×

ရွှေမန္တလေးက MPT Job Fair 2016 မှာ အလုပ်သွားလျှောက်ကြပါစို့။

06 Jun 2016

(ရန်ကုန်- ၀၆ ဇွန် ၂၀၁၆) – မြန်မာနိုင်ငံ၏ ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာဖြစ်သော မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း MPT သည် မန္တလေးမြို့တွင် “MPT Job Fair 2016” ကို ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း ယနေ့ သတင်းထုတ်ပြန်လိုက်ပါသည် MPT မှ မန္တလေးမြို့ အပါဝင် အနီးတဝိုက်ရှိနေရာများမှ Rounder ဟု ခေါ်သည့် အရောင်းကိုယ်စားလှယ်များကို ရွေးချယ်ခေါ်ယူ ခန့်ထားမည်ဖြစ်ပါသည်။

MPT မှ “MPT Job Fair 2016” ကို ရန်ကုန်မြို့တွင် ၂၀၁၆ခုနှစ် ဇန်နဝါရီလ ၃၀-၃၁ ရက်နေ့များတွင် ကျင်းပပြုလုပ်ခဲ့ပြီး အခြားသော အလုပ်အကိုင် အခွင့်အလမ်းပြပွဲများတွင်လဲ ပါဝင်ပြီး ဝန်းထမ်းခေါ်ယူ ခန့်ထားခြင်းများ ပြုလုပ်ခဲ့ပါသည်။ အဆိုပါကျင်းပပြုလုပ်ခဲ့သော အလုပ်အကိုင်အခွင့်အလမ်းပြပွဲများမှာ အောင်မြင်မှုရရှိခဲ့သည့်အပြင် လူအများ၏ စိတ်ပါဝင်စားမှုကိုပါ ရရှိပြီး အရည်အသွေးပြည့်ဝသော လျှောက်ထားသူများလဲ အများအပြားလာရောက်၍ အလုပ်လျောက်ထားခဲ့ကြပါသည်။

ယခုအခါတွင် “MPT Job Fair 2016” ကို မန္တလေးမြို့တွင် အောက်ပါအတိုင်း ကျင်းပပြုလုပ်မည်ဖြစ် ပါသည်။

နေ့ရက် နှင့် အချိန်ဇွန်လ ၁၁ရက် – ၁၂ရက်၊ နံနက် ၉းဝဝနာရီမှ နေ့လည် ၄းဝဝနာရီ
နေရာတိုင်းဒေသကြီးမန်နေဂျာရုံး (မြန်မာဆက်သွယ်ရေးလုပ်ငန်း) မန္တလေးရုံး ၊ ၂၆လမ်း၊

လမ်း၈၀ နှင့် ၈၁လမ်းကြား၊ အောင်မြေသာဇံမြို့နယ်၊ မန္တလေး။


တာဝန်နှင့် လိုအပ်သော အရည်အချင်း

တာဝန်Sales Representatives
အသက်၁၈နှစ် မှ ၄ဝနှစ်ဝန်းကျင်
အလုပ်နေရာမန္တလေးမြို့နှင့် ပတ်ဝန်းကျင်
ခန့်ထားပုံတစ်ဦးချင်းစီ သီးသန့်စာချုပ်ချုပ်ဆိုခြင်း။
အခြားလိုအပ်ချက်တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူဖြစ်ရမည်။ဆိုင်ကယ်ရှိသူဖြစ်ရမည်။ Smart Phone ကိုင်ဆောင်သူဖြစ်ရမည််။

စိတ်ပါဝင်စားသူများစွာ လာရောက်လျှောက်ထားမည်ဟု MPT မှ မျှော်လင့်ပြီး အဆိုပါ ဝန်ထမ်းများမှ ၎င်းတို့၏ ဝန်ဆောင်မှုကို အသုံးပြုသူများကို ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုများ ပေးနိုင်လိမ့်မည်ဟု ယုံကြည််ပါသည်။ မန္တလေးမြို့အပြင် အခြားသော နေရာဒေသများတွင်လည်း အလုပ်အကိုင်အခွင့်ပြပွဲများကို ဆက်လက်ကျင်းပသွားမည်ဖြစ်ပါသည်။