×

သုံးစွဲသူများကို ကျေးဇူးတုံ့ပြန်သည့် “ MPT CLUB” အစီအစဉ်အတွက် MPT က မိတ်ဖက်လုပ်ငန်း ၃၂ ခုနှင့် ပူးပေါင်းဆောင်ရွက်

26 Feb 2019

(ရန်ကုန်၊ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၂၆ရက်)- မြန်မာနိုင်ငံ၏ပထမဦးဆုံး နှင့် မိုဘိုင်းလ်ဆက်သွယ်ရေးကွန်ရက် တွင် ဦးဆောင်နေသော MPT မှ သုံးစွဲသူများကို ကျေးဇူးတုံ့ပြန်သော အားဖြင့် “MPT Club” အစီအစဉ်တွင် မိတ်ဖက်လုပ်ငန်း၂၁ ခုနှင့် ထပ်မံ ပူးပေါင်းလိုက်ပြီ ဖြစ်ကြောင်းယနေ့သတင်းထုတ်ပြန်သည်။ သုံးစွဲသူများ အနေဖြင့် ဖုန်းငွေဖြည့်ခြင်းနှင့် သက်ဆိုင်ရာ မိတ်ဖက်လုပ်ငန်း၏ ဆိုင်များတွင် ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှု များ ဝယ်ယူအသုံးပြုခြင်းဖြင့် ပွိုင့် များကို ရရှိနိုင်မည်ဖြစ်သည်။

ယခု “ MPT Club” အစီအစဉ် တွင် မိတ်ဖက်အမှတ်တံဆိပ်/လုပ်ငန်း စုစုပေါင်း ၃၂ ခု အထိရှိလာပြီး နိုင်ငံတစ်ဝှမ်းရှိ နေရာပေါင်း ၂၀၀ ကျော်တွင် “MPT Club” အစီအစဉ်ကို အသုံးပြုနိုင်ပြီဖြစ်သည်။ တစ်နိုင်ငံလုံး အနှံ့ဖြန့်ကျက်ထားသည့် MPT ၏ မြန်နှုန်းမြင့် 3G/LTE+ ကွန်ရက်ပေါ်မှတစ်ဆင့် သုံးစွဲသူများသည် မိုဘိုင်းလ် စတိုးဆိုင်များ၊ လျှပ်စစ်ပစ္စည်းအရောင်းဆိုင်များ၊ ဟိုတယ်များ၊ Online shopping ပေါ်တယ်များ ၊ ဓာတ်ဆီ ဆိုင်များတွင် MPT Club နှင့်အတူ အကျိုးကျေးဇူးများကို ရရှိခံစားနိုင်မည်ဖြစ်သည်။

ရန်ကုန်မြို့တွင်းရှိ “ MPT Club” အဖွဲ့ဝင်များသည် MAX ENERGY နှင့် မိတ်ဖက်အဖြစ်ဆောင်ရွက်ထားသည့် MAX ဓာတ်ဆီဆိုင် ၁၈ ဆိုင် တွင် ငွေကျပ် ၅,၀၀၀ ဖိုးဆီဖြည့်လျှင် ၂၅ ပွိုင့် ရရှိမည်ဖြစ်ပြီး ၎င်းပွိုင့်များအား MAX ENERGY ဆီဖြည့်ကူပွန်လက်ဆောင်များအဖြစ် လဲလှယ်ရယူနိုင်မည် ဖြစ်သည်။ “ MPT Club” အဖွဲ့ ဝင်များသည် ယခုအစီအစဉ်ကို တိုင်းနှင့်ပြည်နယ်များရှိ MAX ENERGY ရှိသည့် နေရာတိုင်းတွင် မကြာမီ အသုံးပြုနိုင်တော့ မည်ဖြစ်သည်။

တိုင်းနှင့် ပြည်နယ်များရှိ MPT အသုံးပြုသူများသည် အောက်တွင်ဖော်ပြထားသည့် အခြားမိတ်ဖက်လုပ်ငန်း များ၏ ဝန်ဆောင်မှုများအသီးသီးကို အသုံးပြုခြင်းဖြင့် ပွိုင့်များကို ရရှိမည်ဖြစ်သည်။

*သုံးစွဲသူများအနေဖြင့် MPT ဝန်ဆောင်မှုများ(သို့မဟုတ်) မိတ်ဖက်ဆိုင်များမှ ထုတ်ကုန်နှင့် ဝန်ဆောင်မှုများကို ဝယ်ယူမှု တိုင်းတွင်လည်း ပွိုင့်များ ရရှိမည် ဖြစ်ပြီး ၎င်းပွိုင့်များဖြင့် MPT ဝန်ဆောင်မှုများ (သို့မဟုတ်) မိတ်ဖက်ဆိုင်များမှ ထုတ်ကုန်များ ဖြင့် ပြန်လည် လဲလှယ်နိုင်မည် ဖြစ်သည်။
“MPT Club” အဖွဲ့ဝင်များအနေဖြင့် လစဉ်လတိုင်း ၅ ရက်၊ ၁၅ ရက် နှင့် ၂၅ ရက်တို့တွင် ကုန်ပစ္စည်းများ၊ ဝန်ဆောင်မှုများအတွက် အံ့သြဖွယ်ရာ အထူးလျော့ဈေးများ ရရှိနိုင်မည့် Lucky 5 ပရိုမိုးရှင်း အစီအစဉ်တွင်လည်း မိတ်ဖက်အဖွဲ့အစည်းအသစ်များ ပူးပေါင်းပါဝင်သွားမည် ဖြစ်ရာ နိုင်ငံတစ်ဝှမ်း Lucky 5 ပရိုမိုးရှင်းအစီအစဉ်၌ ပါဝင်သွားမည့် မိတ်ဖက်အဖွဲ့အစည်းအသစ်များမှာ အောက်ပါအတိုင်း ဖြစ်သည်။

MPT-KSGM Joint Operations ၏ စီးပွားရေးဌာနကြီးမှ အရာရှိချုပ်ဖြစ်သူ Mr. Reizo Umeda က “ တစ်နိုင်ငံ လုံးမှာရှိတဲ့ ကျွန်တော်တို့ရဲ့ မိုဘိုင်းလ် ကွန်ရက်ကိုချိတ်ဆက်အသုံးပြုနေကြတဲ့ MPT သုံးစွဲသူတွေကို ကျေးဇူး တုံ့ပြန်တဲ့အနေနဲ့အကျိုးအမြတ်တွေကို ပြန်လည်ရရှိခံစားနိုင်မယ့် ဒီအစဉ်ကို ဆောင်ရွက်ခဲ့တာပဲ ဖြစ်ပါတယ်။ တစ်နိုင်ငံလုံးက သုံးစွဲသူတွေအတွက် ဆုလက်ဆောင်တွေနဲ့ အကျိုးခံစားခွင့်တွေ ကို ပိုပိုပြီးပေးနိုင်ဖို့ ကျွန်တော် တို့ဟာ ဝန်ဆောင်မှုအမျိုးမျိုးပါဝင်တဲ့ မိတ်ဖက်ကုန်အမှတ်တံဆိပ်/လုပ်ငန်း ၂၁ ခုနဲ့ ထပ်မံပြီးပူးပေါင်းဆောင်ရွက်နိုင်ခဲ့တဲ့ အတွက် အရမ်းကို စိတ်လှုပ်ရှားပျော်ရွှင်မိပါတယ်။ “MPT Club” အစီအစဉ်ဟာ MPT ရဲ့ ဝန်ဆောင်မှုတွေ ဝယ်ယူမှသာ ပွိုင့်တွေရရှိတာ မဟုတ်ဘဲ မိတ်ဖက်လုပ်ငန်းတွေကနေ သူတို့ရဲ့ကုန်ပစ္စည်းတွေနဲ့ ဝန်ဆောင်မှုတွေ ဝယ်ယူရင်လည်း ပွိုင့်တွေ ရရှိမှာဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ သုံးစွဲသူတွေအတွက် ဒီလို စိတ်ဝင်စားစရာကောင်းတဲ့ အစီအစဉ်တွေကို အမြဲမိတ်ဆက်ပေး သွားမှာဖြစ်တာ ကြောင့် သုံးစွဲသူတွေ အနေနဲ့ အခုကစပြီး “MPT Club” ကို စာရင်ပေးသွင်းရင်း နဲ့ ပွိုင့်တွေ စုဆောင်း နိုင်ပြီဖြစ်ပါတယ်” ဟုပြောကြားခဲ့သည်။

၂၀၁၈ ခုနှစ် မေလတွင် မိတ်ဆက်ခဲ့သည် “MPT Club” သည် MPT သုံးစွဲသူများ အတွက် ကျေးဇူးတုံ့ပြန်သည့် အစီအစဉ်တစ်ခုဖြစ်ပြီး “MPT Club” အဖွဲ့ဝင်များအနေဖြင့် MPT ငွေဖြည့်ကတ်များကို အသုံးပြုတိုင်းနှင့် MPT မိတ်ဖက်ဆိုင်များမှ ထုတ်ကုန်နှင့် ဝန်ဆောင်မှုများကို ရယူမှုတိုင်းတွင်လည်း ပွိုင့်များ ရရှိမည် ဖြစ်သည်။ “MPT Club” အဖွဲ့ဝင် ဖြစ်လာရန်အတွက်*345# ကိုခေါ်ယူခြင်း (သို့မဟုတ်) 345 သို့ REG M/F DOB ဟု စာတို (SMS) ပေးပို့ခြင်း(ဥပမာ REG F 09/07/1991) (သို့မဟုတ်) MPT 4U Application မှတစ်ဆင့် ကုန်ကျစရိတ်မရှိဘဲ အဖွဲ့ဝင်နိုင်မည် ဖြစ်သည်။
စိတ်လှုပ်ရှားဖွယ်ရာ ယခု အစီအစဉ်နှင့် ပတ်သက်၍ အသေးစိတ် သိရှိလိုပါက ၁၀၆ သို့ ဖုန်းခေါ်ဆိုခြင်း သို့မဟုတ် MPT ၏ ဝက်ဘ်ဆိုက် (www.mpt.com.mm) နှင့် တရားဝင် ဖေ့စ်ဘွတ်စာမျက်နှာ www.facebook.com/mptofficialpage သို့ ဝင်ရောက် လေ့လာနိုင်ပါသည်။