစမ်းခွင့်ရရှိမည်ဖြစ်သည်။ ကံစမ်းမဲကာလတစ်လျှောက်လုံးတွင် ရရှိခဲ့သောလက်မှတ်များ အားလုံးကို ဇန်နဝါရီလ ၉ ရက်နေ့တွင်ပြုလုပ်မည့် ဆုပေါင်း ၂၀,ဝဝဝထဲတွင် တိုယိုတာ လန်ခရူဇာကားတစ်စီးအပါအဝင် အခြား အဓိကဆုမဲကြီး ၄၀ ပါဝင်သည့် နောက်ဆုံးကံထူးရှင်ရွေးချယ်သည့် အစီအစဉ်တွင် ပါဝင်ကံစမ်းနိုင်မည်ဖြစ်သည်။

ကံစမ်းမဲအစီအစဉ်စတင်သည့်အချိန်မှစတင်၍ အပတ်စဉ်တိုင်းတွင် ရက်သတ္တပတ်တစ်ခု၏ သောကြာနေ့မှ ဆုရွေးချယ်သည့် နောက်ရက်သတ္တပတ်၏ ကြာသပတေးနေ့အထိ သုံးစွဲသူတစ်ဦးချင်းစီတွင် ရရှိထားသော လက်မှတ်များပေါ် (ဥပမာ။ ဒီဇင်ဘာ ၁၂ရက်စနေနေ့တွင်ပြုလုပ်မည့် အပတ်စဉ် ကံစမ်းမဲအစီအစဉ်တွင် ကံထူးရှင် ၁ဝဝဝဝကို ရွေးချယ်ရာမှာ ဒီဇင်ဘာ ၄ရက် သောကြာနေ့မှ ဒီဇင်ဘာ ၁၀ ရက် ကြာသပတေးနေ့အတွက် အသုံးပြုထားသော ပမာဏ)အခြေခံ၍ အပတ်စဉ် စနေနေ့တိုင်းတွင် ကံထူးရှင်များကို ရွေးချယ်ကြေညာသွားမည်ဖြစ်ပြီး တစ်ပတ်လျှင် တစ်ကြိမ်သာ ကံထူးခွင့်ရှိသလို နောက်အပတ်များတွင်ကျင်းပမည့် အပတ်စဉ်ကံစမ်းမဲအစီအစဉ်တွင်လည်း ဆက်လက်၍ ကံစမ်းရန်ပါဝင်နိုင်သည်။

 

အပတ်စဉ် စနေနေ့တိုင်း နံနက် ၁၀ နာရီတွင် တစ်ပတ်စာကံစမ်းမဲများထဲမှ ဆုကြီးပေါက်သော ကံထူးရှင်များကို ရွေးချယ်ကာဆုရရှိသူများအား MPT မှ ဖုန်းဆက်ခြင်းနှင့် စာတိုပေးပို့ခြင်းများပြုလုပ်၍ ချက်ချင်းဆက်သွယ် အကြောင်းကြားပေးမည်ဖြစ်ပြီး ၄င်းတို့၏ ဖုန်းနံပါတ်များကို (နောက်ဆုံး ၃ လုံးကိုမဖော်ပြဘဲ) MPT Facebook စာမျက်နှာနှင့် LINE application ရှိ MPT တရားဝင်အကောင့်များမှ ကြေညာပေးသွားမည်ဖြစ်သကဲ့သို့ ဆက်သွယ်၍ရသော ကံထူးရှင်များ၏ အမည်နှင့်နေရပ်လိပ်စာများကိုပါ ထပ်မံကြေညာပေးသွားမည်ဖြစ်သည်။ အဆိုပါနေ့တွင် ဆက်သွယ်၍မရသော ကံထူးရှင်များအား နောက်ထပ် ၃ ရက် (အင်္ဂါနေ့ နေ့လည် ၁နာရီအထိ) ဆက်လက်ကြိုးစားဆက်သွယ်သွားမည်ဖြစ်ပြီး ဆက်သွယ်၍ မရပါက ထို ကံထူးရှင်သည် ဆုမဲကိုဆုံးရှုံးမည်ဖြစ်သည်။ သို့သော် ထိုကဲသို့ ဆက်သွယ်၍မရသော ဆုမဲများအား နောက်ဆုံးကံထူးရှင်ရွေးချယ်ပွဲကြီးတွင် ပြန်လည်ထည့်သွင်း ကံစမ်းပေးသွားမည်ဖြစ်သည်။

ဆုရရှိသူများ ကြေညာခြင်းကို စနေနေ့တိုင်း ည ရနာရီ ၁၅မိနစ် မှ ရနာရီ ၂ဝမိနစ်အတွင်းတွင် MRTV-4 မှ ပြသသည့် Let’s Talk အစီအစဉ်တွင်လည်း ပြန်လည် ကြေညာပေးသွားမည်ဖြစ်သည်။ ငွေဖြည့်ကတ်ရရှိသူ ကံထူးရှင်များကိုလည်း စနေနေ့မှစတင်ပြီး SMS ပေးပို့ကာအကြောင်းကြားပေးသွားမည်ဖြစ်သည်။

နောက်ဆုံးကံစမ်းမဲရက်ဖြစ်သည့် ဇန်နဝါရီလ ၉ရက်နေ့တွင် အဆိုပါ ကံစမ်းမဲကာလတစ်လျှောက်လုံးမှ လက်မှတ်များအားလုံးကို ထည့်သွင်းရေတွက်သွားမည်ဖြစ်ပြီး ဆုပေါင်း ၂၀,၀၀၀ ကို ကံထူးမည့် ကံထူးရှင်များ ကြေညာခြင်းကို ရုပ်မြင်သံကြားမှ တိုက်ရိုက်ထုတ်လွှင့်မည်ဖြစ်သည်။ အဆိုပါ အထူးကံစမ်းမဲအစီစဉ်နှင့် ပတ်သက်ပြီး အသေးစိတ်အချက်အလက်များနှင့် စည်းကမ်းချက်များကိုလည်း MPT မှ ထုတ်ပြန် ကြေညာ သွားမည် ဖြစ်သည်။

“ကျွန်တော်တို့ရဲ့ ဝန်ဆောင်မှုကိုအသုံးပြုနေတဲ့ အားပေးကြသူမိဘပြည်သူတွေကို ကျေးဇူးတုံ့ပြန်ချင်ပါတယ်။ ဒါကြောင့်လည်း အခုလိုထူးခြားတဲ့ကံထူးရှင်ရွေးချယ်ပွဲကြီးကို စီစဉ်ကျင်းပပြီး ဆုမဲတွေအများကြီးဖောက်ပေးမယ့် ပျော်စရာစိတ်ကူးကို အကောင်အထည်ဖော်ဖြစ်တာပါ။ ကျွန်တော်တို့အနေနဲ့ ကျွန်တော်တို့ရဲ့ ဝန်ဆောင်မှု အရည်အသွေးကို ကောင်းအောင်ကြိုးစားနေတာနဲ့အမျှ သုံးစွဲသူတွေ ပျော်ရွှင်ဖို့ကလည်း ကျွန်တော်တို့ရဲ့ အဓိကရည်မှန်းချက်ဖြစ်ပါတယ်။” ဟု MPT-KSGM Joint Operation ၏ Chief Commercial Officer ဖြစ်သူ Mr.Koichi Kawase က ပြောသည်။

MPT GSM/WCDMA အသုံးပြုသူများအနေဖြင့် ကံထူးရှင်ရွေးချယ်ပွဲအစီအစဉ်တစ်လျှောက် ၎င်းတို့ရရှိထားသော ကံစမ်းလက်မှတ်များကို စစ်ဆေးလိုပါက SMS နံပါတ် 3000 သို့ “lucky” ဟုစာတိုပေးပို့ကာ စစ်ဆေးနိုင်ပြီး CDMA အသုံးပြုသူများအနေဖြင့် SMS နံပါတ် 3001 သို့ “lucky” ဟုစာတိုပေးပို့ကာ စစ်ဆေးနိုင်မည်ဖြစ်သည်။

MPT မှ Win Thin & Associates အဖွဲ့ကို အဆိုပါ အထူးကံစမ်းမဲအစီအစဉ်တွင် ကြီးကြပ်စစ်ဆေးသူအဖြစ် ထားရှိသွားမည် ဖြစ်သည်။

သင်တို့အားလုံး ကံကောင်းပါစေလို့ MPT မှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

Click here for Detail MPT New Year Lucky Draw Presentation

စည်းကမ်းချက်များကိုုကြည့်ရန်