×

သုံးစွဲသူများကို ကျေးဇူးတုံ့ပြန်သည့် MPT Club အစီအစဉ်အတွက် MPT က ကုန်အမှတ်တံဆိပ် ၃ခုနှင့် ထပ်မံပူးပေါင်း

03 Jul 2018

(ရန်ကုန်၊ ၂၀၁၈ ခုနှစ် ဇူလိုင်လ ၃ရက်)- မြန်မာ့ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာ MPT မှ MPT Club အစီအစဉ်အတွက် မင်္ဂလာရုပ်ရှင်ရုံ၊ rgo47၊ Yangon Waterboom တို့နှင့် ထပ်မံပူးပေါင်းလိုက်ပြီဖြစ်ကြောင်း ယနေ့တွင် သတင်းထုတ်ပြန်လိုက်သည်။ ထိုသို့ပူးပေါင်းမှုကြောင့် သုံးစွဲသူများအနေဖြင့် MPT Club မှ တစ်ဆင့် တန်ဖိုးရှိပြီး နှစ်သက်ဖွယ် ကောင်းသည့် ဆုလက်ဆောင်များကို ပိုမို ရရှိနိုင်တော့မည် ဖြစ်ပါ သည်။

MPT Club အဖွဲ့ဝင်များအနေဖြင့် နာမည်ကြီး အွန်လိုင်းစတိုး rgo47 တွင် ကျပ် ၁,၀၀၀ တန်ဖိုးနှင့်ညီမျှသည့် ပစ္စည်းဝယ်ယူမှုတိုင်းအတွက် ၈ ပွိုင့် ရရှိမည်ဖြစ်သည်။ ရေကမ္ဘာအပန်းဖြေဥယျာဉ်ကို နှစ်သက်ကြသည့် MPT သုံးစွဲသူများအတွက်မူ Yangon Waterboom တွင် လစဉ် ၅ရက်၊ ၁၅ရက်နှင့် ၂၅ရက်နေ့များ၌ ဝင်ခွင့်လက်မှတ် ၁၀စောင် ဝယ်ယူမှုတိုင်းအတွက် လက်မှတ်တစ်စောင်ကို အခမဲ့ ရရှိမည်ဖြစ်ပြီး မင်္ဂလာရုပ်ရှင်ရုံတွင်လည်း MPT Club အဖွဲ့ဝင်များအနေဖြင့် သရေစာမုန့်များနှင့် အအေးကူပွန်လက်မှတ်များကို အထက်ပါရက်များအတွင်း MPT ၏ Lucky Five ပရိုမိုးရှင်းအစီအစဉ်အဖြစ် ရရှိနိုင်ကြမည် ဖြစ်ပါသည်။

MPT-KSGM Joint Operations ၏ Chief Commercial Office ဖြစ်သူ Mr. Reizo Umeda က “MPT ရဲ့ ဆက်သွယ်ရေးဝန်ဆောင်မှုတွေအပြင် သုံးစွဲသူတွေရဲ့ လူနေမှုဘဝတွေ ပိုပိုပြီးတိုးတက်လာနိုင်မယ့် နည်းလမ်း တွေကို ကျွန်တော်တို့ အမြဲမပြတ် ရှာဖွေနေပါတယ်။ MPT Club ကို မိတ်ဆက်ပေးပြီးတဲ့ နှစ်လတာအတွင်းမှာ အခုလို တိုးချဲ့ဆောင်ရွက်နိုင်ခဲ့တဲ့အတွက်လည်း အရမ်းဝမ်းမြောက်မိပါတယ်။ မြန်မာပြည်က နာမည် ထင်ရှားတဲ့ အမှတ်တံဆိပ်တွေနဲ့ အခုလိုပူးပေါင်းလိုက်နိုင်တဲ့အတွက်လည်း စိတ်လှုပ်ရှားဝမ်းမြောက်မိပါတယ်။ မြန်မာပြည်ရဲ့ အကြီးမားဆုံး ဒီပူပေါင်းဆောင်ရွက်မှုမှတစ်ဆင့် ကျွှန်တော်တို့ရဲ့ ခိုင်မာတဲ့သုံးစွဲသူတွေကို ပျော်ရွှင်မှုတွေ ယူဆောင်လာပေးနိုင်သလို ပြည်တွင်းကုမ္ပဏီတွေအတွက်လည်း ပရိုမိုးရှင်းအသစ်တွေကို ဖော်ဆောင်ပေးနိုင်ခဲ့ပါပြီ”ဟု ပြောကြားခဲ့သည်။

ယခုနှစ် မေလတွင် မိတ်ဆက်ခဲ့သည့် MPT Club မှာ MPT သုံးစွဲသူများအတွက် ကျေးဇူးတင်တုံ့ပြန်သည့် အစီအစဉ်တစ်ခုလည်းဖြစ်သည်။ MPT Club အဖွဲ့ဝင်များအနေဖြင့် MPT ငွေဖြည့်ကတ်များကို အသုံးပြုတိုင်း နှင့် MPT မိတ်ဖက်ဆိုင်များမှ ထုတ်ကုန်နှင့် ဝန်ဆောင်မှုများကို ရယူတိုင်းတွင်လည်း ပွိုင့်များ ရရှိနိုင်မည်ဖြစ်သည်။

သုံးစွဲသူများသည် အခကြေးငွေပေးစရာမလိုဘဲ *345# ကို ခေါ်ဆို၍ MPT Club တွင် ပါဝင်နိုင်မည်ဖြစ်ပြီး ကနဦး ပွိုင့်များလည်း ရရှိမည်ဖြစ်သည်။

စိတ်လှုပ်ရှားဖွယ်ရာ ကျေးဇူးတုံ့ပြန်မှု အစီအစဉ် သို့မဟုတ် အခြားဝန်ဆောင်မှုများနှင့်ပတ်သက်၍ သိရှိလိုပါက Hot Line နံပါတ် ၁၀၆ သို့မဟုတ် MPT တရားဝင် Facebook စာမျက်နှာဖြစ်သည့် www.facebook.com/mptofficialpage တွင် ဆက်သွယ်မေးမြန်းနိုင်ပါသည်။