×

လူကြိုက်အများဆုံး Application များဖြစ်သည့် Facebook, LINE, Viber, COC & Clash Royale တို့ကို 1 MB လျှင် ၁ကျပ်သာကျသင့်မည့် Social Pack အစီအစဉ်များ ကို MPT မိတ်ဆက်

27 Jul 2016

MPT အသုံးပြုသူများအနေဖြင့် MPT ၏ အကျယ်ပြန့်ဆုံးကွန်ရက်ကို အသုံးပြုပြီး မိမိတို့စိတ်ကြိုက် Social Apps များကို ကြိုက်သလောက်အသုံးပြုနိုင်တော့မည်ဖြစ်သည်။ (ရန်ကုန်။ ၂၀၁၆ ခုနှစ် ဇူလိုင်လ ၂၇ ရက်) – မြန်မာနိုင်ငံ၏ ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာဖြစ်သော မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) သည် နိုင်ငံတစ်ဝန်း သုံးစွဲသူပေါင်း သန်း၂ဝကျော် ရှိပြီဖြစ်ပါသည်။ အစဉ်အဆက်အားပေးခဲ့သော သုံးစွဲသူများအား ကျေးဇူးတု့့ံပြန်သည့်အနေဖြင့် သုံးစွဲသူများအကြား ရေပန်းစားလျက်ရှိသော Social Application များကို ယခု မိတ်ဆက်လိုက်သည့် 1MBလျှင် ၁ကျပ်သာကျသင့်မည့် Social Pack သုံးခုဖြင့် ဇူလိုင်လ ၂၈ ရက်နေ့မှ စတင်ကာ စိတ်ကြိုက်အသုံးပြုနိုင်တော့မည်ဖြစ်ကြောင်း ယနေ့ သတင်းထုတ်ပြန်ကြေညာလိုက်သည်။
MPT ၏ ဆွေသဟာအစီအစဉ်ရယူထားသည့် GSM နှင့် WCDMA အသုံးပြုသူများအနေဖြင့် Facebook ၊ ၊ LINE ၊ Viber စသည့် လူမှုကွန်ရက်သုံး Apps များအပြင် ဂိမ်းကစားသူ ပရိသတ်တို့အကြိုက် Clash of Clans နှင့် Clash Royale စသည့် Apps များကို စိတ်ကြိုက်အသုံးပြုနိုင်မည့် 24 Hour Pack ၊ 7 Days Pack နှင့် 30 Days Pack အစရှိသည့် Social Pack များကို ရွေးချယ်ရယူပြီးအံ့အားသင့်ဖွယ် အသက်သာဆုံးဖြစ်သည့် အသုံးပြုခ 1 MB လျှင် ၁ ကျပ် နှုန်းဖြင့် အသုံးပြု နိုင်တော့မည်ဖြစ်သည်။

Social Data Pack အစီအစဉ်အတွက် အသုံးပြုနိုင်မည့် Data ပမာဏများမှာ –

Social Data Packs

စျေးနှုန်း (ကျပ်)

အသုံးပြုနိုင်မည့် Data ပမာဏ (MB)

ရယူရန်

၂၄နာရီ

၁၉၉

200 MB

Dial *3001# or SMS SP1 to 1332
၇ ရက်

၉၉၉

1,000 MB

Dial *3002# or SMS SP2 to 1332
ရက် ၃၀

၃,၉၉၉

4,000 MB

Dial *3003# or SMS SP3 to 1332

*အသုံးပြုနိုင်မည့် Data သတ်မှတ်ချက်ပမာဏ ကျော်လွန်သွားပါက နောက်ထပ်အသုံးပြုမှုများအတွက် နဂိုမူလ အစီအစဉ်အတိုင်း Pay As You Go data များကဲ့သို့ (သို့မဟုတ်) Internet Package များဝယ်ယူထားပါက ယင်းPackage နှုန်းထားများအတိုင်း သာ ကျသင့်မည် ဖြစ်သည်။ *အထက်ဖော်ပြပါစျေးနှုန်းများတွင် ကုန်သွယ်လုပ်ငန်းခွန် ၅% ထပ်ဆောင်းကောက်ခံသွားမည်ဖြစ်သည်။ အထက်ဖော်ပြပါSocial Apps များ စိတ်ကြိုက်အသုံးပြုနိုင်မည်ဖြစ်သော်လည်း အဆိုပါ Apps နှင့် ချိတ်ဆက်ထားသည့် အခြား Apps များ၊ Link များ၊ Sites များ နှင့် VoIP ဝန်ဆောင်မှုများ အတွက်မူ Pay As You Go data များကဲ့သို့ (သို့မဟုတ်) Internet Package များဝယ်ယူထားပါက ယင်းPackage နှုန်းထားများအတိုင်းသာ ကျသင့်မည် ဖြစ်သည်။MPT-KSGM Joint Operation ၏ Chief Commercial Officer ဖြစ်သူ Mr. Koichi Kawase က MPT သည် အမြဲသုံးစွဲသူများအား တန်ဖိုးထားသည့်အလျောက် သုံးစွဲသူများအကြားရေပန်းစားလျက်ရှိသည့် Application များကို စနစ်တကျလေ့လာရွေးချယ်ကာ အခမဲ့အသုံးပြုနိုင်ရန် စီစဉ်ပေးထားခြင်းဖြင့် တန်ဖိုးထားမှုကို ပြသခြင်း ဖြစ်သည်ဟုပြောပါသည်။ “ကျွန်တော်တို့ MPT ကို အစဉ်အမြဲအားပေးလာကြတဲ့ သုံးစွဲသူတွေကို ကျေးဇူး တု့ံပြန်ဖို့အတွက် ကျွန်တော်တို့ဘက်ကနေ ဆန်းသစ်တဲ့ အစီအစဉ်တွေ၊ သုံးစွဲသူရဲ့ စိတ်ဝင်စားမှုနဲ့ ကိုက်ညီမယ့်အရာတွေကို အမြဲစဉ်းစားလျက်ရှိပါတယ်။ ဒီ Social Data Pack အစီအစဉ်ဟာ Social Media အသုံးများသူတွေအတွက် သူတို့စိတ်ကြိုက် Apps တွေကို ပိုမိုအသုံးပြုပြီး မိသားစုဝင်တွေ၊ သူငယ်ချင်း မိတ်ဆွေတွေနဲ့ အွန်လိုင်းကနေဆက်သွယ်တာတွေကို ပိုပြီးအချိန်ကြာကြာ လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်” ဟု ပြောကြားပါသည်။