×

ရန်ကုန်ရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်း (၂) ဦး ၌ COVID-19ထပ်မံ စစ်ဆေးတွေ့ရှိရကြောင်း အသိပေးခြင်း

14 Sep 2020

ရန်ကုန်တိုင်းဒေသကြီး၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) မရမ်းကုန်းရုံး နှင့် ပုဇွန်တောင်ရုံးတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်း (၂) ဦး၌ COVID-19 ရောဂါပိုး ထပ်မံ စစ်ဆေး တွေ့ရှိရကြောင်း နှင့် ယခုစစ်ဆေးတွေ့ရှိခဲ့သည့် ဝန်ထမ်း ၂ ဦးသည် သုံးစွဲသူများနှင့် တိုက်ရိုက်ထိတွေ့မှုရှိခဲ့ခြင်းမရှိဘဲ ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၁၃ ရက်တွင် ဆေးကုသမှု ခံယူနေပြီ ဖြစ်ကြောင်း MPT က အတည်ပြုထုတ်ပြန်လိုက်ပါသည်။

မိမိတို့အနေဖြင့် COVID-19 ကာကွယ်၊ထိန်းချုပ်၊ ကုသရေးကော်မတီ နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ၏ ညွှန်ကြားချက်များနှင့်အညီ_

• ရောဂါပိုးတွေ့ရှိရသူဝန်ထမ်းနှင့်အနီးကပ်ထိတွေ့မှုရှိခဲ့သူများအား စိစစ်ခြင်း
• ရောဂါပိုးကူးစက်ခံရသည့် ဝန်ထမ်းနှင့် အနီးကပ်ထိတွေ့ခဲ့သည့် လုပ်ဖော်ကိုင်ဖက်များအားလုံးကို မိမိတို့အိမ်တွင် နေထိုင်ခြင်းဖြင့် ၂၁ ရက်ကြာ အသွားအလာ ကန့်သတ်မှု ဆောင်ရွက်ထားပါသည်။
• အနီးကပ်ထိတွေ့ခဲ့သူဝန်ထမ်းများ၏ ကျန်းမာရေး (ကိုယ်အပူချိန် နှင့် ရောဂါလက္ခဏာပြခြင်း) စောင့်ကြည့် လေ့လာချက်များကို စောင့်ကြည့်/ အစီရင်ခံခြင်း နှင့်
• အဆိုပါဝန်ထမ်းများတာဝန်ထမ်းဆောင်သော လုပ်ငန်းခွင်နေရာကို ပိုးသတ်ဆေးဖြန်းခြင်း တို့ကို ဆောင်ရွက်ပြီးဖြစ်ပါသည်။

မိမိတို့အနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန နှင့် တာဝန်ရှိသူများ၏ ညွှန်ကြားချက်များ အတိုင်း လျင်လျင်မြန်မြန်ထိထိရောက်ရောက် လိုက်နာ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

ရောဂါပိုးတွေ့ရှိရသူဝန်ထမ်းနှင့် အတူတကွ တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများ၊ အနီးကပ်ထိတွေ့မှုရှိသူ ဝန်ထမ်းများကို အလုပ်ခွင်တွင် အချိန်မည်မျှကြာကြာအတူတကွ အလုပ်လုပ်ခဲ့သည်ဖြစ်စေ နောက်ဆုံး ထိတွေ့ခဲ့သည့် ရက်မှစ၍ ၂၁ ရက်တိတိ အသွားအလာ ကန့်သတ်မှု ဆောင်ရွက်လျက်ရှိပါသည်။ မိမိတို့အနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များ နှင့်အညီလိုက်နာကာ အဆိုပါဝန်ထမ်းများနှင့် အနီးကပ်ထိတွေမှုရှိသည့် ဝန်ထမ်းများ စာရင်းကို ပြုစုပြီး မရမ်းကုန်းရုံး နှင့် ပုဇွန်တောင်ရုံးများကိုလည်း ပိုးသတ်ဆေးဖြန်းခြင်းကို ဆောင်ရွက်ထားရှိပြီးဖြစ်ပါသည်။
မိမိတို့အနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ၏ လမ်းညွှန်ချက်များအတိုင်း လုပ်ငန်းအတွင်းနှင့် လုပ်ငန်းပြင်ပသို့ ရောဂါပိုးပျံ့နှံ့ကူးစက်မှု မရှိစေရန်အတွက် အကောင်းဆုံး ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်သည့်အပြင် အခုလို COVID-19 ကူးစက်မှုအရေးပေါ် အခြေအနေတွင် မြန်မာပြည်သူများအတွက် အရေးပါသောအခန်းဏ္ဍ ဖြစ်သည့် ဆက်သွယ်ရေးဝန်ဆောင်မှုများကို စဉ်ဆက်မပြတ်ဆောင်ရွက်နိုင်ရေးကိုလည်း ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

ယခုလိုဖြစ်ရပ်များအတွက် မိမိတို့၏ ဝန်ဆောင်မှုကိုသုံးစွဲသူများနှင့် စီးပွားဖက်လုပ်ငန်းများတွင် အဆင်မပြေမှုများ ဖြစ်ပေါ်ခဲ့သည့် အတွက်လည်း တောင်းပန်မှုပြုကာ နားလည်ပေးမှုအတွက် ကျေးဇူးတင်ရှိပါသည်။