×

သုံးစွဲသူများအတွက် ကျေးဇူးတုန့်ပြန်ခြင်း အစီအစဉ်များနှင့် အကျိုးအမြတ်များစွာ ဆောင်ယူလာတော့မည် “MPT Club” ကို MPT နှင့် မြန်မာနိုင်ငံ၏ လက်လီ ဈေးကွက်တွင် ထိပ်ဆုံးမှ ရပ်တည်နေသော မိတ်ဖက်လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်

15 May 2018

(ရန်ကုန်၊၂၀၁၈ ခုနှစ် မေလ ၁၅ ရက်) – မြန်မာ့ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာ MPTက နိုင်ငံ၏ ထိပ်တန်းလက်လီအရောင်ဆိုင်များ၊ ဝန်ဆောင်မှုများနှင့် ပူးပေါင်း၍ MPT Club အမည်ရှိ ဆန်းသစ်တီထွင်ထား သည့် အစီအစဉ်အသစ်ကို ယနေ့တွင် မိတ်ဆက်ပေးလိုက်ပြီး ၎င်းမှတစ်ဆင့် သန်းနှင့်ချီသောသုံးစွဲသူများက အသင်းဝင် ဖြစ်လာနိုင်မည့်အခွင့်အရေးနှင့်အတူ စိတ်လှုပ်ရှားဖွယ်ရာ ဆုလက်ဆောင်များ၊ အကျိုးအမြတ်များကို ရရှိနိုင်မည် ဖြစ်သည်။

MPT Club အတွက် မိတ်ဖက်များနှင့်အတူတကွ ပူးပေါင်းဆောင်ရွက်ရသည့် ရည်ရွယ်ချက်မှာ သုံးစွဲသူများကို ပိုမိုဖြည့်စွမ်းပေးရန်ဖြစ်ကာ ၎င်းတို့အနေဖြင့် ငွေဖြည့်သည့်အခါတိုင်းနှင့် မိတ်ဖက်လုပ်ငန်းများ၏ ဆိုင်များတွင် ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများကို အသုံးပြုခြင်းတို့အတွက် ပွိုင့်များရရှိနိုင်မည်ဖြစ်ပါသည်။ ယင်းသို့ ရရှိလာ သည့် ပွိုင့်များကို MPT ၏ ငွေဖြည့်လက်ဆောင်များ၊ ဒေတာများဖြင့် လဲလှယ်နိုင်မည့်အပြင် မိတ်ဖက်ဆိုင်များ တွင် ကုန်ပစ္စည်းများ၊ ဝန်ဆောင်မှုများဖြင့်လည်း လဲလှယ်နိုင်မည် ဖြစ်သည်။ လက်ရှိတွင် MPT အနေဖြင့် abc Convenience Stores, City Mart, ခိုင်ခိုင်ကျော် မြန်မာထမင်းဆိုင်၊ Marrybrown၊ Pro1 Home Center ၊ SHWE LAR SHABU SHABU ဟော့ပေါ့၊ Shwe Taung Real Estate နှင့် Wai Yan Electronic ဆိုင်များနှင့်ပူးပေါင်း ဆောင်ရွက်နေပြီး မကြာမီ ထပ်မံပူးပေါင်းပါဝင်ဦးမည့် မိတ်ဖက်ဆိုင်များမှတစ်ဆင့်လည်း သုံးစွဲသူများအတွက် အကျိုးကျေးဇူးများ ရရှိနိုင်မည် ဖြစ်သည်။

MPT-KSGM Joint Operations ၏ CEO ဖြစ်သူ Mr. Toshitake Amamiya က “စားသောက်ကုန်တွေ၊ ၂၄နာရီဖွင့်တဲ့ စတိုးဆိုင်တွေ၊ ရှော့ပင်းစင်တာနဲ့ လက်လီအရောင်းဆိုင်တွေ ၊ နေ့စဉ်အသုံးဆောင်ပစ္စည်းတွေ၊ ကျန်းမာရေးနဲ့ အီလက်ထရွန်းနစ်ပစ္စည်းတွေ အပါအဝင် များပြားလှတဲ့ ကုန်ပစ္စည်းတွေနဲ့ ဝန်ဆောင်မှုတွေကို မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး MPT Club အနေနဲ့ မိတ်ဆက်ပေးခွင့်ရလို့ အရမ်းပဲ ဝမ်းမြောက်မိ ပါတယ်။ မြန်မာနိုင်ငံမှာ ဒီလို ပူးပေါင်းဆောင်ရွက်မှုက အကြီးမားဆုံးဖြစ်လာမှာဖြစ်တဲ့အပြင် သုံးစွဲသူ ၂၅ သန်း ကျော်က MPT Club အဖွဲ့ဝင်အဖြစ် မှတ်ပုံတင်ပြီး ငွေဖြည့်ဆုတွေ ရယူရင်းနဲ့ နေ့စဉ်ဘဝထဲကို ပျော်ရွှင်မှုတွေ ရောက်လာဖို့ ရည်ရွယ်ထားပါတယ်။ MPT Club က MPT တစ်ဦးတည်း ဆောင်ရွက်တာ မဟုတ်ဘဲ အားလုံး သော မိတ်ဖက်အဖွဲ့အစည်းတွေ ပူးပေါင်းထားတာဖြစ်သလို ကျွန်တော်တို့ရဲ့ ကြီးမားတဲ့ အောင်မြင်မှုတစ်ခု အဖြစ် ပြသနိုင်တဲ့၊ အရေးကြီးတဲ့ အစိတ်အပိုင်းဖြစ်တဲ့ သုံးစွဲသူတွေအတွက် ကျေးဇူးတုန့်ပြန်တဲ့ အစီအစဉ်တစ်ခု လည်းဖြစ်ပါတယ်” ဟု ပြောကြား ခဲ့သည်။

သုံးစွဲသူများအနေဖြင့် *345# ကို ခေါ်ဆို၍ MPT Club အဖွဲ့ဝင်ဖြစ်လာစေရန်အတွက် ကုန်ကျစရိတ်မရှိဘဲ အဖွဲ့ဝင်နိုင်မည်ဖြစ်ပြီး ပွိုင့်များ စတင်ရယူနိုင်မည်ဖြစ်သည်။

သုံးစွဲသူများအနေဖြင့် MPT Club ကို မှတ်ပုံတင်စဉ်တွင် ပွိုင့် ၅၀ ရရှိမည်ဖြစ်ပြီး ကြိုတင်ငွေဖြည့်တိုင်း သို့မဟုတ် Post-paid ပေးဆောင်တိုင်းတွင် ပွိုင့်များ စတင်ရရှိမည်ဖြစ်ကာ ၂၀၀ ကျပ်လျှင် ၁ ပွိုင့်နှုန်း ရရှိရန် သတ်မှတ်ထား ပါသည်။ (ဥပမာ ငွေဖြည့်ကတ် တစ်သောင်းလျှင် ပွိုင့် ၅၀ ရရှိမည်ဖြစ်သည်။)။ ယခုကဲ့သို့ စတင်မိတ်ဆက် ခြင်းအတွက် အထူးအစီအစဉ်အဖြစ် MPT Club အဖွဲ့ဝင်များသည် ပရိုမိုးရှင်းကာလဖြစ်သော ၂၀၁၈ ဇွန်လကုန် အထိ ငွေဖြည့်တိုင်းတွင် ပွိုင့် နှစ်ဆ ခံစားခွင့်ရမည် ဖြစ်ပါသည်။
ထို့အပြင် လစဉ် ၅ရက်၊ ၁၅ရက်၊ ၂၅ ရက်တိုင်းတွင် ကျင်းပမည့် Lucky 5 ပရိုမိုးရှင်းလည်း ရှိပြီး MPT Club အဖွဲ့ဝင်တိုင်းအနေနှင့် မိတ်ဖက်အဖွဲ့အစည်းများထံမှ အထူးဈေးနှုန်းနှင့်လျော့ဈေးများ ရယူခံစားနိုင်ဦးမည် ဖြစ်သည်။

စိတ်လှုပ်ရှားဖွယ်ရာ ယခုအစီအစဉ်နှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုပါက Hot Line နံပါတ် ၁၀၆ သို့မဟုတ် www.facebook.com/mptofficialpage တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။

MPT နှင့်လက်တွဲဆောင်ရွက်သည့် မိတ်ဖက်လုပ်ငန်းများ