×

သုံးစွဲသူများ၏ တောင်းဆိုမှုကြောင့် “နာရီတိုင်းမှာ ၅ မိနစ်စာ” အထူးအစီအစဉ်ကို MPT မှနောက်ထပ်တစ်လတိုးမြှင့်

26 Sep 2015

MPT ၏ သုံးစွဲသူများနှစ်ခြိုက်သော အထူးအစီအစဉ်ကို အောက်တိုဘာလကုန်အထိ တိုးမြှင့်ပြုလုပ်သွားမည်။

ရန်ုကုန်၊ မြန်မာ၊ စက်တင်ဘာ ၂၆၊ ၂၀၁၅ – မြန်မာနိုင်ငံ၏ ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာတစ်ဦးဖြစ်သော မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) သည် ၄င်း၏ဆွေသဟာအစီအစဉ်သုံးစွဲသူအားလုံးအတွက် ရည်ရွယ်စီစဉ် ပေးထားသော “နာရီတိုင်းမှာ ၅ မိနစ်စာ” အစီအစဉ်ကို အသုံးပြုသူများ၏ နှစ်ခြိုက်မှုနှင့်တောင်းဆိုမှုကြောင့် မူလကြေညာထားသော နောက်ဆုံးရက်ဖြစ်သည့် စက်တင်ဘာလ ၃၀ ရက်နေ့အစား အောက်တိုဘာလ ၃၁ ရက်အထိ နောက်ထပ်တစ်လတိုးမြှင့် ပြုလုပ်လိုက်ကြောင်း သတင်းထုတ်ပြန်လိုက်သည်။

“သုံးစွဲသူတွေဆီကနေ အခုလိုအပြုသဘောဆောင်တဲ့ တုံ့ပြန်မှုတွေ ကြားသိရတာ တကယ်ကိုဝမ်းသာရပါတယ်။ ကျွန်တော်တို့ MPT ကို အသုံးပြုသူတွေအနေနဲ့ ဒီအထူးအစီအစဉ်ကြောင့် တစ်နာရီအချိန်အတွင်းမှာ မိတ်ဆွေတွေ မိသားစုတွေဆီကို မိနစ်အပိုများများ ဖုန်းခေါ်ဆိုနိုင်ကြပါပြီ။ သုံးစွဲသူတွေဆီက နှစ်ခြိုက်မှုနဲ့ တောင်းဆိုမှုတွေကြောင့် ဒီ “နာရီတိုင်းမှာ ၅ မိနစ်စာ” အထူးအစီအစဉ်ကို နောက်ထပ်အချိန်ကာလတစ်လ တိုးမြှင့်ဖို့ ကျွန်တော်တို့ ဆုံးဖြတ်လိုက်ကြတာပါ။ ကျွန်တော်တို့ MPT အနေနဲ့ သုံးစွဲသူတွေရဲ့ တုံ့ပြန်မှုနဲ့ လိုအပ်ချက်တွေကို အမြဲနားစွင့်နေပြီး အကောင်းဆုံးဝန်ဆောင်မှုတွေ ပေးအပ်သွားမှာပါ” ဟု MPT-KSGM Joint Operations ၏ CEO ဖြစ်သူ Mr. Takashi Nagashima က ပြောကြားသည်။

အထူးအစီအစဉ်၏ စည်းကမ်း သတ်မှတ်ချက်များမှာ ယခင်အတိုင်းပင်ဖြစ်ပြီး ဆွေသဟာအသုံးပြုသူများအားလုံးအတွက် ဖြစ်သည်။ မိနစ် ၆၀ ဆက်တိုက် ဖုန်းခေါ်ဆိုသူများသည် ပထမဆုံး ၅ မိနစ်အတွက်သာ တစ်မိနစ် ၂၃ ကျပ်နှုန်းဖြင့် ပေးဆောင်ရမည်ဖြစ်ပြီး ကျန်ခေါ်ဆိုချိန် (အများဆုံး ၅၅ မိနစ်အထိ) ကို အခမဲ့ပြောဆိုနိုင်မည်ဖြစ်သည်။

ဥပမာအနေဖြင့် သုံးစွဲသူတစ်ဦးသည် ၂၅ မိနစ်ကြာဖုန်းခေါ်ဆိုလျှင် ပထမဆုံး ၅ မိနစ်အတွက်သာကုန်ကျမည်ဖြစ်ပြီး ကျန် ၂၀ မိနစ်ကို အခမဲ့ပြောဆိုနိုင်မည်ဖြစ်သည်။ မိနစ် ၆၀ ထက်ကျော်လွန်သော ဖုန်းခေါ်ဆိုမှုများအတွက်ကိုမူ မူလသတ်မှတ်စျေးနှုန်းဖြစ်သော တစ်မိနစ်လျှင် ၂၃ ကျပ်ဖြင့် ကောက်ခံသွားမည်ဖြစ်သည်။

ဤအထူးအစီအစဉ်သည် GSM/WCDMA ဆွေသဟာအစီအစဉ်အသုံးပြုသူတိုင်းအတွက် အလိုအလျောက် အကျုံးဝင်မည်ဖြစ်သည််။ ဖုန်းအဝင်လက်ခံပြောဆိုသူသည် ဆွေသဟာသုံးစွဲသူမဟုတ်ဘဲ ပုံမှန် MPT သုံးစွဲသူဖြစ်ပါကလည်း အဝင်လက်ခံခြင်းကိုအသုံးပြုနိုင်မည်ဖြစ်သည်။ ဤအစီအစဉ်အား ညနေ ၆ နာရီမှ ည ၁၀ နာရီအတွင်း အသုံးပြုနိုင်မည်မဟုတ်ပါ။ အခမဲ့စကားပြောဆိုချိန်များအတွက် တစ်ရက်လျှင် ဖုန်းခေါ်ဆိုမှုကို အကြိမ်အရေအတွက် ကန့်သတ်ထားခြင်းမရှိဘဲ သုံးစွဲသူစိတ်ကြိုက် ဖုန်းခေါ်ဆိုမှုများစွာပြုလုပ်နိုင်မည်ဖြစ်သည်။

ဆွေသဟာအစီအစဉ် အသုံးပြုသူများသည် တစ်မိနစ်လျှင် ၂၃ ကျပ် ဖြင့် စျေးနှုန်းချိုသာစွာ ဖုန်းခေါ်ဆိုနို်င်မည်ဖြစ်ပြီး ပိုမိုမြန်ဆန်ကောင်းမွန်သော အင်တာနက်ကိုလည်း အသုံးပြုနိုင်မည်ဖြစ်သည်။ GSM/WCDMA အသုံးပြုသူများအနေဖြင့် ဆွေသဟာအစီအစဉ်ကို ရယူလိုပါက ၁၃၃၂ သို့ “SWE” သို့မဟုတ် “POSTSWE”ဟု စာတိုပေးပို့ကာ အခမဲ့ရယူနိုင်ပါသည်။