×

သဘာဝပတ်ဝန်းကျင်သန့်ရှင်းသာယာလှပစေရေးနှင့် အမှိုက်ကင်းစင်စေရေးအတွက် MPT Money ၏ “သန့်ရှင်းခေတ်မီရှေ့သို့ချီ” နိုင်ငံတစ်ဝန်း စုပေါင်း သန့်ရှင်းရေးလှုပ်ရှားမှုများ ကို မြန်မာနိုင်ငံအနှံ့အပြားရှိ မြို့ကြီးများတွင် ကျင်းပပြုလုပ်ခဲ့

10 Mar 2020

(ရန်ကုန်၊ ၂၀၂၀ ပြည့်နှစ် မတ်လ ၁၀ ရက်) – မြန်မာနိုင်ငံအတွင်း သဘာဝပတ်ဝန်းကျင်သန့်ရှင်း သာယာ လှပစေရေး အမှိုက်ကင်းစင်စေရေးအတွက် MPT Money  ၏“သန့်ရှင်းခေတ်မီရှေ့သို့ချီ” နိုင်ငံတစ်ဝန်း စုပေါင်း သန့်ရှင်းရေး လှုပ်ရှားမှုကို            မြန်မာနိုင်ငံအနှံ့အပြားရှိ   မြိုကြီးများတွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပြီ ဖြစ်ပါသည်။ အဆိုပါလှုပ်ရှားမှုသည် ပြည်သူများအကြား သန့်ရှင်းသာယာပြီး စိမ်းလန်းစိုပြေသော ပတ်၀န်းကျင်၏ အရေးပါမှုကို ပိုမိုသိသာထင်ရှားလာစေရန်နှင့် ဒေသခံပြည်သူများအကြားတွင် အမှိုက်စွန့်ပစ်မှု  အလေ့အထကောင်းများ တိုးပွားဖြစ်ပေါ် လာစေရန် ရည်ရွယ်၍ ဖေဖော်၀ါရီလ (၁၅) ရက်မှ စတင်ကာ မတ်လ (၇) ရက်နေ့အထိ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး တိုင်းဒေသကြီးနှင့်ပြည်နယ်များ ရှိ ဒေသ (၁၈) ခုတို့တွင် ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

ယခုလို MPT Money ၏ “သန့်ရှင်း ခေတ်မီ ရှေ့သို့ချီ” လှုပ်ရှားမှုကို လွန်ခဲ့သည့် ဖေဖော်၀ါရီလ (၁၅) ရက်မှ စတင်ပြီး နေပြည်တော်နှင့်  မွန်ပြည်နယ် တို့တွင် လည်းကောင်း၊ ဖေဖော်ဝါရီလ (၂၂) ရက်နေ့က ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ပဲခူးတိုင်း(အနောက်) တို့တွင်လည်းကောင်း၊ ဖေဖော်ဝါရီလ (၂၈) ရက် နေ့က ရှမ်းပြည်နယ် (အရှေ့ပိုင်း) တွင်လည်းကောင်း၊ ဖေဖော်ဝါရီလ (၂၉) ရက်နေ့တွင် မန္တလေးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်း(အရှေ့)၊ ရန်ကုန်တိုင်း၊ တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကယားပြည်နယ် နှင့် ကရင်ပြည်နယ် တို့တွင် လည်းကောင်း၊ ပြီးခဲ့သည့် မတ်လ (၂) ရက် (တနင်္လာနေ့)က ရှမ်းပြည်နယ် (တောင်ပိုင်း) နှင့် မတ်လ (၇) ရက် (စနေနေ့)က ချင်းပြည်နယ် တို့တွင်လည်းကောင်း အသီးသီးဆောင်ရွက်ခဲ့ကြကာ MPT မှ စေတနာရှင်၀န်ထမ်းများအနေဖြင့် MPT Money ကိုယ်စားလှယ်များ၊ အများပြည်သူများ၊ လူမှုရေးအဖွဲ့အစည်းများ၊ သက်ဆိုင်ရာမြို့နယ်စည်ပင်သာယာရေး ကော်မတီ အဖွဲ့ဝင်များ၊ အုပ်ချုပ်ရေး အဖွဲ့အစည်းများ၊ ဒေသခံ လူမှုအသိုက် အဝန်းများနှင့် အတူ လက်တွဲကာ နိုင်ငံတစ်ဝန်းရှိ အထင်ကရနေရာများ၊ စေတီပုထိုးများ၊ အများပြည်သူဆိုင်ရာနေရာများတွင် စုပေါင်းဆောင်ရွက် နိုင်ခဲ့ခြင်း ဖြစ်ပါသည်။ ယခုလိုဆောင်ရွက်ရာတွင် ကွဲပြားသည့် အဖွဲ့အစည်းများနှင့် ပြည်သူလူထုတို့ ပါဝင်နိုင်စေရေးအတွက် ဒေသအလိုက် စီစဥ်ဆောင်ရွက်ခြင်းဖြစ်ပြီး  အမှိုက်ကောက် လှုပ်ရှားမှု နှင့်အတူ သန့်ရှင်းရေးနှင့်ဆိုင်သည့် ဆောင်ပုဒ်များကို ကိုင်ဆောင်ကာ လှည့်လည်ပြီး အသိပညာများ ဖြန့်ဝေခြင်းနှင့် သန့်ရှင်းရေးကဗျာများဖြင့် ကပြခြင်းစသည့် လှုပ်ရှားမှုများကိုလည်း ဆောင်ရွက်ခဲ့ကြပါသည်။

“နိုင်ငံအနှံ့ အဓိက မြို့ကြီး ၁၈ မြို့မှာ ရှိတဲ့ ကျွန်တော်တို့ရဲ့  ဝန်ထမ်းတွေအားလုံး အတူတကွ သန့်ရှင်းရေး ဆောင်ရွက်နိုင်ခဲ့တဲ့အတွက် အထူးပဲဂုဏ်ယူဝမ်းမြောက်မိပါတယ်။ အခုလိုနေရာအနှံ့အပြားမှာ ကျင်းပခဲ့တဲ့ ဒီလှုပ်ရှားမှုကြီးမှာ ဝန်ထမ်းတွေနဲ့ ဒေသခံပြည်သူတွေ စုပေါင်းပြီး အင်အား ၇,၀၀၀ ကျော် ပါဝင် ဆောင်ရွက် နိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ MPT Money ရဲ့ “သန့်ရှင်းခေတ်မီရှေ့သို့ချီ နိုင်ငံတစ်ဝန်း စုပေါင်းသန့်ရှင်းရေး လှုပ်ရှားမှုနဲ့အတူ လူမှုရေးအဖွဲ့အစည်းတွေ ဒေသခံပြည်သူတွေကလည်း မိမိတို့ပတ်ဝန်းကျင်နဲ့ အများပြည်သူဆိုင်ရာ နေရာတွေမှာ အခုလို ဂုဏ်ယူစွာနဲ့ ပူးပေါင်းပါဝင်ပေးခဲ့ကြတဲ့ အတွက် အထူးပဲ ကျေးဇူးတင်ရှိပါတယ်။သန့်ရှင်းခေတ်မီရှေ့သို့ချီ နိုင်ငံတစ်ဝန်း စုပေါင်းသန့်ရှင်းရေး လှုပ်ရှားမှုဟာ ဘေးကင်းလုံခြုံပြီး သန့်ရှင်းတဲ့ သဘာဝပတ်ဝန်းကျင်ကို ဖြစ်စေရေးရဲ့ အရေးပါပုံ နဲ့ လူတိုင်းမှာ တာဝန်ရှိကြောင်းကို မီးမောင်းထိုးပြရန်အတွက် ရည်ရွယ်ပြုလုပ်ခဲ့ခြင်းဖြစ်ပါတယ်။ ဒါ့အပြင် ကျွန်တော့်အနေနဲ့ လူတိုင်းကို၊ အထူးသဖြင့် လူငယ်တွေကို၊ အမှိုက်စွန့်ပစ်ခြင်းနဲ့  ဒေသတွင်းက သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး လှုပ်ရှားမှုတွေမှာ ပါဝင်ကြဖို့ တိုက်တွန်းလိုပြီး ဒါကမြန်မာနိုင်ငံကို စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေနိုင်ဖို့အတွက် အထောက်အပံ့ကောင်းတစ်ခု ဖြစ်စေမယ်လို့လည်း မှတ်ယူထားပါတယ် ” ဟု MPT Money Co., Ltd ၏ အုပ်ချုပ်မှုဒါရိုက်တာ ဖြစ်သူ ဦးခင်မောင်မြင့် မှ ပြောကြားခဲ့ပါသည်။

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကို လုပ်ဆောင်ကြရန်မှာ လူတိုင်းတွင်တာဝန်ရှိပြီး အထူးသဖြင့် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ယခုလို ဆောင်ရွက်နိုင်ခြင်းမှာ MPT Money သာမက သက်ဆိုင်ရာ ဒေသများအလိုက် လူမှုရေးအဖွဲ့အစည်းများ၊ စည်ပင်သာယာရေးကော်မတီများနှင့် ဒေသခံပြည်သူများ၏ ပူးပေါင်းဆောင်ရွက်မှုကြောင့်ဖြစ်ကာ ယင်းသို့ပါဝင်ခဲ့သည့်အတွက်လည်း MPT Money က ကျေးဇူးတင် ဂုဏ်ပြုအပ်ပါသည်။ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်ဆောင်ရွက်ခဲ့သည့် “သန့်ရှင်းခေတ်မီရှေ့သို့ချီ” စုပေါင်းသန့်ရှင်းရေး လှုပ်ရှားမှု၏ ပုံရိပ်များကို ယခုသတင်းထုတ်ပြန်ချက်နှင့်အတူ ဖော်ပြထားပါသည်။

MPT Money ၏ “သန့်ရှင်းခေတ်မီရှေ့သို့ချီ” နိုင်ငံတစ်ဝန်း စုပေါင်းသန့်ရှင်းရေး လှုပ်ရှားမှုနှင့်ပတ်သက်၍ ပိုမို သိရှိလိုပါက MPT Money ၏ တရားတင် လူမှုကွန်ရက် စာမျက်နှာ ဖြစ်သော https://www.facebook.com/MPTMoneyOfficial/ တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။