
သောကြာနေ့များတွင် e Top-Up စနစ်ဖြင့် ငွေဖြည့်ပြီး MPT ၏ အခမဲ့ Data လက်ဆောင် နှင့် အပိုထပ်ဆောင်းဆုကြေး ခံစားခွင့်များ ရယူလိုက်ပါ။
14 Jul 2016ငွေဖြည့်ပမာဏ၏ ၃၀% အထိ ရရှိမည့် အပိုထပ်ဆောင်းဆုကြေးများကို MPT ဖုန်းအချင်းချင်း ခေါ်ဆိုမှုများ၊ စာတိုဝန်ဆောင်မှုများနှင့် pay-as-you-go data အတွက်ပါ အသုံးပြုနိုင်ပါသည်။
(ရန်ကုန်။ ၂၀၁၆ ခုနှစ် ဇူလိုင် ၁၄ ရက်) – မြန်မာနိုင်ငံ၏ ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာ ဖြစ်သော မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) သည် သုံးစွဲသူများအား ကျေးဇူးတုံ့ပြန်ရန်အလို့ငှာ ပြီးခဲ့သည့် ဇွန်လ ၁၇ ရက်နေ့က မိတ်ဆက်ခဲ့သည့် သောကြာနေ့များတွင် ငွေဖြည့်လျှင် စနေ၊ တနင်္ဂနွေနေ ပိတ်ရက်များ တွင်ပါ အင်တာနက် အခမဲ့သုံးနိုင်မည့် အထူးလက်ဆောင် အစီအစဉ် နှင့်အတူ သောကြာနေ့တွင် e-Top Up စနစ် ဖြင့် ငွေဖြည့်လျှင် အခမဲ့ Data လက်ဆောင်အပြင် ဖြည့်သွင်းသည့် ငွေပမာဏ၏ ၃၀ ရာခိုင်နှုန်းအထိ အပိုထပ်ဆောင်းဆုကြေး ပေးမည့်အစီအစဉ်ကို ဇူလိုင်လ ၁၅ ရက်တွင် စတင် မည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ကြေညာလိုက်ပါသည်။
မြန်မာနိုင်ငံတွင် သက်တမ်းအရှည်ကြာဆုံးသော ဆက်သွယ်ရေးကုမ္ပဏီဖြစ်သည့်အလျောက် ယခုအခါတွင် MPT ၏ ဝန်ဆောင်မှုကို သုံးစွဲသူပေါင်း သန်း၂ဝကျော်ရှိပြီဖြစ်ပါသည်။ အစဉ်အဆက်အားပေးခဲ့သော သုံးစွဲသူများကို ကျေးဇူးတုံ့ပြန်သည့်အနေဖြင့်လည်း MPT မှ ဆက်သွယ်ရေးဝန်ဆောင်မှုများကို အမြဲဆန်းသစ် တီထွင်မှုများ ပြုလုပ်နေသည့်အပြင် ပရိုမိုးရှင်းအစီအစဉ်များ၊ အထူးဆုများလည်း ပြုလုပ်ပေးလျက်ရှိသည်။
အပိုဆုလက်ဆောင်များကို ခံစားနိုင်ရန်အတွက် MPT ၏ ငွေကြိုဖြည့်စနစ်သုံး GSM နှင့် WCDMA အသုံးပြု သူများအနေဖြင့် သောကြာနေ့တိုင်း e-Top Up စနစ် ဖြင့် ငွေဖြည့်ရမည်ဖြစ်ပါသည်။ အနည်းဆုံး ငွေကျပ် ၁,၀၀၀ မှ စတင် ဖြည့်သွင်းရန်လိုအပ်ပြီး အပိုထပ်ဆောင်းဆုကြေးကို ငွေဖြည့်သည့်နေ့မှစ၍ ခုနစ်ရက်အထိ သုံးစွဲနိုင်မည် ဖြစ်ပါသည်။ အဆိုပါ အပိုထပ်ဆောင်းဆုကြေးများကို MPT ဖုန်းအချင်းချင်းခေါ်ဆိုမှုများ၊ စာတို ဝန်ဆောင်မှုများ၊ Pay As You Go Data များအတွက် သုံးစွဲနိုင်မည်ဖြစ်ပါသည်။
ထို့အပြင် သောကြာနေ့တွင် ခဲခြစ်ငွေဖြည့်ကတ်ဖြင့် ငွေဖြည့်လျှင် စနေ၊ တနင်္ဂနွေ ပိတ်ရက်များတွင်ပါ အခမဲ့ Data လက်ဆောင်များ အသုံးပြုနိုင်သည့် “Happy Friday” အစီအစဉ်သည်လည်း ဆက်လက်ရှိနေဦးမည်ဖြစ်သည်။
ထို့ကြောင့် MPT သုံးစွဲသူများသည် သောကြာနေ့များတွင် ခဲခြစ်ငွေဖြည့်ကတ်စနစ်ဖြင့် ဖုန်းငွေဖြည့်သွင်းပါက တနင်္ဂနွေညသန်းခေါင်ယံအထိ အသုံးပြုနိုင်မည့် အခမဲ့ Data လက်ဆောင်များ ရရှိကြမည်ဖြစ်ပြီး၊ e-Top Up စနစ်ဖြင့် ငွေဖြည့်သွင်းပါက အဆိုပါ အခမဲ့ Data လက်ဆောင်အပါအဝင် ၃၀ ရာခိုင်နှုန်းအထိ ပြန်လည်ရရှိမည့် အပိုထပ်ဆောင်းဆုကြေးကိုပါ ရရှိခံစားရမည်ဖြစ်ပါသည်။
သောကြာနေ့များတွင် ငွေဖြည့်ခြင်းများအတွက် အပိုထပ်ဆောင်းဆုကြေး နှင့် အခမဲ့ Data လက်ဆောင် ခံစားခွင့်များမှာ အောက်ပါ အတိုင်းဖြစ်ပါသည်။
ငွေဖြည့်သည့်ပမာဏ (ကျပ်) | ခဲခြစ်ငွေဖြည့်ကတ်စနစ်ဖြင့် ရရှိမည့်အပိုဆု | e-Top Up ဖြင့် ငွေဖြည့်လျှင် ရရှိမည့် အပိုဆု |
1,000 | 20MB | 20MB + 100ks Bonus |
3,000 | 80MB | 80MB + 500ks Bonus |
5,000 | 150MB | 150MB + 1,250ks Bonus |
10,000 | 400MB | 400MB + 3,000ks Bonus |
20,000 | 800MB | 800MB + 6,000ks Bonus |
30,000 | 1,200MB | 1,200MB + 9,000ks Bonus |
*အခမဲ့ Internet Megabyte လက်ဆောင်များမှာ တနင်္ဂနွေညအထိသာ အကျုံးဝင်ပါသည်။
MPT-KSGM Joint Operations ၏ Chief Commercial Officer ဖြစ်သူ Mr. Koichi Kawase က MPT သည် အမြဲသုံးစွဲသူများအား တန်ဖိုးထားသည့်အလျောက် စိတ်ဝင်စားဖွယ် အပိုဆုအစီအစဉ်များကို စဉ်ဆက်မပြတ် ဖန်တီးပေးခြင်းဖြင့် သုံးစွဲသူများကို တန်ဖိုးထားမှုပြသခြင်းဖြစ်သည်ဟုပြောပါသည်။ “ကျွန်တော်တို့ရဲ့ သုံးစွဲသူတွေဟာ သောကြာနေ့တွေမှာ e Top-Up စနစ် ဖြင့် ငွေဖြည့်ရုံနဲ့ အပိုထပ်ဆောင်းဆုကြေး နှင့် အခမဲ့ Data လက်ဆောင် အသုံးပြုခွင့်တွေကို ရရှိမှာပါ။ အနည်းဆုံး ငွေ ၁,၀၀၀ ဖြည့်တာနဲ့ အပိုဆု အစီအစဉ်တွေကတစ်ဆင့် မိသားစုဝင်တွေ သူငယ်ချင်းမိတ်ဆွေတွေနဲ့ ဖုန်းပြောတာ၊ အွန်လိုင်းကနေ ဆက်သွယ်တာတွေကို အရင်ကထက် ပိုပြီး အချိန်ကြာကြာ လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်” ဟု ပြောကြားပါသည်။