×

ယှဉ်ပြိုင်မှု ပြင်းထန်လာသည်နှင့်အညီ The Voice Myanmar သီချင်းဆိုပြိုင်ပွဲ၏ တတိယအပတ် ပြိုင်ပွဲမှစပြီး MPT သုံးစွဲသူများလွယ်ကူစွာမဲပေးနိုင်မည်

09 May 2018

(ရန်ကုန်၊ ၂၀၁၈ခုနှစ်၊ မေလ ၉ ရက်) – MPT သုံးစွဲသူများက The Voice Myanmar ပြိုင်ပွဲတွင် ယှဉ်ပြိုင်နေသော မိမိတို့နှစ်သက်အားပေးသည့် ပြိုင်ပွဲဝင်များကို မဲပေးနိုင်ရန် *9011# သို့ ခေါ်ဆို၍ ပိုမိုလွယ်ကူမြန်ဆန်စွာ မဲပေးနိုင်တော့မည့် အစီအစဉ်သစ်တစ်ရပ်ကို မြန်မာ့ပထမဆုံးနှင့်ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာ MPT က ယနေ့ သတင်းထုတ်ပြန် လိုက်သည်။ ပိုမိုလွယ်ကူအဆင်ပြေစေသည့် မဲပေးနည်းနှင့်အတူ သုံးစွဲသူများ အနေဖြင့် တနင်္ဂနွေနေ့ ည ၉နာရီ တိုင်းတွင် MRTV-4 ၌ ထုတ်လွှင့်နေသည့် အဆိုပြိုင်ပွဲ အစီအစဉ်ကို ပိုမိုကြည့်ရှု့ အားပေးနိုင်ကြမည်ဟုလည်း MPT က မျှော်လင့် ထားပါသည်။

သုံးစွဲသူများအနေဖြင့် MPT ဆင်းမ်ကတ်ကို အသုံးပြု၍ *9011# သို့ ခေါ်ဆိုကာ မဲပေးနိုင်သည့် ဝက်ဘ်ဆိုက်လင့်ကို မှတ်ထားရန်မလိုတော့ဘဲ SMS မှတစ်ဆင့် အလိုအလျောက် ဝင်ရောက်နိုင်မည်ဖြစ်ပြီး မြန်ဆန်စွာ မဲပေးနိုင်တော့မည် ဖြစ်သည်။ MPT သုံးစွဲသူများသည် ဒေတာ နှုန်းထား ကျသင့်မှုမရှိသည့် အွန်လိုင်း Portal thevoice.mptvote.com ကို ဝင်ရောက်၍ MRTV-4 မှ ယှဉ်ပြိုင်မှုကို Live လွှင့်နေစဉ်တွင် ကြည့်ရှုနိုင်မည့်အပြင် မဲပေးနိုင်မည်လည်းဖြစ်သည်။ ယခု အွန်လိုင်း Portal တွင် The Voice Myanmar အမာခံပရိသတ်များအနေဖြင့် မိမိကြိုက်နှစ်သက်သည့် အဆိုတော်ကို အားပေးရာ၌ သက်သာသည့် နှုန်းထားဖြင့် အကြိမ်ကြိမ်မဲပေးနိုင်သည့် Voting Pack ကိုလည်း ရွေးချယ်ဝယ်ယူနိုင်ကာ မဲပေးနိုင်ကြမည်ဖြစ်ပါသည်။

The Voice Myanmar သည် MPT နှင့် MRTV-4 တို့အတွက် လူကြိုက်များသည့်အစီအစဉ်တစ်ခုအဖြစ် ရပ်တည်လျက်ရှိသည်။ The Voice Myanmar တွင် အံသြဖွယ်ကောင်းပြီး ကမ္ဘာ့အဆင့်မီ ဖျော်ဖြေမှုများကို အရည်အချင်းအပြည့်ရှိသည့် ပြိုင်ပွဲဝင်များက သီဆိုယှဉ်ပြိုင်လျက်ရှိပြီး နိုင်ငံတစ်ဝှမ်းသာမက ကမ္ဘာတစ်ဝှမ်း တွင်လည်း ပရိသတ်များစွာ ရရှိနေသည့် ပြိုင်ပွဲတစ်ခုလည်း ဖြစ်ပါသည်။ ပရိသတ်များနှစ်သက်ကြသည့် အကဲဖြတ်ပေးသူ နည်းပြဟန်ထူးလွင်၏ အသုံးဝင်သော မှတ်ချက်များကြောင့် လူကြိုက်များနေပြီး ဇွန်လ အစပိုင်းတွင် ကျင်းပမည့် နောက်ဆုံးပွဲစဉ်အထိ ပြိုင်ပွဲဝင်များ၏ ယှဉ်ပြိုင်မှုမှာ တစ်စတစ်စ ပိုမိုမြင့်မားလာလျက်ရှိ သည်။
ယနေ့အထိ ဆက်လက်ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင်များမှာ

• Andrew
• Ce Ce
• Grace Monica
• Hnin Eaindary Shin
• IP Shen Paung
• Jawa Aung Moon
• Khine Myael Thit Sar
• Mark Jason
• Myet Myet Myo Htet
• Ngwe Soe
• Oishi
• Pyae Say Maung
• Sai N
• Thaw Di
• Wai Hnin Mg
• Ye Naing Htoo

တို့ဖြစ်ကြပါသည်။

MPT-KSGM Joint Operations ၏ Chief Commercial Officer ဖြစ်သူ Mr. Reizo Umeda က “ MPT အနေနဲ့ The Voice Myanmar ကို အဓိကစပွန်ဆာအဖြစ် ကူညီနိုင်ခဲ့လို့ အရမ်းဝမ်းမြောက်မိပါတယ်။ လူကြိုက်များတဲ့ TV Show ကို နှစ်သက်ကြတဲ့ ကျွန်တော်တို့ရဲ့ သန်းပေါင်းများစွာသော သုံးစွဲသူတွေကို ပိုပြီး အဆင်ပြေစေဖို့ လွယ်ကူရိုးရှင်းတဲ့ နည်းလမ်းတွေကို အမြဲတမ်း ရှာဖွေနေပါတယ်။ ဒီကနေ့မှာ USSD ကို သုံးပြီး ရိုးရှင်းလွယ်ကူတဲ့ မဲပေးစနစ်ကို မိတ်ဆက်ပေးခွင့်ရလို့ ဝမ်းသာမိပါတယ်။ MRTV-4 ကနေ Live လွှင်ချိန်မှာ ကိုယ်တိုင်ကြည့်ရှု့ပြီး အချက်အလက်ပြည့်စုံတဲ့ အွန်လိုင်း Portal မှာပဲ တစ်ချိန်တည်း မဲပေးနိုင်အောင် စီစဉ်ထားတာပါ။ အခုလို USSD စနစ်ကတစ်ဆင့် မဲပေးဖို့အတွက်လိပ်စာကို လွယ်လွယ်ကူကူပဲ ရောက်ရှိသွားမှာဖြစ်ပါတယ်။

နိုင်ငံရဲ့ဦးဆောင် ဆက်သွယ်ရေး အော်ပရေတာဖြစ်တဲ့ MPT အနေနဲ့ နောက်တစ်ပတ် The Voice Myanmar ပွဲစဉ်တွေကို ပရိသတ်တွေ နှစ်ခြိုက်ကြ လိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟု ပြောကြားခဲ့သည်။

The Voice Myanmar ၏ နောက်ဆုံးပွဲစဉ်ကို ဇွန်လ ၃ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်ပြီး ပုံမှန်ပွဲစဉ်များကို မေလ (၁၃၊ ၂၀၊ ၂၇) ရက်နေ့များတွင် ဆက်လက်ကျင်းပသွားမည်ဖြစ်သည်။ နောက်ဆုံးပွဲစဉ်မတိုင်မီ Live Show Round များတွင် ပရိသတ်များကပေးသည့် မဲအနည်းအများနှင့် ဒိုင်များ၏ ရွေးချယ်မှုတို့ ပေါင်းစည်း၍ နောက်တစ်ဆင့် ပွဲစဉ်များသို့ တက်လှမ်းနိုင်မည်ဖြစ်သည်။ ထို့ကြောင့် ပရိသတ်များ၏ မဲပေးမှုမှာ The Voice Myanmar ပြိုင်ပွဲအတွက်အရေးပါသည့် အခြေအနေတစ်ခုဖြစ်ကာ လက်ရှိအချိန်ထိ စုစုပေါင်း ကြည့်ရှုသူ ၁၁ သန်းကျော် ရှိသဖြင့် ၂၀၁၈ ခုနှစ်တွင် ထိပ်တန်း အဆိုပြိုင်ပွဲတစ်ခုအဖြစ် ဆက်လက် ရပ်တည်လျက်ရှိပါသည်။

The Voice Myanmar ၏ မဲပေးသည့်စနစ်နှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုပါက MPT ၏ တရားဝင် Facebook Page ဖြစ်သည့် http://www.facebook.com/mptofficialpage/videos/1399246546842754 တွင် သရုပ်ပြဗီဒီယိုကို ကြည့်ရှု၍ဖြစ်စေ သို့မဟုတ် Call Centre နံပါတ် ၁၀၆ သို့ ဖုန်းခေါ်ဆို၍ဖြစ်စေသိရှိ နိုင်သည့်အပြင် ယခုအသစ်ထုတ်ပြန်လိုက်သည့် နည်းလမ်းဖြစ်သော *9011# သို့ ခေါ်ဆိုပြီး SMS မှတစ်ဆင့်ပေးဖို့လာသည့် လင့်ခ်မှ တစ်ဆင့်လည်းတိုက်ရိုက် မဲပေးနိုင်မည်ဖြစ်သည်။