×

လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် MPT မှ ငွေဖြည့်လက်ဆောင်များပေးအပ်ခြင်း အစီအစဉ်ကို မိတ်ဆက်

31 Dec 2016

MPT သုံးစွဲသူများ စိတ်ကျေနပ်စေနိုင်မည့် ဇန်နဝါရီလ ၁ ရက်နေ့မှ ၄ ရက်နေ့အထိ ငွေဖြည့်သွင်းတိုင်း အများဆုံး ၅၀ ရာခိုင်နှုန်းအထိ ငွေဖြည့်လက်ဆောင်ရရှိ်နိုင်မည့် အစီအစဉ်

(ရန်ကုန်၊ ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာ ၃၁) – မြန်မာနိုင်ငံ၏ ဦးဆောင် ဆက်သွယ်ရေး အော်ပရေတာ ဖြစ်သော မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) မှ မြန်မာနိုင်ငံ၏ လွတ်လပ်ရေးနေ့အထိမ်းအမှတ်ကို ဂုဏ်ပြုခြင်းနှင့် MPT သုံးစွဲသူ ၂၁ သန်းကျော်အား အသိအမှတ်ပြု သောအားဖြင့် ၂၀၁၇ ခုနှစ်၊ဇန်နဝါရီလ ၁ ရက်နေ့မှ ၄ ရက်နေ့အတွင်း ဖုန်းငွေဖြည့်သူများအတွက် အထူပရိုးမိုးရှင်းအနေဖြင့် ၅၀ ရာခိုင်နှုန်းအထိရရှိမည့် ငွေဖြည့်လက်ဆောင်များ ပေးအပ်သွားမည့် အစီအစဉ်ကို ယနေ့ သတင်းထုတ်ပြန်ကြေညာလိုက်ပါသည်။
MPT မှ GSM/WCDMA နှင့် CDMA အသုံးပြုသူများအနေဖြင့် အဆိုပါ ပရိုမိုးရှင်းကာလအတွင်းတွင် မည်သည့် နည်းလမ်းဖြင့်ဖြစ်စေ(ငွေဖြည့်ကတ်၊ E-Top-up၊ Bank Top-up၊ Red-Dot အစရှိသဖြင့်) ငွေဖြည့်သွင်းခြင်းဖြင့် ငွေဖြည့်လက်ဆောင်ကို ရရှိနိုုင်မည်ဖြစ်ပါသည်။ (ရရှိထားသည့် ငွေဖြည့်လက်ဆောင်အား အခြားဖုန်းသို့ လွှဲပြောင်းခြင်း ပြုနိုင်မည်မဟုတ်ပေ။)
အဆိုပါငွေဖြည့်လက်ဆောင်များကို (MPT အချင်းချင်း) ဖုန်းခေါ်ဆိုမှုများ၊ (MPT အချင်းချင်း) စာတို ပေးပို့မှုများနှင့် Pay-As-You-Go စနစ်ဖြင့်အင်တာနက်သုံးစွဲရာတွင် အသုံးပြုနိုင်မည်ဖြစ်သည်။
လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပရိုးမိုရှင်းအတွက် ရရှိနိုင်မည့် ငွေဖြည့်လက်ဆောင်နှုန်းထားများမှာ အောက်ပါ အတိုင်း ဖြစ်ပါသည်။

ဖြည့်သွင်းငွေ (ကျပ်) အပိုဆု ရာခိုင်နှုန်း အပိုဆုငွေ (ကျပ်)
၃၀,၀၀၀  ၅၀%  ၁၅,၀၀၀
 ၂၀,၀၀၀  ၅၀%  ၁၀,၀၀၀
 ၁၀,၀၀၀  ၅၀%  ၅,၀၀၀
 ၅,၀၀၀  ၄၀%  ၂,၀၀၀
 ၃,၀၀၀  ၃၀%  ၉၀၀
 ၁,၀၀၀  ၂၀% ၂၀၀
 ၅၀၀  ၂၀%  ၁၀၀

မှတ်ချက်။ အထက်ဖော်ပြပါနှုန်းထားများအပြင် ကုန်သွယ်ခွန် ၅ ရာခိုင်နှုန်းကိုပါ ပေးဆောင်ရမည် ဖြစ်ပါသည်။
MPT ၏ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပရိုးမိုးရှင်း အစီအစဉ်မှ ရရှိခဲ့သော ငွေဖြည့်လက်ဆောင်များ အားလုံးသည် အဆိုပါကာလအတွင်းနောက်ဆုံး ငွေဖြည့်သွင်းချိန်မှ စတင်၍ နောက်ထပ် ၅ ရက်အတွင်း အသုံးပြုနိုင်မည် ဖြစ်ပါသည်။
“မြန်မာနိုင်ငံရဲ့ သမိုင်းဝင် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ကျင်းပတဲ့ ကာလအတွင်း ကျွန်တော်တို့ MPT အသုံးပြုသူတွေအတွက် ငွေဖြည့်အပိုဆုငွေများကတစ်ဆင့် မိသားစုတွေ၊ သူငယ်ချင်းမိတ်ဆွေတွေနဲ့ ပိုမို ဆက်သွယ်ပြောဆိုနိုင်ဖို့အတွက် ကူညီပေးချင်ပါတယ်။ ဒီပရိုမိုးရှင်း အစီအစဉ်ကတော့ တစ်နိုင်ငံလုံးက MPT အသုံးပြုသူ ၂၁ သန်းကျော်ကို သူတို့ရဲ့ သုံးစွဲမှုတွေအတွက် ကျေးဇူးတင်ကြောင်း အသိအမှတ်ပြုတဲ့ နည်းလမ်းလေး တစ်ခုလည်းဖြစ်ပါတယ်။ လာမယ့်နှစ်သစ်ကိုလည်း ကျွန်တော်တို့ MPT က အတူတကွ ကြိုဆို သွားမှာပါ” ဟု MPT-KSGM Joint Operations မှ Chief Commercial Officer ဖြစ်သူ Mr. Koichi Kawase က ပြောကြားခဲ့ပါသည်။
MPT မှ ထုတ်ပြန်ချက်များနှင့် ပရိုးမိုရှင်းအစီအစဉ်များအား ပိုမိုသိရှိလိုပါက www.mpt.com.mm သို့မဟုတ် www.facebook.com/mptofficialpage တွင် ဖတ်ရှုလေ့လာနိုင်ပါသည်။