×

လိုတရ Web portal

ဘာကြောင့် ဒီစာမျက်နှာက (မိုးလေးဝသ၊ ငွေကြေး၊ သတင်း) အခမဲ့မဟုတ်တာလဲ။

ပထမဆုံးစာမျက်နှာနှင့် MPT ၀န်ဆောင်မှုအညွှန်းများသာ အခမဲ့ဖြစ်ပါသည်။ အခမဲ့စာမျက်နှာတွင် ရောက်နေပါက ဘယ်ဘက်အပေါ်တွင် အခမဲ့ အမှတ်အသားကိုမြင်ရပါမည်။

ငွေလဲနှုန်းထားတွေကို ဘယ်ကရပါသလဲ။

ငွေလဲလှယ်နှုန်းများကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ရယူထားပါတယ်။

နောက်ဆုံးရ ငွေလဲနှုန်းတွေကို ဘယ်လောက်မှာတစ်ခါ တင်ပေးပါသလဲ။

ငွေလဲလှယ်နှုန်းများကို ၁၀မိနစ်တကြိမ် ပြင်ဆင်သွားပါမည်။

အင်တာနက်စာမျက်နှာက အခမဲ့ကြည့်ရှုခွင့်ရမလား ပိုက်ဆံပေးရမလားဆိုတာ ဘယ်လိုသိနိုင်မလဲ။

Website ၏ URL ကိုကြည့်ပြီးဆုံးဖြတ်နိုင်ပါသည်။ http://lotayamm.com/<စာသားအချို့>. ဖြစ်ပါက ပိုက်ဆံဖြတ်မှာဖြစ်ပြီး “http://lotayamm.com” သို့မဟုတ် “lotayamm.com” ဖြစ်ပါက အခမဲ့ဖြစ်ပါသည်။

ကျွန်ုပ်ရောက်ရှိရာဒေသ၏ မိုးလေဝသသတင်းက မှားနေပါတယ်။ ဘာကြောင့်လဲ။

(အလွန်တိကျသောနေရာ)
နေရာအလွန်တိကျပြီး အသေးစိတ်ပါက မိုးလေဝသ သတင်းကို ထိုတစ်နေရာစာအတွက် အတိအကျဖော်ပြပေးရန် ယခုလောလောဆယ်တွင် အဆင်မပြေနိုင်ပါ။

(တည်နေရာက မှန်နေသော်လည်း စာရင်းထဲမှာမပါခဲ့ဘူး)
အခုလို အခြေအနေတစ်ခုကို ပြန်လည် အသိပေးမျှဝေတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ယခုဝက်ဆိုဒ်ကို အဆင့်မြှင့်တင်တဲ့အခါမှာ အဆိုပါဒေသကို ထည့်သွင်းဖော်ပြပေးပါမယ်။ ယခုလောလောဆယ်မှာတော့ အခြားသော ဒေသတွေရဲ့ မိုးလေဝသအခြေအနေကို သိရှိနိုင်ပါတယ်။

သတင်းတွေက ပုံကို သေချာမတွေ့ရဘဲ ၀ါးနေတယ်။

လိုတရမှဓာတ်ပုံများသည် ချုံ့ထားသောကြောင့်တခါတရံကြည့်ရှုရာတွင် အခက်အခဲရှိနိုင်ပါသည်။ မူလသတင်းစဉ်ကို သတင်းအဆုံးရှိ မီးခိုးရောင်ခလုတ်ကိုနှိပ်ပြီး ကြည့်ရှုနိုင်ပါသည်။ သို့ပေမယ့် ဒေတာအသုံးပြုခဖြတ်မှာ ဖြစ်ကြောင်း ကြိုတင်အသိပေးလိုပါတယ်။

မိုးလေဝသ သတင်းက မှားနေတယ်။

မိုးလေဝသသတင်းများကို မိုးလေဝသဌာနများမှအချိန်နှင့် တပြေးညီရယူထားခြင်းဖြစ်ပါတယ်။ လူကြီးမင်း၏ဒေသမှတကယ့်မိုးလေဝသအခြေအနေများနှင့် မိုးလေဝသဌာနမှရရှိသောသတင်းများသည် တစ်ခါတစ်ရံ မတူညီမှုများဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

နိုင်ငံခြားငွေလဲလှယ်ချင်ပါတယ် (ဖော်ပြပါ ၃၈နိုင်ငံတွေ ပါ၀င်ခြင်းမရှိသော)။ အဆိုပါ ၀က်ဆိုဒ်တွင် ရနိုင်ပါသလား။

ယခု ၀က်ဆိုဒ်တွင် သင်ရွေးချယ်နိုင်သော နိုင်ငံခြားငွေကြေး အချို့ကိုသာ ငွေလဲလှယ်နှုန်းအဖြစ်တင်ပြထားပါသည်။ စာရင်းတွင်မပါ၀င်သောငွေကြေးများအတွက် အင်တာနက် သို့မဟုတ် ပြည်တွင်းငွေလဲကောင်တာများတွင်စုံစမ်းနိုင်ပါသည်။

ပင်ပစာမျက်နှာ/ပထမစာမျက်နှာဆိုတာ ဘာလဲ။

ပင်မစာမျက်နှာဆိုသည်မှာ lotayamm.com သို့ဝင်ရောက်လျှင်ပထမဆုံးတွေ့ရမည့် စာမျက်နှာဖြစ်ပါသည်။ ထိုနေရာတွင် မိုးလေဝသသတင်း၊ နိုင်ငံခြားငွေလဲလှယ်နှုန်း၊ သတင်းများအကျဉ်းချုပ် ကို တွေ့မြင်ရပါတယ်။ ထိုစာမျက်နှာသို့ ၀င်ရောက်ပါက အခမဲ့ဖြစ်ပြီး အခြားပေ့ချ်(စာမျက်နှာ)များသို့သွားရောက်ပါက ဒေတာအသုံးပြုခ ကျသင့်မည်ဖြစ်ပါတယ်။

သတင်းတွေကို ဘယ်က ရပါသလဲ။

သတင်းများကို Information Matrix (7 Day Daily) သို့မဟုတ် Yangon Media Group တစ်ခုခုမှ ရယူထားပါတယ်။ သက်ဆိုင်ရာသတင်းမီဒီယာများ၏မူလသတင်းများကိုညာဘက်အပေါ်(နေ့စွဲနှင့်စာကြောင်းလိုင်းတစ်လိုင်းတည်း)တွင်ကြည့်ရှုနိုင်ပါတယ်။

မိုးလေဝသ သတင်းတွေကို ဘယ်ကရပါသလဲ။

မိုးလေဝသသတင်းများကို ကမ္ဘာ့မိုးလေဝသဌာနမှ ရယူထားပါသည်။ အသေးစိတ်ကို ယခုလင့်တွင် ကြည့်ရှုနိုင်ပါသည်။

http://worldweather.wmo.int/en/home.html

နောက်ဆုံးရမိုးလေဝသ သတင်းတွေကို ဘယ်လောက်မှာ တစ်ခါ တင်ပေးပါသလဲ။

မိုးလေဝသသတင်းများကို တစ်ရက်လျှင် ၁၆ကြိမ် ပြင်ဆင်သွားပါမည်။ (၀:၀၀, ၄:၀၀, ၆:၀၀, ရ:၀၀, ၈:၀၀, ၉:၀၀, ၁၀းဝဝ, ၁၁းဝဝ, ၁၂းဝဝ, ၁၃းဝဝ, ၁၄းဝဝ, ၁၅းဝဝ, ၁၆းဝဝ, ၁၇းဝဝ, ၁၈းဝဝ, ၂၀းဝဝ)

ကျွန်ုပ်ရဲ့ဒေတာ/လက်ကျန်ငွေတွေဟာ lotayamm ကို အသုံးပြုနေတဲ့အချိန် လျော့သွားတယ်။ ဘာဖြစ်တာလဲ။

လိုတရဝက်ဆိုဒ်၏ အခြားသောစာမျက်နှာများကို အသုံးပြုပါက ပိုက်ဆံဖြတ်မှာဖြစ်ပါတယ်။ ပထမစာမျက်နှာသာလျှင်အခမဲ့ဖြစ်ပါသည်။

လိုတရ ၀က်ဆိုဒ်မှာ FOREX က စျေးနှုန်းကို ပြင်ပငွေလဲကောင်တာကို ပြတဲ့အခါ အပြင်မှာ လက်တွေ ပေါက်စျေးနဲ့ကွာခြားနေတယ်။

လိုတရဝက်ဆိုဒ်မှ ငွေလဲလှယ်နှုန်းများသည် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ရယူထားခြင်းဖြစ်ပါသည်။

လိုတာရ ၀က်ဆိုဒ်က စာတွေကို ဘာမှဖတ်လို့မရဘူး။ မြန်မာစာတွေလဲ မဟုတ်ဘူး။

ဖောင့်မှားယွင်းနေခြင်းကြောင့်ဖြစ်ပါတယ်။

သတင်းတွေကို Facebook, Printerest, Twitter စတဲ့နေရာတွေမှာ ပြန်ပြီး ရှယ်ရင် ၀န်ဆောင်ခပေးရမှာလား။

အင်တာနက်ဒေတာအသုံးပြုခသာ ဖြတ်တောက်မည်ဖြစ်ပါတယ်။

MPT Application နဲ့ ဘာကွာခြားချက်ရှိသလဲ။

MPT Application က သင့်ဖုန်းထဲမှာ ရှိနေတဲ့ app အမျိုးအစားတစ်ခုဖြစ်ပါတယ်။ အင်တာနက်အဆက်အသွယ်ကို အသုံးပြုစရာမလိုဘဲ အဆိုပါ app ကိုအသုံးပြုနိုင်ပါတယ်။ သို့ပါသော်လည်း အခြေခံဝန်ဆောင်မှုကိုအသုံးပြုနိုင်ပါတယ်။ လိုတရဟာ အင်တာနက် portal တစ်ခုဖြစ်ပါတယ်။