×

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) အနေဖြင့် ၂၀၁၆ ခုနှစ် အောက်တိုဘာလ ၂၅ ရက်နေ့က ထုတ်ပြန်ခဲ့သော မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ကျိုက်ထိုအိတ်ချိန်း၊ မန္တလေးတိုင်း မလှိုင်မြို့နယ် မလှိုင်အိတ်ချိန်း နှင့် ပဲခူးတိုင်း ညောင်လေးပင်မြို့နယ် ညောင်လေးပင် အိတ်ချိန်းများတွင် ခေတ်မီ အိတ်ချိန်းစက်များနှင့် ပြောင်းလဲတပ်ဆင်မည့်လုပ်ငန်း

11 Nov 2016

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) အနေဖြင့် ၂၀၁၆ ခုနှစ် အောက်တိုဘာလ ၂၅ ရက်နေ့က ထုတ်ပြန်ခဲ့သော မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ကျိုက်ထိုအိတ်ချိန်း၊ မန္တလေးတိုင်း မလှိုင်မြို့နယ် မလှိုင်အိတ်ချိန်း နှင့် ပဲခူးတိုင်း ညောင်လေးပင်မြို့နယ် ညောင်လေးပင် အိတ်ချိန်းများတွင် ခေတ်မီ အိတ်ချိန်းစက်များနှင့် ပြောင်းလဲတပ်ဆင်မည့်လုပ်ငန်းကို ပိုမိုကောင်းမွန်သည့် အရည်အသွေးနှင့် ခေတ်မီဝန်ဆောင်မှုများကို ပေးနိုင်ရန်အတွက် မူလစီစဉ်ထားသည့် အချိန်ကာလဖြစ်သော နိုဝင်ဘာလ (၃၀) ရက်နေ့တွင် ဆောင်ရွက်သွားမည်မဟုတ်ဘဲ ခေတ္တရွှေ့ ဆိုင်းထားမည် ဖြစ်ပါသည်။

ပိုမိုကောင်းမွန်သည့်အရည်အသွေးနှင့် ဝန်ဆောင်မှုကို ပေးစွမ်းရာတွင်နံပါတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှု လည်းပါဝင်သဖြင့် ကျစ်လျစ်ကောင်းမွန်သည့် စနစ်ကိုကျင့်သုံးသွားမည် ဖြစ်သောကြောင့် မူလစီစဉ် ထားသည့်အချိန်မဟုတ်ဘဲ ခေတ္တ ရွှေ့ဆိုင်းလိုက်ရခြင်း ဖြစ်ပါသည်။သို့ဖြစ်ပါ၍ အစားထိုးလဲလှယ်မည့် အစီအစဉ်အား ခေတ္တရပ်ဆိုင်းမည်ဖြစ်ပါကြောင်း နှင့် ပြောင်းလဲမည့် အချိန်ကို အများပြည်သူသို့ ထပ်မံ၍ အသိပေးကြေညာသွားမည်ဖြစ်ပါသည်။