
ရန်ကုန်တွင်ခေတ်မီအိတ်ချိန်းစက်များလဲလှယ်မည်ဖြစ်သဖြင့် အော်တိုတယ်လီဖုန်းနံပါတ်များအားပြောင်းလဲမည်
02 Feb 2018
(ရန်ကုန်၊ ဖေဖော်ဝါရီလ ၂ ရက်၊ ၂၀၁၈) – မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) အနေဖြင့် ပိုမိုကောင်းမွန်သည့် အရည်အသွေး နှင့် ခေတ်မီဝန်ဆောင်မှုများကို ပေးနိုင်ရန်အတွက် လက်ရှိအသုံးပြုနေသော အော်တိုတယ်လီဖုန်းနံပါတ်များကို ဂဏန်း (၇) လုံးပါရှိသည့် အော်တိုတယ်လီ ဖုန်းနံပါတ်အသစ်များဖြင့် ပြောင်းလဲတပ်ဆင်ပေးသွားမည် ဖြစ်ပါသည်။ ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံအိတ်ချိန်းနယ်မြေရှိ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး နှင့် တိုင်းဒေသကြီးလွှတ်တော်ရုံးတို့တွင် အသုံးပြုလျက်ရှိသော တယ်လီဖုန်းများကို ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ (၂၈) ရက်နေ့တွင် ခေတ်မီအိတ်ချိန်းစက်များ နှင့် ပြောင်းလဲတပ်ဆင်မည် ဖြစ်ပါသဖြင့် အော်တိုတယ်လီဖုန်း နံပါတ်များလည်း အောက်ပါအတိုင်း ပြောင်းလဲသွားမည် ဖြစ်ပါသည်။
အိတ်ချိန်း | နယ်မြေ | လက်ရှိအသုံးပြုနေသော ဖုန်းနံပါတ် | အသစ်ပြောင်းလဲမည့် ဖုန်းနံပါတ် |
---|---|---|---|
အလုံအိတ်ချိန်း | ရန်ကုန်အနောက်ပိုင်းခရိုင် | ၀၁ – ၂၁၁xxx | ၀၁ – ၈၂၁၁xxx |
၀၁ – ၂၂၁xxx | ၀၁ – ၈၂၂၁xxx | ||
၀၁ – ၂၂၂xxx | ၀၁ – ၈၂၂၂xxx | ||
၀၁ – ၂၂၇xxx | ၀၁ – ၈၂၂၇xxx | ||
၀၁ – ၂၃၀၀xxx | ၀၁ – ၈၃၀၀xxx | ||
၀၁ – ၂၃၀၁xxx | ၀၁ – ၈၃၀၁xxx | ||
၀၁ – ၂၃၀၂xxx | ၀၁ – ၈၃၀၂xxx | ||
၀၁ – ၂၃၀၄xxx | ၀၁ – ၈၃၀၄xxx | ||
၀၁ – ၂၃၁၅xxx | ၀၁ – ၈၃၁၅xxx | ||
၀၁ – ၂၃၁၆xxx | ၀၁ – ၈၃၁၆xxx | ||
၀၁ – ၂၃၁၇xxx | ၀၁ – ၈၃၁၇xxx | ||
၀၁ – ၂၃၂၃xxx | ၀၁ – ၈၃၂၃xxx |
အဆိုပါ နံပါတ်အဟောင်းမှ နံပါတ်အသစ်သို့ ပြောင်းလဲစဉ်ကာလအတွင်းတွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း မှ မိမိတို့၏ ၀န်ဆောင်မှုကို အသုံးပြုနေသူများအနေဖြင့် ဆက်သွယ်မှု အဆင်ပြေစေရန် Call Forward ၀န်ဆောင်မှုကို ၂၀၁၈ ခုနှစ် သြဂုတ်လ အကုန်အထိ အခမဲ့ ပေးထားမည်ဖြစ်ပြီး သုံးစွဲသူများသည် နံပါတ်အသစ်သို့ပြောင်းလဲနေစဉ်ကာလအတွင်းတွင် လက်ရှိ နံပါတ် သို့မဟုတ် နံပါတ်အသစ်သို့ ခေါ်ဆိုနိုင်မည်ဖြစ်ပါသည်။