
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ စစ်ကိုင်းတိုင်း၊ တနင်္သာရီတိုင်းနှင့် ရခိုင်ပြည်နယ်တို့တွင် MPT ၏ မြန်နှုန်းမြင့် LTE+ ဝန်ဆောင်မှုရောက်ရှိ
13 Jul 20171.8 GHz လှိုင်းနှုန်းစဉ်ဖြင့် မြန်နှုန်းမြင့် LTE+ ကွန်ရက်ကို နေရာသစ် ခြောက်နေရာ၌ ဖြန့်ကျက်မှုနှင့်အတူ တာချီလိတ်နှင့်ရွှေဘိုမြို့တို့တွင် ပထမဆုံးချိတ်ဆက်ပေးနိုင်သော အော်ပရေတာဖြစ်လာ
(ရန်ကုန်၊ ၂၀၁၇ ခုနှစ် ဇူလိုင်လ ၁၃ ရက်) – MPT အနေဖြင့် သာမန် 4G/LTE ကွန်ရက်ထက် နှစ်ဆ ပိုမိုမြန်ဆန်ပြီး 1.8 GHz လှိုင်းနှုန်းစဉ်ကိုအသုံးပြုထားသည့် မြန်နှုန်းမြင့် LTE+ ကွန်ရက်ဝန်ဆောင်မှုကို နိုင်ငံအနှ့ံရှိ နေရာအများအပြားတွင် ဖြန့်ကျက်လျက်ရှိရာ ဇူလိုင်လ (၁၄) ရက်နေ့မှစတင်ပြီး ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ တာချီလိတ်မြို့နှင့် စစ်ကိုင်းတိုင်းရှိ ရွှေဘိုမြို့တို့တွင် မိုဘိုင်းလ်ဖုန်း အသုံးပြုသူများအနေဖြင့် စတုတ္ထမျိုးဆက် အင်တာနက်ကွန်ရက်ကို ပထမဦးဆုံး ရရှိအသုံးပြုနိုင်ပြီဖြစ်ပါသည်။ တနင်္သာရီတိုင်းနှင့် ရခိုင်ပြည်နယ်ရှိ အခြားသော နေရာများနှင့် အတူ MPT အနေဖြင့် စုစုပေါင်း နေရာခြောက်နေရာကို မြန်မာနိုင်ငံ၏ အမြန်ဆုံးနှင့် အကျယ်ပြန့်ဆုံး ကွန်ရက်သို့ ချိတ်ဆက်ပေးနိုင်ခဲ့ပြီဖြစ်ပါသည်။
ယခုလို အသစ်ချဲ့ထွင်မှုနှင့်အတူ ရှမ်းပြည်နယ် အရှေ့ပိုင်းရှိ တာချီလိတ်မြို့၊ စစ်ကို်င်းတိုင်းရှိ ရွှေဘိုမြို့၊ တနင်္သာရီတိုင်းရှိ မြိတ်နှင့်ထားဝယ်မြို့များ၊ ရခိုင်ပြည်နယ်ရှိ စစ်တွေမြို့နှင့် မန္တလေးတိုင်းရှိ ပုသိမ်ကြီးမြို့တို့တွင် LTE+ ဝန်ဆောင်မှုကိုအသုံးပြုနိုင်ပြီဖြစ်ပါသည်။
MPT-KSGM Joint Operations ၏ Chief Commercial Officer ဖြစ်သူ Mr. Reizo Umeda က “ကျွန်တော် တို့ရဲ့ ခေတ်ရှေ့ပြေးနည်းပညာဖြစ်တဲ့ LTE+ ဝန်ဆောင်မှုကို နိုင်ငံတွင်းက အခြားနေရာတွေကိုလည်း ဆက်လက်ချိတ်ဆက်ပေးနိုင်တဲ့အတွက် ဝမ်းမြောက်မိပါတယ်။ အထူးသဖြင့် ရှမ်းပြည်နယ် အရှေ့ပိုင်းနဲ့ စစ်ကိုင်းတိုင်းမှာရှိတဲ့ တာချီလိတ်နဲ့ ရွှေဘိုမြို့တွေမှာ မြန်နှုန်းမြင့်နည်းပညာသစ်ကို ပထမဦးဆုံးထောက်ပံ့ ပေးနိုင်တဲ့အတွက်လည်း အထူးပဲဂုဏ်ယူရပါတယ်။ မြန်မာနိုင်ငံကိုရှေ့သို့လှမ်းချီနိုင်ဖို့ဆိုတဲ့ ကြိုးပမ်းမှုနဲ့အတူ တစ်နိုင်ငံလုံးက အသုံးပြုသူတွေအတွက် မြန်နှုန်းမြင့် မိုဘိုင်းလ်ဝန်ဆောင်မှုကိုရရှိစေဖို့ဆိုတဲ့ ရည်ရွယ်ချက် ကိုလည်း ဆက်လက်အကောင်အထည်ဖော်နေပြီး လာမယ့် စက်တင်ဘာလကုန်မှာ တိုင်းဒေသကြီးနဲ့ ပြည်နယ် အသီးသီးက မြို့ကြီး (၃၀) အပါအဝင် မြို့နယ် (၇၄) မြို့နယ်မှာ လျင်မြန်စွာနဲ့ ကွန်ရက်လွှမ်းခြုံနိုင်တော့မှာ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့ပါသည်။
“ဒါ့အပြင် LTE+ ဝန်ဆောင်မှုကို ပထမဦးဆုံးအကြိမ် စတင်သုံးစွဲတဲ့သူတွေကို ကျွန်တော်တို့အနေနဲ့ အထူး ဒေတာလက်ဆောင်အဖြစ် 1GB သုံးစွဲခွင့်ကို ပေးအပ်သွားမှာဖြစ်ပြီး သူငယ်ချင်းတွေ၊ မိသားစုတွေနဲ့ အချင်းချင်း ချိတ်ဆက်တာတွေ၊ လူမှုကွန်ရက် အသုံးပြုတာတွေနဲ့ သူတို့ရဲ့ မိုဘိုင်းလ်ဆက်သွယ်ရေး ပစ္စည်းတွေကတစ်ဆင့် များပြားလှတဲ့ အွန်လိုုင်းက အချက်အလက်တွေကို LTE+ ကွန်ရက်ရဲ့ အံ့သြဖွယ်ရာ အမြန်နှုန်းနဲ့အတူ ရှာဖွေသိရှိ အသုံးပြုနိုင်မှာဖြစ်ပါတယ်” ဟု ဆက်လက် ပြောကြားခဲ့ပါသည်။
လွန်ခဲ့သည့် ဇူလိုင်လအစောပိုင်းကပင် MPT အနေဖြင့် 4×4 MIMO နည်းပညာသစ် ထောက်ပံ့ပေးထားသော LTE+ ကို အသုံးပြုနိုင်ရန် မိုဘိုင်းလ်တာဝါကွန်ရက်များကို အဆင့်မြှင့်တင်ခြင်းနှင့် ပြောင်းလဲခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ ထို့အပြင် ကွန်ရက်ဖြန့်ကျက်ခြင်းကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နေပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့ကြီး (၂၁) မြို့ အပါအဝင် မြို့နယ် (၆၅) မြို့နယ်တို့တွင် ရောက်ရှိ အသုံးပြုနိုင်ပြီ ဖြစ်ပါသည်။
အဆိုပါ LTE+ ရရှိသည့်နေရာသစ်များတွင် ရှယ်ပြောနှင့် ဆွေသဟာအစီအစဉ်များ ရယူထားသော သုံးစွဲသူများအနေဖြင့် LTE+ ကွန်ရက်ကို ပထမဆုံး စတင်အသုံးပြုသည့်အချိန်တွင် MPT ၏ 1GB ဒေတာ လက်ဆောင်ကို ရရှိမည်ဖြစ်ပါသည်။ လက်ဆောင်ရသောဒေတာများကို စတင်ရရှိသည့်အချိန်မှ တစ်ပတ်အတွင်း အသုံးပြုနိုင်မည်ဖြစ်ပါသည်။
LTE+ ကွန်ရက်ကို ဖြန့်ကျက်ခြင်းနှင့်အတူ MPT သည် ကွန်ရက်ဖြန့်ကျက်ခြင်းအား သုံးစွဲသူများ သိရှိစေရေးအတွက် မြန်မာပြည်အနှံ့အပြားတွင် အထိမ်းအမှတ်ပွဲများပြုလုပ်နေပြီး အဆိုပါကွန်ရက် ဖြန့်ကျက်ခြင်းအစီအစဉ်ပြီးစီးပါက နေရာအားလုံးသို့ ရောက်ရှိသွားမည် ဖြစ်ပြီး နိုင်ငံအတွင်းတွင် အကျယ်ပြန့်ဆုံး ကွန်ရက် ဖြန့်ကျက် နိုင်မည်ဖြစ်ပါသည်။
LTE+ ကွန်ရက် ဖြန့်ကျက်လိုက်သည့် နေရာအသစ်များ
State / Region | City/Township |
---|---|
ရှမ်းပြည်နယ် (အရှေ့ပိုင်း) | တာချီလိတ် |
စစ်ကိုင်းတိုင်း | ရွှေဘို |
တနင်္သရီတိုင်း | မြိတ်၊ ထားဝယ် |
ရခိုင်ပြည်နယ် | စစ်တွေ |
မန္တလေးတိုင်း | ပုသိမ်ကြီး |
မှတ်ချက် ။ ။ ယနေ့အထိ MPT ၏ 1.8 GHz လှိုင်းနှုန်းစဉ်ဖြင့် LTE+ ကွန်ရက်ကို ပြည်နယ်နှင့်တိုင်းဒေသကြီးရှိ မြို့ကြီး (၂၁) မြို့အပါအဝင် မြို့နယ် (၆၅) မြို့နယ်တွင်ရရှိနိုင်ပြီဖြစ်ပြီး စာရင်းအသေးစိတ်ကို ယခု သတင်းထုတ်ပြန်ချက် နှင့် အတူ ထည့်သွင်းထားပါသည်။
တိုင်းဒေသကြီးနှင့် ပြည်နယ်များ | မြို့/မြို့နယ်များ | ||
ရန်ကုန်တိုင်းဒေသကြီး | အလုံ | ဗဟန်း | ဗိုလ်တထောင် |
ဒဂုံ | ဒဂုံမြို့သစ် (မြောက်) | ဒဂုံမြို့သစ် (ဆိပ်ကမ်း) | |
ဒဂုံမြို့သစ် (တောင်) | ဒဂုံမြို့သစ် (အရှေ့) | ဒေါပုံ | |
လှိုင် | လှိုင်သာယာ | ထန်းတပင် | |
အင်းစိန် | ကမာရွတ် | ကျောက်တံတား | |
ကြည့်မြင်တိုင် | လမ်းမတော် | လသာ | |
မရမ်းကုန်း | မင်္ဂလာဒုံ | မင်္ဂလာတောင်ညွန့် | |
မြောက်ဥက္ကလာ | ပန်းဘဲတန်း | ပုဇွန်တောင် | |
စမ်းချောင်း | ဆိပ်ကမ်း | ရွှေပြည်သာ | |
တောင်ဥက္ကလာ | တာမွေ | သာကေတ | |
သင်္ဃန်းကျွန်း | တွံတေး | ရန်ကင်း | |
သန်လျင် | |||
မန္တလေးတိုင်းဒေသကြီး | အမရပူရ | အောင်မြေသာစံ | ချမ်းအေးသာစံ |
ချမ်းမြသာစည် | မဟာအောင်မြေ | ပုသိမ်ကြီး | |
ပြည်ကြီးတံခွန် | တံတားဦး | ||
နေပြည်တော် | ဒက္ခိဏသီရိ | လယ်ဝေး | ဥတ္တရသီရိ |
ပုပ္ဗသီရိ | ပျဉ်းမနား | ဇမ္ဗူသီရိ | |
ဇေယျာသီရိ | |||
ပဲခူးတိုင်းဒေသကြီး | ပဲခူး | ပြည် | တောင်ငူ |
ဧရာဝတီတိုင်းဒေသကြီး | ဟင်္သာတ | ပုသိမ် | |
စစ်ကိုင်းတိုင်းဒေသကြီး | မုံရွာ | ရွှေဘို | |
မကွေးတိုင်းဒေသကြီး | မကွေး | ||
တနင်္သာရီတိုင်းဒေသကြီး | ထားဝယ် | မြိတ် | |
ကရင်ပြည်နယ် | မြဝတီ | ||
မွန်ပြည်နယ် | မော်လမြိုင် | ||
ရခိုင်ပြည်နယ် | စစ်တွေ | ||
ရှမ်းပြည်နယ် | တောင်ကြီး | ဟဲဟိုး | တာချီလိတ် |