×

သုံးစွဲသူများအတွက် အထွေထွေဗဟုသုတများ တိုးပွားလာစေရေး အထောက်အပံ့ကောင်းဖြစ်စေမည့် Quest To Million အစီအစဉ်သစ်ကို MPT စတင်မိတ်ဆက်

19 Dec 2018

(ရန်ကုန်၊ ၂၀၁၈ခုနှစ် ဒီဇင်ဘာ ၁၉ ရက်) – မြန်မာ့ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာ MPT က သုံးစွဲသူများ အတွက် ၎င်းတို့၏ အထွေထွေဗဟုသုတများ တိုးမြင့်လာစေရန်နှင့် စိတ်ဝင်စားဖွယ် မေတ္တာလက်ဆောင်များ ပြန် လည်ပေးအပ်သွားမည့် စိတ်လှုပ်ရှားဖွယ်ရာ Portal အသစ်ဖြစ်သော Quest To Million ကို ယနေ့စတင်မိတ် ဆက်လိုက်သည်။ နေ့စဉ် စိတ်ဝင်စားဖွယ်ရာမေးခွန်းတစ်ခုကို ရယူ၍ ဖြေဆိုရန်အတွက် အသုံးပြုသူများက 8576 သို့ ON ဟု စာတို(SMS) ပေးပို့ပြီး ဝန်ဆောင်မှုကို စတင်ရယူနိုင်မည်ဖြစ်သည်။

ဝန်ဆောင်မှုစာရင်းသွင်းခြင်းပြီးဆုံးသည်နှင့် သုံးစွဲသူများအနေဖြင့် အတည်ပြုကြောင်း SMS ကို ရရှိမည် ဖြစ် သည်။ ယခုဝန်ဆောင်မှုမှာ တစ်နေ့တာချင်း စာရင်းပေးသွင်းအသုံးပြုရသည့် ဝန်ဆောင်မှုစနစ်တစ်ခုဖြစ်ပြီး အသုံးပြုသူများက တစ်ရက်တာအတွက် ၉၉ ကျပ် (ကုန်သွယ်လုပ်ငန်းခွန်ပါဝင်ပြီး) ကျသင့်မည်လည်းဖြစ်သည်။ ပထမဆုံးအကြိမ်စာရင်းသွင်းအသုံးပြုသူတိုင်းအတွက် ၇ ရက်တာ အခမဲ့ရယူအသုံးပြုနိုင်မည်ဖြစ်ပြီး အဆိုပါ ဝန်ဆောင်မှုအတွင်းပါဝင်မည့် မေးခွန်းများကိုမူ တစ်ရက်ချင်းအလိုက် အသစ်အသစ်တို့ကို ဖြေဆိုနိုင်မည်ဖြစ်ကာ ရယူ အသုံးပြုသူတိုင်းက စိတ်ဝင်စားဖွယ်ကောင်းသော မေးခွန်းများကို အချိန်နှင့်အမျှ မိနစ်အလိုက် စဉ်းစား ဖြေဆိုနိုင်မည်ဖြစ်သည်။ ဝန်ဆောင်မှုရယူပြီးပါက မေးခွန်း ၅ ခုပါဝင်သည့် မေးမြန်းမှုတစ်ခုကို လက်ခံရရှိမည်ဖြစ်ရာ မေးခွန်းများကို ဖြေဆိုမှုများအတွက် အမှတ်များ ရရှိမည်ဖြစ်ပြီး ၎င်းအမှတ်များမှာ နောက်ပိုင်းတွင် ဆုလက်ဆောင်များနှင့်လဲလှယ် နိုင်မည်လည်းဖြစ်သည်။ အသုံးပြုသူများအနေဖြင့် မေးခွန်းများပါဝင်သော ဝန်ဆောင်မှုအစုကို ထပ်မံရယူနိုင်ပြီး ထို့အတွက် ၉၉ ကျပ် ထပ်မံကျသင့်မည်ဖြစ်သည်။ ဝန်ဆောင်မှုကို Portal လင့်ခ် http://questtomio.com/ နှင့် လိုတရ Portal လင့်ခ် http://qtm.lotayamm.com/ တို့တွင် ရယူနိုင်ပါသည်။

တစ်နေ့တာဝန်ဆောင်မှုကို တစ်ကြိမ်ရယူပြီးပါက မေးခွန်း ၅ ခုပါဝင်သည့် ဝန်ဆောင်မှုအစုတစ်ခုကို ပေးပို့မည် ဖြစ်ပြီး ယင်းအတွက် အမှတ် ၁၀ မှတ်ကို အလိုအလျောက် ရရှိသွားမည်ဖြစ်သည်။ မေးခွန်းများ ပိုမို ရယူဖြေဆို ခြင်းဖြင့် အမှတ်အရေအတွက် ပိုမိုများပြားစွာရရှိမည်ဖြစ်၍ အောက်ဖော်ပြပါဇယားအတွင်း အမှတ်ပေးစာရင်း တွက်ချက်ပုံကို ကြည့်ရှုနိုင်ပါသည်။

အဖြေမှန် ရရှိသည့် မေးခွန်း အရေအတွက် ရရှိမည့် အမှတ် အသေးစိတ်
၁ x ၂ = ၂ အဖြေမှန်မှုအတွက် ရမှတ် ၂ မှတ်
၂ x ၂ = ၄ အဖြေမှန်မှုအတွက် ရမှတ် ၂ မှတ်
၃ x ၂ = ၆ အဖြေမှန်မှုအတွက် ရမှတ် ၂ မှတ်
၄ x ၃ = ၁၂ အဖြေမှန်မှုအတွက် ရမှတ် ၃ မှတ် (အပိုဆု)
၅ x ၄ = ၂၀ အဖြေမှန်မှုအတွက် ရမှတ် ၄ မှတ် (အပိုဆု)

MPT-KSGM Joint Operations ၏ စီးပွားရေးရာဌာနမှ အရာရှိချုပ် Mr. Reizo Umeda က “သုံးစွဲသူတွေ အတွက် သူတို့ရဲ့ အထွေထွေဗဟုသုတတွေကို မြှင့်တင်ဖို့ရာမှာ စိတ်လှုပ်ရှားရတဲ့ မေးခွန်းတွေကို ဖြေဆိုပြီး လုပ် ဆောင်နိုင်မယ့် Quest to Million ဝန်ဆောင်မှုအသစ်ကို ကျွန်တော်တို့အနေနဲ့ မိတ်ဆက်နိုင်လို့ အရမ်းကို ကျေ နပ်ပီတိဖြစ်မိပါတယ်။ သုံးစွဲသူတွေအတွက်လည်း သူတို့ဖြေဆိုလို့ မှန်ကန်သွားတဲ့မေးခွန်းတွေအတွက် အမှတ် တွေရရှိမှာဖြစ်ပြီး ဒီအမှတ်တွေက နောက်ပိုင်းမှာ ဆုအဖြစ်ပြန်လည်ပေးအပ်မယ့် iPhone XS Mas ၊ OPPO F7 Youth ၊ Power Bank တွေနဲ့ မိုဘိုင်းလ်ငွေဖြည့်ကတ်တွေကို လဲလှယ်ရယူနိုင်မှာဖြစ်ပြီးတော့ အမှတ်အများဆုံး ရထားတဲ့သူတွေအနေနဲ့လည်း ဆုငွေကျပ်တစ်သန်းကို ပိုင်ဆိုင်ခွင့်ရဖို့အတွက် မြန်မာ့ရုပ်မြင်သံကြားရဲ့ Quest to Million ကဏ္ဍမှာ ပါဝင်ခွင့်ရရှိမှာဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ အမျိုးအစားစုံလင်လှတဲ့ ဝန်ဆောင်မှုတွေနဲ့ အတူ သုံးစွဲသူတွေအားလုံးအတွက် သူတို့ရဲ့ ဘဝမှာအရေးပါတဲ့ အဖိုးတန်ဝန်ဆောင်မှုတွေကို မြန်မာ့အမြန်ဆုံး ကွန်ရက်ပေါ်ကနေ ပေးအပ်နိုင်ဖို့ ရည်ရွယ်ထားတာဖြစ်သလို အခု ဒီဝန်ဆောင်မှုကတစ်ဆင့်လည်း သုံးစွဲသူတွေ က သူတို့ရဲ့အထွေထွေဗဟုသုတတွေကို ပြသပြီး မေးခွန်းတွေကိုဖြေဆိုရင်း တန်ဖိုးကြီးဆုလက်ဆောင်တွေကို ပိုင်ဆိုင်နိုင်ကြမယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်” ဟု ပြောကြားသည်။

Quest to Million အစီအစဉ်နှင့် ပတ်သက်၍သော်လည်ကောင်း၊ MPT ၏ အခြားသော ပရိုမိုးရှင်းအစီအစဉ်များ နှင့် စပ်လျဉ်း၍ ထပ်မံသိရှိလိုပါက ဖုန်းနံပါတ် ၁၀၆ သို့ခေါ်ဆိုခြင်း (သို့) www.mpt.com.mm နှင့် MPT ၏ တရားဝင်ဖေ့စ်ဘွတ် https://www.facebook.com/mptofficialpageသို့ ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပါ သည်။