×

သုံးစွဲသူတစ်ဦးချင်းအလိုက် သီးသန့်အခွင့်အရေးများ ရရှိနိုင်မည့် MPT ၏ အထူးအစီအစဉ်

07 Aug 2018

(ရန်ကုန်၊ ၂၀၁၈ ခုနှစ် သြဂုတ် ၇ ရက်) – မြန်မာ့ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာ MPT က သုံးစွဲသူများ အတွက် ၎င်းတို့၏ နေ့စဉ်အသုံးပြုမှုပုံစံအပေါ်မူတည်၍ လိုအပ်ချက်များကို ဖြည့်ဆည်းပေးမည့် MPT Special Offer ကို စတင်မိတ်ဆက်လိုက်ပြီဖြစ်ပါသည်။ မိမိတို့ ရယူထားသည့် Data Package များအတွက် Data အပိုဆုလက်ဆောင်များ၊ သက်တမ်းကာလကြာကြာအသုံးပြုနိုင်ခွင့်များ ၊ ငွေဖြည့်အပိုဆုလက်ဆောင်များ (သို့မဟုတ်) အသစ်ပရိုမိုးရှင်းအစီအစဉ်များ နှင့် အခြားသောအထူးအစီအစဉ်များကို နေ့ရက်တိုင်းတွင် သုံးစွဲသူများက ရရှိခံစားနိုင်မည်ဖြစ်သည်။

MPT Special Offer ကို သြဂုတ်လ (၇) ရက်နေ့မှစတင်လိုက်ပြီး MPT သုံးစွဲသူများအားလုံးသည် *555# ကိုခေါ်ဆိုကာ မတူညီသောဝန်ဆောင်မှုများပါဝင်သည့် MPT Special Offer များကို နေ့စဉ်ရှာဖွေ ရယူနိုင်ပြီဖြစ်ပါသည်။ သုံးစွဲသူများအနေဖြင့် *555# သို့ခေါ်ဆို၍ မိမိရရှိမည့် Special Offer ကို စစ်ဆေး ကြည့်ကာ ရယူလိုပါက နံပါတ်(၁)ကို ရွေးချယ်ရိုက်နှိပ်ပြီး Special Offer ကို အတည်ပြုရယူနိုင်မည် ဖြစ်သည်။ တစ်ရက်အတွင်းမိမိရရှိသည့် MPT Special Offer ကို အကြိမ်အရေအတွက် အကန့်အသတ်မရှိ ရယူအသုံးပြုနိုင်မည်ဖြစ်ပြီး နောက်ရက်တွင်မူ *555#ကို ထပ်မံခေါ်ဆိုကာ မတူညီသော Special Offer များကို ဆက်လက်ရယူ အသုံးပြုနိုင်မည်ဖြစ်သည်။

MPT-KSGM Joint Operations မှ Chief Commercial Officer ဖြစ်သူ Mr. Reizo Umeda က “ကျွန်တော်တို့ရဲ့ အဖိုးတန်တဲ့ သုံးစွဲသူတွေအတွက် ကျေးဇူးတုံ့ပြန်ချင်တဲ့စိတ်နဲ့ အခုအထူးအစီအစဉ်ကို ဆောင်ရွက်ခဲ့တာဖြစ်ပါ တယ်။ ကျွန်တော်တို့အနေနဲ့ သုံးစွဲသူတွေ တစ်ဦးချင်းစီအလိုက်ရရှိမယ့် Special Offer မှာ ပါဝင်မယ့် ဝန်ဆောင်မှုတွေကနေ သုံးစွဲသူတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ ဖုန်းပြောတာ ဒါမှမဟုတ် စာပို့ရတာ သဘောကျတဲ့ သုံးစွဲသူတွေ၊ အင်တာနက် နဲ့ အွန်လိုင်းဂိမ်းတွေကို စွဲလန်းနှစ်သက်ကြသူတွေအတွက် အခုဆိုရင် ပိုပြီးတိုးချဲ့ထားတဲ့ LTE+ ကွန်ရက်ပေါ်ကနေ ကျွန်တော်တို့ရဲ့ အထူးအစီအစဉ်တွေကို အသုံးပြုပြီး ပျော်ရွှင်ကြည်နူးကြမယ်လို့ မျှော်လင့်ပါတယ်” ဟု ပြောကြားခဲ့သည်။

MPT မှ သုံးစွဲသူများ၏ ဖုန်းခေါ်ဆိုခြင်းနှင့် ဒေတာအသုံးပြုမှုများအတွက် ကွဲပြားသောလိုအပ်ချက်များကို ဖြည့်ဆည်းရန် Package များစွာကို သက်သာသည့်နှုန်းထားဖြင့် ပံ့ပိုးပေးလျက်ရှိပါသည်။ MPT ၏ ဒေတာဝန်ဆောင်မှု၊ ဖုန်းခေါ်ဆိုမှု Package များနှင့် ပတ်သက်၍ အသေးစိတ်သိရှိလိုပါက http://mpt.com.mm/mm/ တွင်ဝင်ရောက်လေ့လာနိုင်ပါသည်။