×

ရန်ကုန်ရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်း (၁) ဦး ၌ COVID-19 ထပ်မံ စစ်ဆေးတွေ့ရှိရကြောင်း အသိပေးခြင်း

28 Sep 2020

(ရန်ကုန်၊ ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၂၇ ရက်)

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်အောင်ကျော်လမ်းရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်း (၁) ဦး၌ COVID-19 ရောဂါပိုး ထပ်မံ စစ်ဆေး တွေ့ရှိရကြောင်း နှင့် ယခုစစ်ဆေးတွေ့ရှိခဲ့သည့် ဝန်ထမ်းသည် ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ ၂ ရက်မှစပြီး အိမ်တွင်နေထိုင်၍ လုပ်ငန်းလုပ်ကိုင်စေခြင်း (Work From Home) အစီအစဥ်ဖြင့် တာဝန်ထမ်းဆောင်နေခြင်းကြောင့် သုံးစွဲသူများနှင့် တိုက်ရိုက်ထိတွေ့ခဲ့ခြင်းမရှိဘဲ ဆေးကုသမှု ခံယူနေပြီဖြစ်ကြောင်း MPT က အတည်ပြု ထုတ်ပြန်လိုက်ပါသည်။

စက်တင်ဘာလ ၂၇ ရက်အထိ MPT လုပ်ငန်းခွင်အတွင်းရှိ ဝန်ထမ်း စုစုပေါင်း ၁၀ ဦးမှာ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရသူအဖြစ်ဓာတ်ခွဲအတည်ပြုခဲ့ပြီးဖြစ်ပြီးဖြစ်သည်။ မိမိတို့အနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန နှင့် တာဝန်ရှိသူများ၏ ညွှန်ကြားချက်များအတိုင်း လျင်လျင်မြန်မြန်ထိထိရောက်ရောက် လိုက်နာ ဆောင်ရွက်သွား မည်ဖြစ်ပါသည်။

မိမိတို့အနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များအတိုင်း လုပ်ငန်းအတွင်းနှင့် လုပ်ငန်းပြင်ပသို့ ရောဂါပိုးပျံ့နှံ့ကူးစက်မှု မရှိစေရန်အတွက် အကောင်းဆုံး ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်သည့်အပြင် အခုလို COVID-19 ကူးစက်မှုအရေးပေါ် အခြေအနေတွင် မြန်မာပြည်သူများအတွက် အရေးပါသော အခန်းကဏ္ဍ ဖြစ်သည့် ဆက်သွယ်ရေးဝန်ဆောင်မှုများကို စဉ်ဆက်မပြတ် ဆောင်ရွက်နိုင်ရေး ကိုလည်း ဆောင်ရွက်သွား မည် ဖြစ်ပါသည်။

ယခုလိုဖြစ်ရပ်များအတွက် မိမိတို့၏ ဝန်ဆောင်မှုကိုသုံးစွဲသူများနှင့် စီးပွားဖက်လုပ်ငန်းများတွင် အဆင်မပြေမှုများ ဖြစ်ပေါ်ခဲ့သည့်အတွက်လည်း တောင်းပန်မှုပြုကာ နားလည်ပေးမှုအတွက် ကျေးဇူးတင်ရှိပါသည်။