×

ရန်ကုန်တိုင်းဒေသကြီးတွင် ခေတ်မီအိတ်ချိန်းစက်များ လဲလှယ်ပြီးဖြစ်ပါသဖြင့် အော်တိုတယ်လီဖုန်းနံပါတ်များအား ပြောင်းလဲပါမည်

01 Nov 2019

(ရန်ကုန်၊ ၂၀၁၉ ခုနှစ်၊ နို၀င်ဘာလ ၁ ရက်) – မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) အနေဖြင့် ပိုမိုကောင်းမွန်သည့် အရည်အသွေး နှင့် ခေတ်မီဝန်ဆောင်မှုများကို ပေးနိုင်ရန်အတွက် လက်ရှိအသုံးပြု နေသော အော်တိုတယ်လီဖုန်းနံပါတ်များကို ဂဏန်း (၇) လုံးပါရှိသည့် အော်တိုတယ်လီဖုန်းနံပါတ်အသစ်များ ဖြင့် ပြောင်းလဲတပ်ဆင်ပေးသွားမည် ဖြစ်ပါသည်။ ရန်ကုန်တိုင်းဒေသကြီးရှိ ပုဇွန်တောင်အိတ်ချိန်း နှင့် ဟံသာ၀တီအိတ်ချိန်းများကို ခေတ်မီအိတ်ချိန်းစက်များနှင့် ပြောင်းလဲတပ်ဆင်ပြီးဖြစ်ပါသဖြင့် ၂၀၁၉ခုနှစ်၊ နို၀င်ဘာလ (၃၀) ရက်တွင်အော်တိုတယ်လီဖုန်းနံပါတ်များ အောက်ပါအတိုင်းပြောင်းလဲသွားမည် ဖြစ်ပါသည်။

နံပါတ်အဟောင်းမှ နံပါတ်အသစ်သို့ ပြောင်းလဲစဉ်ကာလအတွင်းတွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ မိမိတို့၏ ဝန်ဆောင်မှုကို အသုံးပြုနေသူများ ဆက်သွယ်မှုအဆင်ပြေစေရန် Call Forward ဝန်ဆောင်မှုကို ၂၀၂၀ ခုနှစ် ဖော်ဖော်ဝါရီလအကုန်အထိ အခမဲ့ပေးထားမည်ဖြစ်ပြီး သုံးစွဲသူများသည် နံပါတ်အသစ်သို့ ပြောင်းလဲနေစဉ်ကာလအတွင်းတွင် လက်ရှိနံပါတ် (သို့မဟုတ်) နံပါတ်အသစ်သို့ ခေါ်ဆိုနိုင်မည် ဖြစ်ပါသည်။

အိတ်ချိန်း နယ်မြေ လက်ရှိအသုံးပြုနေသော ဖုန်းနံပါတ် အသစ်ပြောင်းလဲမည့် ဖုန်းနံပါတ်
ပုဇွန်တောင်အိတ်ချိန်း ရန်ကုန်တိုင်းဒေသကြီး ၀၁ – ၂၉xxxx ၀၁ -၈၂၉xxxx
ဟံသာဝတီအိတ်ချိန်း ၀၁ – ၅၂၀xxx ၀၁ – ၇၅၂၀xxx