×

ယခုရက်သတ္တပတ်မှ စတင်ကာ The Voice Myanmar ပြိုင်ပွဲအတွက် မဲပေးစနစ်သစ် MPT က ထုတ်ပြန်

23 Apr 2018

(ရန်ကုန်၊ ၂၀၁၈ ခုနှစ် ဧပြီလ ၂၃ ရက်) – မြန်မာ့ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာ MPT က လက်ရှိတွင် ရေပန်းစားနေသည့် The Voice Myanmar သီချင်းဆိုပြိုင်ပွဲ၏ လာမည့်ပွဲစဉ်များအတွက် မဲပေးရမည့် စနစ်သစ် ကို ယနေ့သတင်း ထုတ်ပြန်ကြေညာလိုက်သည်။ MPT ကို အသုံးပြုနေသည့် The Voice Myanmar ပရိသတ်များ အနေဖြင့် လာမည့် တိုက်ရိုက်သီဆိုယှဉ်ပြိုင်မှု ပွဲစဉ်များကို အွန်လိုင်း Web Portal ဖြစ်တဲ့ thevoice.mptvote.com မှ တစ်ဆင့် လွယ်ကူစွာ မဲပေးနိုင်တော့မည်ဖြစ်သည်။ ဧပြီလ ၂၉ ရက် မှ ဇွန်လ ၃ ရက်နေ့အထိ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် ကျင်းပသွားမည့် The Voice Myanmar ၏ တိုက်ရိုက်သီဆို ယှဉ်ပြိုင်မှု ပွဲစဉ်တွင် ပြိုင်ပွဲဝင်၂၄ ဦး ပါဝင်ယှဉ်ပြိုင်သွားမည် ဖြစ်သည်။

MPT သည် ပရိသတ်များက မိမိနှစ်သက်သဘောကျသည့် အဆိုတော်ကို thevoice.mptvote.com Web Portal မှ မဲပေးနိုင်ရန်အတွက် မိမိသုံးစွဲသလောက်သာ ကျသင့်မည့် Pay As You Go (PAYG) (သို့မဟုတ်) လွယ်ကူစွာအသုံးပြုနိုင်မည့် Voting Pack များကို ရွေးချယ်နိုင်မည် ဖြစ်ပါသည်။ PAYG ကို ရွေးချယ်ထားသည့် သုံးစွဲသူများအနေဖြင့် တစ်မဲလျှင် ၁၆ ကျပ်နှုန်းဖြင့် Live ပြိုင်ပွဲတစ်ခုလျှင် အများဆုံး ၃ကြိမ်အထိသာ မဲပေး နိုင်မည်ဖြစ်ပါသည်။ MPT အနေဖြင့် ပြိုင်ပွဲတွင် မိမိကြိုက်နှစ်သက်သည့် အဆိုတော်ကို မဲပေးနိုင်ရန်အတွက် Voting Pack ကိုလည်း မိတ်ဆက်ပေးထားပါသည်။ ထို Voting Pack သည် သုံးစွဲသူများ ကြိုက်သလောက် မဲပေးနိုင်သည့် အခွင့်အရေးရရှိမည်ဖြစ်ပြီး မဲ (၂၀) အတွက် ၃၁၅ ကျပ် (ကုန်သွယ်ခွန်ပါပြီး) သာကျသင့်မည်ဖြစ်သည်။ သုံးစွဲသူများအနေဖြင့် Voting Pack များကို ပြိုင်ပွဲတစ်လျှောက်လုံး အသုံးပြုနိုင်မည်ဖြစ်ပါသည်။

Voting Pack အမျိုးအစားများ

  Pack အမျိုးအစားများ  ကျသင့်မည့်နှုန်းထား  မဲအရေအတွက်
 Pack 1  ၇၉ ကျပ်  (၅)မဲ
 Pack 2  ၁၅၈ ကျပ်  (၁၀)မဲ
 Pack 3  ၃၁၅ ကျပ်  မဲ(၂၀)
 PAYG  မဲတစ်မဲလျှင် ၁၆ ကျပ်နှုန်း  Live ပြိုင်ပွဲတစ်ခုလျှင် အများဆုံး (၃)မဲအထိ

MPT-KSGM Joint Operations ၏ Chief Commercial Officer ဖြစ်သူ Mr. Reizo Umeda က “The Voice Myanmar ကို အဓိက ကူညီပေးတဲ့သူအဖြစ် MPT အနေနဲ့ ပါဝင်ခွင့်ရလို့ အရမ်းပျော်ရွှင်မိပါတယ်။ ကျွန်တော်တို့ရဲ့ သုံးစွဲသူတွေအတွက် မဲပေးနိုင်မယ့် PAYG နဲ့ Voting Pack တွေကို ပံ့ပိုးပေးထားပြီး ပြိုင်ပွဲ Live လွှင့်နေချိန်မှာ ပရိသတ်တွေက အိမ်မှာပဲဖြစ်ဖြစ်၊ ဘယ်နေရာမှာပဲဖြစ်ဖြစ် အလွယ်တကူ မဲပေးနိုင်မှာပါ။ MPT အသုံးပြုသူတွေအနေနဲ့ MPT ဆင်းမ်ကတ်ရဲ့ မြန်နှုန်းမြင့် 3G နဲ့ 4G LTE+ကို အင်တာနက်အသုံးပြုခပေးဖို့ မလိုဘဲ မဲပေးနိုင်ပါပြီ။ မြန်မာ့ဦးဆောင်ဆက်သွယ်ရေးလုပ်ငန်းအနေနဲ့ မြန်မာနိုင်ငံရဲ့ရေပန်းအစားဆုံးသီချင်း ဆိုပြိုင်ပွဲကို အားပေးကြည့်ရှုရင်း ဧပြီလ ၂၉ ရက်ကနေ ဇွန်လ ၃ရက်နေ့ အထိ အပတ်စဉ် တနင်္ဂနွေတိုင်းမှာ ကိုယ်ကြိုက်တဲ့ အဆိုတော်ကို အားပေးနိုင်ပါပြီ ” ဟု ပြောကြားခဲ့သည်။

မဲစနစ်မှာ MPT မှ ကူညီထောက်ပ့ံဆောင်ရွက်ပေးထားသည့် အွန်လိုင်း Web Portal ဖြစ်သော thevoice.mptvote.com တွင်သာမဲပေးနိုင်မည်ဖြစ်ပြီး အဆိုပါ လင့်ခ်တွင် မဲပေးရမည့်စနစ်ကို ရှင်းပြထား သည့် ဗီဒီယိုလည်း ပါဝင်ပါသည်။ MPT ၏ မြန်နှုန်းမြင့် အင်တာနက်လိုင်းကို အသုံးပြု၍ ပရိသတ်များသည် Live လွှင့်နေစဉ်တွင် မိမိနှစ်သက်သည့် ပြိုင်ပွဲဝင်များကို ရွေးချယ်မဲပေးနိုင်မည် ဖြစ်သည်။ အွန်လိုင်း Web Portal ကို အသုံးပြုမှုအတွက် ဒေတာအသုံးပြုခပေးစရာမလိုသည့်အပြင် Voting Pack မှ တစ်ဆင့် မဲဝယ်ယူနိုင်မှုကိုလည်း ကန့်သတ်ထားခြင်းမရှိပေ။ PAYG အတွက်မှု Live ပြိုင်ပွဲတစ်ခုလျှင် အများဆုံး (၃)မဲအထိ သာပေးနိုင် မည်ဖြစ်ပါသည်။

The Voice Myanmar ၏ အကဲဖြတ် ဒိုင်တစ်ဦးဖြစ်သူ တေးသံရှင် နီနီခင်ဇော်က “The Voice ဆိုတဲ့ပြိုင်ပွဲဟာ ကမ္ဘာပေါ်ကထင်ရှားတဲ့ရုပ်သံ အစီအစဉ်တစ်ခုဖြစ်ပြီး တီဗွီမှာ ထုတ်လွှင့်တဲ့ အခြားပြိုင်ပွဲတွေ နဲ့ကွဲပြားခြား နားပါတယ် ဘာလို့လဲဆိုတော့ ပြိုင်ပွဲဝင်တွေအနေနဲ့ သူတို့ရဲ့ တကယ့်ကို စစ်မှန်တဲ့အသံတစ်ခုတည်း ကိုပဲ ကြည့်ပြီးရွေးချယ်ပေးလို့ပါပဲ။ နီနီအနေနဲ့ ဒီ The Voice Myanmar ပြိုင်ပွဲမှာအကဲဖြတ်သူ တစ်ယောက် သက်သက်မဟုတ်ဘဲ အနာဂတ်ရဲ့ တောက်ပလာမယ့်ကြယ်ပွင့်တွေကို သူတို့ရဲ့ အရည်အသွေးတွေနဲ့ ဖျော်ဖြေမှု တွေကို ပိုမိုကောင်းမွန်လာစေဖို့အတွက် လမ်းညွှန်ထိန်းကျောင်းပေးရတဲ့ အလုပ်ကိုလည်းဆောင်ရွက်ပေး ရတာပါ။ အခုလို ယှဉ်ပြိုင်မှုပြင်းထန်လာတဲ့ ပြိုင်ပွဲအဆင့်တွေမှာ နီနီတို့လို အကဲဖြတ်သူတွေအတွက်သာမက ပရိသတ််တွေအတွက်ပါ တကယ်ပဲစိတ်လှုပ်ရှားစရာတွေ တွေ့မြင်ရမှာဖြစ်ပါတယ်။ အခုလို MPT ရဲ့ မဲပေးတဲ့ စနစ်နဲ့အတူ ပရိသတ်တွေအနေနဲ့ မိမိတို့အိမ်ကကြည့်နေစဉ်အချိန်မှာပဲ အချိန်နဲ့ တစ်ပြေးညီမဲပေးနိုင်မှာဖြစ် ပါတယ်။ ဒါကြောင့် The Voice Myanmar ကို မလွတ်တမ်းစောင့်ကြည့်နိုင်ဖို့နဲ့ မိမိတို့နှစ်သက်တဲ့ ပြိုင်ပွဲဝင်တွေကိုမဲပေးကြဖို့အတွက် တိုက်တွန်းလိုပါတယ်” ဟုပြောကြားခဲ့သည်။

အသေးစိတ်သိရှိလိုပါက MPT ၏ Call Center နံပါတ် ၁၀၆ သို့ခေါ်ဆိုခြင်း သို့မဟုတ် MPT ၏ တရားဝင် ၀က်ဘ်ဆိုက်ဖြစ်သည့် www.mpt.com.mm သို့မဟုတ် တရားဝင် Facebook စာမျက်နှာ https://www.facebook.com/mptofficialpage သို့ဆက်သွယ်၍ မေးမြန်းနိုင်ပါသည်။