×

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း မှ ရန်ကုန်ပြည်သူ့ဆေးရုံကြီးနှင့် သဘာဝ တရားရိပ်သာသို့ လှုဒါန်းမှုများ ပြုလုပ်ခဲ့ပါသည်။

05 Apr 2015

ဧပြီလ (၄) ရက်၊ စနေနေ့တွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူများသည် ရန်ကုန်ပြည်သူ့ဆေးရုံကြီးနှင့် သဘာဝတရား ရိပ်သာသို့သွားရောက်၍ လှုဒါန်းမှုများ ပြုလုပ်ခဲ့ပါသည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ရန်ကုန် မန္တလေး၊ နေပြည်တော်နှင့်် စစ်ကိုင်းမြို့တို့ရှိ နေရာ (၈) ခုသို့လှုူဒါန်းမည်ဖြစ်ရာ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ ဘိုးဘွားရိပ်သာ (၄) ခု၊ မိဘမဲ့ကလေးကျောင်း (၂) ကျောင်းနှင့် ဘုန်းကြီးကျောင်းတစ်ကျောင်းသို့ လှုဒါန်းမှုများ ဆက်လက် ပြုလုပ်သွားမည် ဖြစ်ပါသည်။

ထိုလှုဒါန်းမှုများ အား (၁၃၇၇)ခု မြန်မာနှစ်သစ်ကူးသင်္ကြန် ကာလ အထိမ်းအမှတ်ဖြင့် ကုသိုလ်ကောင်းမှုများပြုလုပ်ခြင်း အထူးသဖြင့် ထောက်ပ့ံလှူဒါန်းရန် လိုအပ်သောနေရာများသို့ လှူဒါန်းခြင်းဖြစ်ပါသည်။ မြန်မာ့နှစ်သစ်ကူးသင်္ကြန်ဆိုသည်မှာ ပျော်ပွဲရွှင်ပွဲကျင်းပရန် သာမဟုတ်ပဲ ကုသိုလ်ကောင်းမှုများလည်း ပြုလုပ်ရမည့် အချိန်လည််းဖြစ်တယ်။ အထူးသဖြင့် လိုအပ်နေသောသူတွေကို ကူညီတာ အကောင်းဆုံးပါပဲ။ အသက်အရွယ် ကြီးသူတွေကိုလည်း ရိုသေလေးစားမှုပြုရမည့် အချိန်လည်း ဖြစ်ပါတယ်လို့ မြန်မာ့ဆက်သွယ်ရေးနှင့် ဂျပန် KDDI Sumitomo ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့မှ စီးပွားရေးဌာနဒုတိယ အရာရှိချုပ် ဦးစောထူူူးသာ မှ ပြောကြားခဲ့ပါသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် သဘာဝတရားရိပ်သာ အားလှူဒါန်းရန် ရွေးချယ်ခဲ့့ခြင်းမှာ အကူအညီလိုအပ်နေသူများနှင့် သက်ကြီးရွယ်အိုများအား အထောက်အပံ့များ ပေးလိုသောကြောင့်ဖြစ်ပါသည်။ သဘာဝတရားရိပ်သာသည်သန်လျင်မြို့နယ်၌တည်ရှိပြီး ထိုရိပ်သာတွင် သက်ကြီးရွယ်အို စုစုပေါင်း ၅၀၀ ကျော် အပါအဝင်သို့ တရားထိုင်ရန် နှင့် စိ်တ်ငြိမ်းချမ်းမှု ရှာဖွေရန် ခိုလှုံလာသော ယောဂီများ၊ ခိုကိုးရာမဲ့များ၊ ဂီလာနလူနာများ စုစုပါင်း ၂၀၀၀ ကျော် ကို စောင့်ရှောက်ထားသော နေရာဖြစ်ပါသည်။ သဘာဝ တရားရိပ်သာအနေဖြင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ လှုဒါန်းငွေများအား ၎င်းတို့၏ အထူးကြပ်မတ်ကုသဆောင်အသစ် (ICU) ၌ ကုတင် ၈ လုံးဆန့် ခန်းမ ၂ ခုဆောက်လုပ်မည်ဖြစ်ပါသည်။ ယခုကဲ့သို့ အလွန်အသုံးဝင်သော ခန်းမ ၂ ခန်းဆောက်လုပ်ခွင့်ပေးသည့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ ကြီးကျယ်မွန်မြတ်လှသော အလှုအတန်းအတွက် ဆရာတော်တို့အနေနှင့် အလွန်ဝမ်းမြောက်မိပါကြောင်း ကျောင်းထိုင်ဆရာတော် ဦးဥတ္တမသာရ မှ မိန့်ကြားတော်မူခဲ့ပါသည်။ နောင်တွင် MPT အထူးကြပ်မတ်ကုသဆောင်ဌာန (MPT ICU) ဟုခေါ်တွင်မည့် အဆောက်အဦးသစ်ကြီးတွင် အထူးနာမကျန်းဖြစ်နေသူများ အဆင်ပြေပြေ နေထိုင်နိုင်တော့မည် ဖြစ်ပါသည်။ ကြည့်ရှုစောင့်ရှောက်သူများမှလည်း သက်ကြီးရွယ်အိုများကို ဝန်ဆောင်မှုအကောင်းဆုံးပေးနိုင်တော့မည်ဖြစ်သည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် မြန်မာပြည်သူများကို ကျန်းမာရေး ဝန်ဆောင်မှုကောင်းစွာ ပေးနိုင်ရန်ရည်ရွယ်ချက်ဖြင့် ရန်ကုန်ပြည်သူ့့ဆေးရုံကြီးသို့ လှူဒါန်းခြင်းဖြစ်ပါသည်။ ကျန်းမာရေးစောင့်ရှောက်မှုများ ပိုမို လိုအပ်လာသည်နှင့် အမျှ လူနာများအား ကုသရန်အထောက်အကူ ပစ္စည်းများ ပို၍လိုအပ်လာပါသည်။ မြန်မာနိုင်ငံ၌ အကြီးဆုံး ဆေးရုံကြီးဖြစ်သော ကုတင် ၁၅၀၀ ဆံ့ ရန်ကုန်ဆေးရုံကြီးအနေနှင့် ရရှိသော အလှူငွေများဖြင့် အရေးပေါ်ကုသဆောင်အတွက်လိုအပ်သော လူနာတင်လှည်းများကိုဝယ်ယူသွားမည်ဖြစ်ပါသည်။

“ရှေ့သို့လှမ်းချီ မြန်မာပြည်“ ဟူသည့် ဆောင်ပုဒ်နှင့်အညီ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် နိုင်ငံတော်တိုးတက်ဖွံဖြိုးရေး အတွက် ကူညီလုပ်ဆောင်သွားမည်ဟူသော ရည်ရွယ်ချက်အတိုင်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ယခု မြန်မာ့နှစ်သစ်ကူးသင်္ကြန် လှူဒါန်းမှုသည် ရေရှည်ဆောင်ရွက်မည့်လုပ်ငန်းစဉ်ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ နောက်ထပ် အစီအစဉ်သစ် များကိုလည်း မကြာမီ ကြေငြာသွားမည် ဖြစ်ပါသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ပြည်သူများ အားလုံး ကျန်းမာပျော်ရွှင်ပြီးစိတ်ချမ်းသာ၍ လိုအင်ဆန္ဒပြည့်ဝကြစေရန်ဆုမွန်ကောင်းတောင်းလိုက်ပါကြောင်း၊ မြန်မာနိုင်ငံတော်ကြီးကို နှစ်သစ်ကူးမှာ ပျော်ရွှင်စွာဖြင့် အတူတကွ ရှေ့သို့လှမ်းချီကြမည်ဟု ဆန္ဒ့ပြုပါကြောင်း MPT/KSGM ပူးပေါင်းဆောင်ရွက်ရေးအဖွဲ ့၊ စီးပွား​ရေးဌာန အမှု​ဆောင်​ အရာရှိချုပ် Mr Kawaseမှ သဘာဝတရားရိပ်သာသို့လှုူဒါန်းပွဲ အပြီးတွင် နိဂုံးချုပ်အမှာ စကားပြောကြားခဲ့့ပါသည်။