×

ရန်ကုန်တိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်(တောင်ပိုင်း) တို့တွင် ခေတ်မီအိတ်ချိန်းစက်များ လဲလှယ်ပြီးဖြစ်ပါသဖြင့် အော်တိုတယ်လီဖုန်းနံပါတ်များအား ပြောင်းလဲပါမည်

22 Oct 2019

(ရန်ကုန်၊ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက်) – မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) အနေဖြင့် ပိုမိုကောင်းမွန်သည့် အရည်အသွေး နှင့် ခေတ်မီဝန်ဆောင်မှုများကို ပေးနိုင်ရန်အတွက် လက်ရှိအသုံးပြု နေသော အော်တိုတယ်လီဖုန်းနံပါတ်များကို ဂဏန်း (၇) လုံးပါရှိသည့် အော်တိုတယ်လီဖုန်းနံပါတ်အသစ်များ ဖြင့် ပြောင်းလဲတပ်ဆင်ပေးသွားမည် ဖြစ်ပါသည်။ ရန်ကုန်တိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ် (တောင်ပိုင်း) တို့ရှိ အိတ်ချိန်း များကို ခေတ်မီအိတ်ချိန်းစက်များနှင့် ပြောင်းလဲတပ်ဆင်ပြီး ကေဘယ်ကွန်ရက်စနစ် (Cable Network) အားလည်း ယခုလက်ရှိ ကြေးနန်းကြိုး (Copper Cable) အသုံးပြုစနစ်မှ မြန်နှုန်းမြှင့် သတင်းအချက်အလက် ဝန်ဆောင်မှုပေးနိုင်သည့် ဖန်ကြိုးမျှင် (Fiber Cable) အသုံးပြုစနစ်သို့ ပြောင်းလဲတပ်ဆင်မည်ဖြစ်ပါသဖြင့် ၂၀၁၉ခုနှစ်၊ နိုဝင်ဘာလ ၂၅ ရက်တွင် အော်တိုတယ်လီဖုန်းနံပါတ်များ အောက်ပါအတိုင်း ပြောင်းလဲသွားမည် ဖြစ်ပါသည်။

တယ်လီဖုန်းနံပါတ်အဟောင်းမှ နံပါတ်အသစ်သို့ ပြောင်းလဲစဉ်ကာလအတွင်းတွင် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ မိမိတို့၏ ဝန်ဆောင်မှုကို အသုံးပြုနေသူများ ဆက်သွယ်မှုအဆင်ပြေစေရန် Call Forward ဝန်ဆောင်မှုကို ၂၀၂၀ ခုနှစ် မေလအကုန်အထိ အခမဲ့ပေးထားမည်ဖြစ်ပြီး၊ သုံးစွဲသူများသည် နံပါတ်အသစ်သို့ ပြောင်းလဲနေစဉ်ကာလအတွင်းတွင် လက်ရှိနံပါတ် (သို့မဟုတ်) နံပါတ်အသစ်သို့ ခေါ်ဆိုနိုင်မည် ဖြစ်ပါသည်။ ပြောင်းလဲသွားမည့် အော်တိုတယ်လီဖုန်းနံပါတ်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။