
“ရွှေမိုက်ခဲ” သီချင်းဆိုပြိုင်ပွဲ၏ Semi-Final အဆင့်သို့ တက်လှမ်းနိုင်ခဲ့သူ ဆန်ခါတင် ပြိုင်ပွဲဝင် (၁၂) ဦးစာရင်းကို MPT က ထုတ်ပြန်ကြေညာ
13 Mar 2020(ရန်ကုန်၊ ၂၀၂၀ ပြည့်နှစ် မတ်လ ၁၃ ရက်) – ပရိသတ်များနှင့် ပြိုင်ပွဲဝင်များအတွက် ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာ တို့ကို ဆောင်ယူပေးသည့် “ရွှေမိုက်ခဲ” သီချင်းဆိုပြိုင်ပွဲ ၏ Semi-Final အဆင့်သို့ တက်လှမ်းနိုင်သော ဆန်ခါတင် ပြိုင်ပွဲဝင် (၁၂) ဦးကို ယနေ့ ထုတ်ပြန်ကြေညာလိုက်ပါသည်။ ယခုပြိုင်ပွဲ၏ ပဏာမအဆင့်တွင် မြန်မာနိုင်ငံတစ်နံတစ်လျားမှ ပြိုင်ပွဲဝင် ၂,၃၀၀ ကျော်တို့က ၎င်းတို့ ရိုက်ကူး သီဆိုထားသော သီချင်းဗွီဒီယိုဖိုင်များကို ပေးပို့၍ယှဥ်ပြိုင်ခဲ့ကြပါသည်။ ယှဥ်ပြိုင်သူ များပြားလှခြင်း နှင့် အတူ အရည်အချင်းပြည့်ဝသော ပြိုင်ပွဲဝင်များစွာ ဝင်ရောက်ယှဥ်ပြိုင်ကြသည့် အတွက် ယခုပြိုင်ပွဲအတွက် ဆန်ခါတင်ပြိုင်ပွဲဝင် အရေအတွက်ကို ၁၀ ဦးအစား ၁၂ ဦးအထိ တိုးချဲ့ ရွေးချယ်ပေးခဲ့ရပါသည်။ ယနေ့ထုတ်ပြန် ကြေညာပေးခဲ့သော ဆန်ခါတင်ပြိုင်ပွဲဝင် (၁၂) ဦးသည် နောက်ဆုံးအဆင့် သို့ ရောက်ရှိရန်အတွက် Semi-Final အဆင့်တွင် ဆက်လက်ယှဉ်ပြိုင်ကြရမည်ဖြစ်သည်။
Semi-Final အဆင့်သို့တက်လှမ်းခွင့်ရသည့် ဆန်ခါတင် ပြိုင်ပွဲဝင် (၁၂) ဦး မှာ – Naw Heh Blut Say ၊ Keh Keh၊ Saw Blessing Moo၊ Ja Pan Lu၊အားလင်း / သဲရာ၊ အောင်ဒင့် ၊Ai Swann၊ ရှီးရှီး၊ Nandar Shwe Yee Win၊ ဖီဆာမိုးရီ၊ ၊ နန့်ဖြိုးအိ နှင့် မိဒေဝီ တို့ဖြစ်ကြပါသည်။
တစ်မူထူးခြားဆန်းသစ်သည့် “ရွှေမိုက်ခဲ” သီချင်းဆိုပြိုင်ပွဲသည် MPT နှင့် တေးသံသာ Music App တို့ ပူးပေါင်းကာ နိုင်ငံတွင်းရှိ အဆိုပါရမီရှင်များကို ထုတ်ဖော်မြေတောင်မြှောက်ပေးရန်နှင့် အရည်အချင်း ပြည့်ဝသော အနုပညာရှင်များအဖြစ် အသက်မွေးဝမ်းကြောင်းပြုနိုင်ရန် ရည်ရွယ်၍ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၂ ရက်က စတင်ခဲ့သည့် သီချင်းဆိုပြိုင်ပွဲ ဖြစ်သည်။
ဆန်ခါတင်ပြိုင်ပွဲဝင် (၁၂) ဦးသည် ၂၀၂၀ ပြည့်နှစ် မတ်လ ၂၁ ရက်တွင် Northern Old Skool ၌ ကျင်းပပြုလုပ်မည့် Semi-Final အဆင့်သို့ တက်လှမ်းယှဉ်ပြိုင်ရမည် ဖြစ်ပါသည်။ အဆိုပါပြိုင်ပွဲ၏ အကဲဖြတ် ဒိုင်လူကြီးများအဖြစ် မြန်မာနိုင်ငံ၏ ဂီတလောကတွင် ထင်ရှားကျော်ကြားသော အနုပညာရှင်၊ ဂီတပညာရှင်များ ဖြစ်သည့် တေးရေးမြင့်မိုးအောင်၊ ဂစ်တာပညာရှင် လီယိုနာဒ်မောင်မောင်လွင်၊ တေးသံရှင် ရေဗက္ကာဝင်း၊ တေးရေး/တေးဆို ဝေကြီး၊ တေးသံရှင် ဂျူဝယ်လ်တို့ ဖြစ်သည်။
ယခုပြိုင်ပွဲအတွက် Semi-Final နှင့် Final အဆင့်ပြိုင်ပွဲများတွင် SMS Voting စနစ်ဖြင့် မဲပေးနိုင်မည့်စနစ် ပါဝင်လာမည်ဖြစ်သည်။ SMS Voting စနစ်စတင်သည်နှင့်တစ်ပြိုင်နက် MPT သုံးစွဲသူများ အနေဖြင့် မိမိတို့ ကြိုက်နှစ်သက်ရာ ပြိုင်ပွဲဝင်များကို ထိပ်ဆုံးအဆင့်အထိ ဆက်လက်ပါဝင် ယှဉ်ပြိုင်နိုင်စေရန် “7171” သို့ ပြိုင်ပွဲဝင်၏ Voting နံပါတ်ကို SMS (စာတို) ပေးပို့၍ မဲပေးနိုင်ပါသည်။ SMS (စာတို) ပေးပို့မှု အတွက် တစ်စောင်လျှင် ၁၀၀ ကျပ် ကျသင့်မည်ဖြစ်ပြီး SMS (စာတို) ပေးပို့ယှဥ်ပြိုင်နိုင်မည့်နေ့ရက်ကို MPT ၏ Facebook စာမျက်နှာတွင် တရားဝင်ထုတ်ပြန် ကြေညာပေးသွားမည်ဖြစ်သည်။ SMS Voting စနစ်မှ ရရှိလာသည့် မဲအရေအတွက်အလိုက် (ကျသင့်သည့်အခွန်ကိုထုတ်နုတ်ပြီး) ရရှိငွေများ အားလုံးကို သက်ဆိုင်ရာ ပြိုင်ပွဲဝင်များထံသို့ ချီးမြှင့် ပေးအပ်သွားမည်လည်း ဖြစ်ပါသည်။ ပရိသတ်များမှ မိမိတို့ ကြိုက်နှစ်သက်ရာ ပြိုင်ပွဲဝင်များအား SMS မှတစ်ဆင့် မိမိနှစ်သက်သလောက် တစ်စောင်ချင်းစီ ပေးပို့၍ မဲပေးနိုင်ပါသည်။
““ရွှေမိုက်ခဲ” သီချင်းဆိုပြိုင်ပွဲဟာ MPT သုံးစွဲသူတွေကြားမှာ အတော်လေးကို အောင်မြင်ခဲ့ပြီးတော့ အသံစစ်ဆေး ရွေးချယ်ခံရဖို့အတွက် ပြိုင်ပွဲဝင် ၂, ၃၀၀ကျော် က မိမိတို့ အသံသွင်းထားတဲ့ ဗွီဒီယိုဖိုင်တွေကို လူမှုကွန်ရက်မီဒီယာကနေတစ်ဆင့် ပေးပို့ယှဉ်ပြိုင်ခဲ့ကြပါတယ်။ ဒီသီချင်းဆိုပြိုင်ပွဲက မြန်မာနိုင်ငံအတွင်း မှာရှိတဲ့ အဆိုပညာပါရမီရှင်တွေ ဝါသနာရှင် ရွက်ပုန်းသီးလေးတွေကို မြေတောင်မြှောက်ပေးတဲ့အပြင် တကယ်အရည်အချင်းရှိပြီး အောင်မြင်တဲ့ အနုပညာရှင်တစ်ယောက် ဖြစ်လာဖို့အတွက် ကျွန်တော်တို့အနေနဲ့ တေးသံသာ Music App ရဲ့ ပံ့ပိုးမှုနဲ့ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ ဒီပြိုင်ပွဲမှာ ဘယ်ပြိုင်ပွဲဝင်တွေက အနိုင်ရရှိသွားပြီး အောင်မြင်တဲ့ အနုပညာရှင်ဖြစ်လာမလဲဆိုတာကို သိရှိနိုင်ဖို့အတွက် အားလုံးနဲ့အတူတူ ကျွန်တော်လည်း အထူးပဲ စိတ်လှုပ်ရှားနေမိပါတယ်” ဟု MPT-KSGM Joint Operations ၏ Chief Commercial Officer ဖြစ်သူ Mr. Reizo Umeda က ပြောကြားခဲ့ပါသည်။
Semi-Final အဆင့်တွင် ရွေးချယ်ခံရသည့် ပြိုင်ပွဲဝင်(၆)ဦးသည် ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၂၈ ရက်တွင် ကျင်းပပြုလုပ်မည့် Grand Final စင်မြင့်ထက်တွင်ယှဥ်ပြိုင်ရမည်ဖြစ်ပြီး နောက်ဆုံးအဆင့် ၃ ဦးအဖြစ် မည်သူက တက်လှမ်း နိုင်မည် ဆိုသည်ကို ဆက်လက် ရွေးချယ်သွားမည်ဖြစ်သည်။ နောက်ဆုံးအဆင့် တွင် အနိုင်ရရှိသူ သည် ဆုကြေးငွေ မြန်မာကျပ် သိန်း (၇၀)၊ First Runner Up သည် ဆုကြေးငွေ မြန်မာကျပ် သိန်း (၃၀) နှင့် Second Runner Up သည် ဆုကြေးငွေ မြန်မာကျပ် (၁၀) သိန်းတို့နှင့် အတူ အနိုင်ရသူ ၃ ဦးလုံးသို့ ကိုယ်ပိုင် သီချင်းတစ်ပုဒ်စီအား တေးသံသာမှ စာချုပ်ချုပ်ဆို စီစဉ်ပေးသွားမည်ဖြစ်သည်။
“ရွှေမိုက်ခဲ” သီချင်းဆိုပြိုင်ပွဲအကြောင်း ပိုမိုသိရှိလိုပါက တေးသံသာ Music App ၏ တရားဝင် Facebook စာမျက်နှာ ဖြစ်သော https://web.facebook.com/taythantharmusic/ နှင့် ရွှေမိုက်ခဲ ၏ တရားဝင် Facebook စာမျက်နှာဖြစ်သော https://www.facebook.com/shwemickhae/ သို့ ဝင်ရောက် ကြည့်ရှု၍ သော်လည်းကောင်း၊ (၀၉) ၄၄ ၁၁၁ ၇၇၁၁ သို့ ခေါ်ဆို၍ သော်လည်းကောင်း ဆက်သွယ် မေးမြန်းနိုင်ပါသည်။