×

ရန်ကုန်နှင့် မန္တလေးမြို့များရှိ MPT မဏ္ဍပ်များတွင် MPT ဖေ့ဘွတ်မှ ကံထူးရှင်များ ပါဝင်ဆင်နွဲမည်

12 Oct 2016

[:en]ဧည့်သည် ၄၀၀ သည် နာမည်ကျော် ဂီတအနုပညာရှင်များ၏ ဖြေဖျော်မှုများကို နားဆင်ကာ ရေကစားပြီး ရန်ကုန်နှင့် မန္တလေးရှိ MPT မဏ္ဍပ်များတွင် မဟာသင်္ကြန်ကိုပါဝင်ဆင်နွဲမည်

(ရန်ကုန်၊ မြန်မာ၊ ၂၀၁၆ ဧပြီ ၁ရက်) မြန်မာနိုင်ငံ၏ ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာဖြစ်သော မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) သည် ၂၀၁၆ သင်္ကြန်ကာလအတွင်း MPT ၏ရေကစားမဏ္ဍပ်များတွင် မြန်မာနိုင်ငံ၏ နာမည်ကျော်ကြားသော အဆိုတော်များနှင့်အတူ ပျော်ရွှင်စရာအချိန်များကို အတူတကွခံစားနိုင်ရန် MPT ၏ တရားဝင်Facebook စာမျက်နှာမှ ကံထူးရှင် ၂၀၀ ကိုရွေးချယ်လိုက်ကြောင်း သတင်းထုတ်ပြန်လိုက်သည်။

ဧပြီလ ၁၃ရက်မှ ၁၆ရက်အထိ ကျင်းပမည့် မဟာသင်္ကြန်နေ့များတွင် MPT ၏ ဖေ့ဘွတ်စာမျက်နှာရှိ ပြိုင်ပွဲမှ အနိုင်ရရှိခဲ့သူများမှာ မန္တလေးမြို့ရှိ MPT မဏ္ဍပ်တွင် မြန်မာနိုင်ငံ၏ နာမည်ကျော် ရော့ခ်တေးဂီတအဖွဲ့ဖြစ်သည့် Iron Cross ရော့ခ်နှင့်အတူ သီချင်းများကို နားဆင်ပြီး ရေကစားနိုင်သည့် အခွင့်အရေးကို ရရှိမည်ဖြစ်သည်။ ရန်ကုန်မြို့ရှိ ကံထူးသူများမှာလည်း သင်္ကြန်အက၊ ခေတ်ပေါ် အကများနှင့်အတူ ပေါ့ခ်၊ ရော့ခ်နှင့် ရက်ဂေး စသည့် တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေကြမည့် အနုပညာရှင်များနှင့်အတူ မဟာသင်္ကြန်ကို ဆင်နွဲကြရမည်ဖြစ်သည်။

ရန်ကုန်နှင့် မန္တလေးမြို့များရှိ ရွေးချယ်ခံခဲ့ရသည့် ကံထူးရှင် အယောက် ၂ဝဝမှာ MPT အမှတ်တံဆိပ်ပါ ဓါတ်ပုံကို ပြိုင်ပွဲဝင်များ၏ Facebook ပရိုဖိုင်ဓါတ်ပုံအဖြစ် ပြောင်းလဲခြင်း၊ ပြန်လည်မျှဝေခြင်းနှင့် like လုပ်ခြင်းဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ထိုသူများထဲမှ ယေဘုယျပြန်လည်ရွေးချယ်၍ ရန်ကုန်နှင့် မန္တလေးမြို့များအတွက် ကံထူးရှင် ၁၀၀ စီရွေးချယ်ခဲ့ခြင်းဖြစ် သည်။ ထို ကံထူးရှင်များ၏စာရင်းကို မတ်လ ၃ဝနှင့် ၃၁ရက်များက ကြေညာခဲ့ပြီး ရွေးချယ်ခြင်းခံရသူများမှာ သူငယ်ချင်း တစ်ဦးပါ ခေါ်ဆောင်၍ သင်္ကြန်ကာလ ဧပြီ ၁၃ရက်မှ ၁၆ရက်အတွင်း မိမိလက်မှတ်ရရှိမည့် တစ်ရက်တွင် MPT မဏ္ဍပ်များ ၌ လာရောက်ပါဝင်ဆင်နွဲနိုင်မည်ဖြစ်သည်။

“မဟာသင်္ကြန်ဆိုတာ မြန်မာ့ပြက္ခဒိန်မှာ အကြီးကျယ် အခမ်းနားဆုံး ပွဲတော်အခါသမယတစ်ခုပါ။ MPT က မိမိတို့ရဲ့ သုံးစွဲသူတွေကို ဘယ်လောက်တန်ဖိုးထားလဲဆိုတာကို ပြသချင်တဲ့အတွက် အကောင်းဆုံးတေးဂီတအဖွဲကိုလည်း စီစဉ်ထားပြီး ကျွန်တော်တို့ရဲ့ မဏ္ဍပ်မှာ လာရောက်ပျော်ရွှင်တဲ့သူတွေကိုလည်း ဘယ်တော့မှမမေ့နိုင်တဲ့ နှစ်သစ်ကူးအချိန်အခါကာလကို ပိုင်ဆိုင်နိုင်အောင် စီစဉ်ထားပါတယ်” ဟု MPT-KSGM (KDDI Summit Global Myanmar Co. Ltd.) ၏ CCO ဖြစ်သူ မစ္စတာ Koichi Kawase ကပြောသည်။

နာမည်ကျော် Iron Cross အဖွဲ့မှ ပင်တိုင်အဆိုတော်များဖြစ်သည့် လေးဖြူ၊ အငဲ၊ မျိုးကြီး၊ ဝိုင်ဝိုင်း၊ အဆိုတော်သစ် လှိုင်လေးနှင့် Easta တို့မှ lead guitar တီးခတ်မည့် ချစ်စမ်းမောင်၊ bass တီးခတ်မည့် ခင်မောင်သန့်၊ ကီးဘုတ်ဗညားနိုင်နှင့် ဒရမ် ခရမ်းတို့နှင့် ပူးပေါင်း၍ မန္တလေးမြို့၊ ကျုံးမြောက်ဘက်၊ ရတနာပုံတိရိစ္ဆာန်ရုံ အရှေ့ဘက်ရှိ MPT မဏ္ဍပ်တွင် ဖျော်ဖြေတင်ဆက်မည်ဖြစ်သည်။ Iron Cross အဖွဲ့၏ သီချင်းများကို မြန်မာနိုင်ငံအနှံ့ လူငယ်၊ လူလတ်မရွေး နှစ်သက်ကြသည်။

ရန်ကုန်မြို့ကမာရွတ်မြို့နယ် ပြည်လမ်း၊ အမှတ် ၆၄၇/အေ ရှိ MPT မဏ္ဍပ်တွင်လည်း နိုင်ငံကျော် အဆိုတော်များဖြစ်သည့် ချစ်ကောင်း၊ မေခလာ၊ ဝိုင်းစုခိုင်သိန်း၊ အောင်ထက်၊ ဂရေဟမ်၊ ဂျီလတ် နှင့် မနန်းနန်းစိန် စသည့် အဆိုတော်များမှလည်း ‘Lucky Hand’ ဂီတအဖွဲ့တွဲဖက်၍ လည်းကောင်း၊ အမျိုးသမီး အကအဖွဲ့ဖြစ်သည့် ‘Here & Now’, အမေများအဖွဲနှင့် မမများအကအဖွဲ့တို့မှလည်း သီဆိုဖျော်ဖြေမည်ဖြစ်သည်။

MPT မဏ္ဍပ်ဖွင့်ပွဲကို ဧပြီလ ၁၂ရက် (သင်္ကြန်အကြိုနေ့) နေ့လည် ၃ နာရီတွင် ကျင်းပမည်ဖြစ်ပြီး ဧပြီလ ၁၃ရက် သင်္ကြန်အကျနေ့မှ အတက်နေ့ ဧပြီ ၁၆ရက်အထိ နေ့စဉ် နံနက် ၉နာရီမှ ညနေ ၆နာရီအထိ ပျော်ရွှင်စရာ အစီအစဉ်များစွာဖြင့် သင်္ကြန်ကာလကို ဆင်နွဲသွားမည်ဖြစ်သည်။

MPT မှ မြန်မာပြည်သူပြည်သားများအားလုံး မဟာသင်္ကြန်မှာ စိတ်ရောကိုယ်ပါကျန်းမာစွာနဲ့ ပျော်ပျော်ရွှင်ရွှင် ဆင်နွဲနိုင်ပြီး မိမိအနှစ်သက်ဆုံး တေးဂီတအဖွဲ့ကို အားပေးနိုင်ဖို့ MPT မဏ္ဍပ်ကို အရောက်လာခဲ့ဖို့ မမေ့ပါနဲ့နော်။[:]