×

သြဂုတ်လ ၃၁ ရက်မှစတင်၍ MPT သုံးစွဲသူအားလုံး အင်္ဂလိပ်ပရီးမီးယားလိဂ်ပွဲစဉ်များအား ဝန်ဆောင်ခ ပေးရန်မလိုဘဲ တိုက်ရိုက်ကြည့်ရှုနိုင်ရန် ဆောင်ရွက်ပေးလိုက်ပြီဖြစ်

29 Aug 2019

(ရန်ကုန်- ၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၂၉ ရက်) မြန်မာနိုင်ငံ၏ ပထမဦးဆုံးနှင့် ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာ ဖြစ်သည့် MPT သည် ၂၀၁၉-၂၀၂၀ ရာသီသစ် အင်္ဂလိပ်ပရီးမီးယားလိဂ်ပွဲစဉ်အားလုံးကို မြန်မာ ဘောလုံးချစ်ပရိသတ်များ မိုဘိုင်းလ်ဖုန်းပေါ်မှ ဝန်ဆောင်ခပေးရန်မလိုဘဲ တိုက်ရိုက်ကြည့်ရှုနိုင်ရန်အတွက် SkyNet နှင့် “Official Telecom Partner” အဖြစ် လက်တွဲဆောင်ရွက်လိုက်ပြီဖြစ်သည်။ MPT အနေဖြင့် ၎င်း၏ ဝန်ဆောင်မှု အသစ်ဖြစ်သော VoD (Video-On-Demand) မှတစ်ဆင့် စိတ်လှုပ်ရှားဖွယ်ရာများကိုလည်း ထပ်မံပေးအပ်သွားမည် ဖြစ်သည်။
အင်္ဂလိပ်ပရီးမီးယားလိပ် (EPL) သည် အအောင်မြင်ဆုံး၊ ယှဉ်ပြိုင်မှုအပြင်းထန်ဆုံးနှင့် ကမ္ဘာပေါ်ရှိ လူကြည့်အများဆုံး ပရော်ဖက်ရှင်နယ် ဘောလုံးပွဲစဉ်များဖြစ်ပြီး ဘောလုံးအားကစားနည်းကို စိတ်ပါ ဝင်စားသူများအားလုံးကို အတူတကွ စုစည်းညီညွတ်စေသည့် ဘောလုံးပွဲစဉ်များလည်း ဖြစ်ပါသည်။ MPT ၏ တန်ဖိုးထားရသော သုံးစွဲသူများသည် ဘောလုံး အားကစားကို စိတ်အားထက်သန်မှု အပြည့်ဖြင့် အားပေးကြသလို ၎င်းတို့ကြိုက်နှစ်သက်သည့် အင်္ဂလိပ်ပရီးမီးယားလိဂ်အဖွဲ့များကို ချစ်ခင်မှုဖြင့်ထောက်ခံ အားပေးနိုင်ရန်အတွက် SkyNet နှင့် MPT တို့ အတူတကွ ပူးပေါင်းပြီး တစ်မူထူးခြားသည့် မိုဘိုင်းလ်ဝန်ဆောင်မှုအသစ်ကို ပေးအပ်လိုက်ခြင်းဖြစ်သည်။
SkyNet နှင့် ပူးပေါင်းဆောင်ရွက်မှုအရ MPT သုံးစွဲသူများသည် တိုက်ရိုက်ထုတ်လွှင့်သည့် အင်္ဂလိပ်ပရီး မီးယားလိဂ်ပွဲစဉ်အားလုံးကို MPT မိုဘိုင်းလ်ကွန်ရက်မှတစ်ဆင့် ‘MPT Ballone’ အက်ပလီကေးရှင်းတွင် ကြည့်ရှုနိုင်မည်ဖြစ်သည်။ အင်္ဂလိပ်ပရီးမီးယားလိဂ်ပွဲစဉ်များအတွက် SkyNet Sports-6 သီးသန့်ရုပ်သံလိုင်း ကို ၂၄ နာရီ၊ ၇ ရက်ပတ်လုံး အက်ပလီကေးရှင်းပေါ်တွင် ကြည့်ရှုနိုင်မည်ဖြစ်သည်။ MPT သုံးစွဲသူများအနေဖြင့် SkyNet ၏ EPL အစီအစဉ်များမှ ပြီးခဲ့သည့် ပွဲစဉ်များနှင့် ပွဲစဉ်သုံးသပ်ချက်၊ တစ်ပတ်တာ အကောင်းဆုံး သွင်းဂိုးနှင့် ဂိုး highlight စသည်တို့ကိုလည်း MPT VoD ဝန်ဆောင်မှုမှတစ်ဆင့် ခံစားကြည့်ရှုနိုင်ပါသည်။
‘MPT Ballone’ app ကို ဘယ်လိုသုံးမလဲ။
အဆင့် (၁) : Google Play မှ ‘MPT Ballone’ စကားလုံးကိုရိုက်နှိပ်ရှာဖွေကာ ထည့်သွင်းနိုင်ပါသည်။ (သို့မဟုတ်) သုံးစွဲသူများအနေဖြင့် *2020# ကိုဖုန်းခေါ်ဆိုကာ links ကိုလည်း ရယူနိုင်သည်။
အဆင့် (၂) : app ကိုဖွင့်ကာ ကြည့်ရှုလိုသောပွဲစဉ်သို့မဟုတ် channel ကိုရွေးချယ်ပါ။ ‘MPT Ballone’ app သည် MPT မိုဘိုင်းလ်ကွန်ရက်တစ်ခုတည်းမှသာ ရယူနိုင်ပါသည်။
MPT-KSGM Joint Operations ၏ စီးပွားရေးဌာနကြီးမှ အရာရှိချုပ်ဖြစ်သူ Mr.Reizo Umeda က “ဒီနေ့မှာ ကျွန်တော်တို့ဟာ မြန်မာဘောလုံးပရိသတ်အားလုံးအတွက် ကျွန်တော်တို့ရဲ့ အံ့အားသင့်လောက်စရာ ဝန်ဆောင်မှုအသစ်ကို တရားဝင်ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ သုံးစွဲသူတွေအနေနဲ့ ပထမဆုံးအကြိမ်အဖြစ် ‘MPT Ballone App’ ကတစ်ဆင့် EPL ပွဲစဉ်အားလုံးကို စတင် ကြည့်နိုင်ပြီ ဖြစ်ပါတယ်။ MPTရဲ့ မိုဘိုင်းလ်ကွန်ရက်ကတစ်ဆင့် ပွဲစဉ်တွေကို ဝန်ဆောင်ခပေးဖို့မလိုဘဲ တိုက်ရိုက်ကြည့်ရှုနိုင်ဖို့ အတွက်လည်း တစ်မူထူးခြားတဲ့ ဝန်ဆောင်မှုအသစ်ကို ပေးအပ်ခဲ့တာကြောင့် သုံးစွဲသူတွေရဲ့ စိတ်ကျေနပ်မှုကို ဖြည့်ဆည်းပေးနိုင်မယ်လို့ ကျွန်တော်တို့ယုံကြည်ပါတယ်။” ဟုပြောကြားခဲ့သည်။
“ကျွန်တော်တို့နိုင်ငံက ကမ္ဘာပေါ်မှာ အင်္ဂလိပ်ပရီးမီးယားလိဂ် (EPL) ကို တကယ့်ကိုစွဲလမ်းအားပေးတဲ့ ပရိသတ်တွေရှိတဲ့ နိုင်ငံတစ်ခုဖြစ်တယ်။ အခုလို MPT နဲ့အတူ အောင်မြင်တဲ့ ပူးပေါင်းဆောင်ရွက်မှုက တစ်ဆင့် ကျွန်တော်တို့ မြန်မာနိုင်ငံတစ်ဝန်းက ဘောလုံးချစ်သူပရိသတ်တွေ EPL ရာသီသစ်ကို ဘယ်အချိန်၊ ဘယ်နေရာမှာမဆို ကြည့်နိုင်ဖို့ ကျွန်တော်တို့ ဆောင်ရွက်လိုက်နိုင်ခဲ့ပါပြီ။” ဟု ရွှေသံလွင်မီဒီယာကုမ္ပဏီလီမိတက်မှ၊ မန်နေဂျင်းဒါရိုက်တာ ဦးမင်းမင်းမှ ပြောကြားသွားခဲ့သည်။
အင်္ဂလိပ်ပရီးမီးယားလိဂ်ပွဲစဉ်များအတွက် MPT အသုံးပြုသူများသည် ဝန်ဆောင်ခ ပေးစရာမလိုဘဲ မိုဘိုင်းလ်ဖုန်းပေါ်မှ တိုက်ရိုက်ကြည့်ရှုနိုင်ရန်နှင့် VoD ဝန်ဆောင်မှုကို သြဂုတ်လ ၃၁ ရက်နေ့တွင် စတင် အသုံးပြုနိုင်မည်ဖြစ်ပြီး ‘MPT Ballone’ Android app မှ တစ်ဆင့် ဝင်ရောက် အသုံးပြုနိုင်မည်ဖြစ်သည်။ iOS app ကိုလည်း မကြာမီ အသုံးပြုနိုင်မည်ဖြစ်သည်။

MPT ၏ ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများအတွက် ပိုမိုသိရှိလိုပါက ဖုန်းနံပါတ် ၁၀၆ သို့ ဖုန်းခေါ်ဆို၍ ဖြစ်စေ၊ MPT ၏ တရားဝင် facebook ဖြစ်သည့် https://www.facebook.com/mptofficialpage/ နှင့် MPT ၏ တရားဝင် ဝက်ဘ်ဆိုက်ဖြစ်သည့် www.mpt.com.mm တို့သို့ ဖြစ်စေ ဝင်ရောက်ကြည့်ရှု နိုင်ပါသည်။

#
SkyNet အကြောင်း

SkyNet သည်ရုပ်ရှင်ဇာတ်ကားများ၊ ကလေးများအတွက် အစီအစဉ်များ၊ အသိပညာဗဟုသုတ၊ ဘဝနေထိုင်မှုပုံစံ၊ သတင်းများ၊ဖျော်ဖြေရေး၊တေးဂီတ၊ အားကစား နှင့် ပြည်တွင်းရေးရာအစီအစဉ်များ စသည့် အမျိုး မျိုးသော ရုပ်သံအစီအစဉ်များကို ချယ်နယ်ပေါင်း (၁၀၀) ကျော် ဖြင့်တင်ဆက် နေသော မြန်မာနိုင်ငံ၏ ဦးဆောင် အခပေး ရုပ်မြင်သံကြားကွန်ရက် ဖြစ်ပါသည်။ ၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာလတွင် စတင်ထုတ်လွှင့်ခဲ့သော SkyNet အမှတ်တံဆိပ်သည် ရွှေသံလွင်မီဒီယာကုမ္ပဏီလီမိတက်က ပိုင်ဆိုင်သော DTH စနစ် ရုပ်မြင်သံကြား ဝန်ဆောင်မှုပေးသည့် လုပ်ငန်းဖြစ်ပါသည်။ SkyNet သည် မြန်မာနိုင်ငံအတွင်း ရာနှုန်းပြည့် ရုပ်သံလှိုင်းလွှမ်းခြုံမှုရှိပြီး “ ပြည်သူ့အတွက် SkyNet ” ဆိုသည့် ဆောင်ပုဒ်မှာလည်း အသိအမှတ်ပြုခံထားရပြီး ဖြစ်ပါသည်။ ရုပ်မြင်သံကြားလှိုင်း ပျံ့နှံ့လွှမ်းခြုံနိုင်ခြင်းနှင့်အတူ SkyNet သည်ပြည်သူများအားလုံးအတွက်ယခင်က မရှိခဲ့ဘူးသေးသော ရုပ်မြင်သံကြားအတွေ့ အကြုံများကို တင်ဆက်ရရှိနိုင်စေခဲ့ပါသည်။ SkyNet သည်အမျိုးအစား ကျယ်ပြန့်စုံလင်သော နိုင်ငံတကာရုပ်သံလိုင်းများအပြင် Cartoon , World Movies, Asian Movies, HD Movies, Myanmar Movies၊ Myanmar Arts, International Drama, World Drama, Music, Knowledge, Education, Health, Agri/Livestocks, Home, Tine Yin Thar, Teen, Hadaya, Hluttaw နှင့် Buddha နှင့် အစရှိသည့် ချယ်နယ်ပေါင်း (၂၈)ခု ကိုလည်း ကိုယ်တိုင်စီစဉ်ဆောင်ရွက်ထုတ်လွှင့်လျက်ရှိပါသည်။

နှစ်စဉ်ကျင်းပသော အားကစားပွဲများဖြစ်ကြသည့် English Premier League, UEFA Champions League, UEFA Europa League, UEFA Nations League, Spain LaLiga, French Ligue 1, One Championship, WWE နှင့် လေးနှစ်တစ်ကြိမ်ကျင်းပသော အားကစားပွဲများဖြစ်ကြသည့် 2014 FIFA World Cup Brazil, 2018 FIFA WORLD CUP Russia, UEFA Euro 2012, UEFA Euro 2016, The London Olympic 2012, and Rio Olympic 2016 စသည့် အားကစားပြိုင်ပွဲကြီးများ အားလုံးကို SkyNet က တစ်ဦးတည်းမူပိုင် ထုတ်လွှင့် ပြသခဲ့သော အားကစားရုပ်သံလိုင်း (၈) ခုကိုလည်း အားကစားပရိသတ်များ ကြည့်ရှုခံစားနိုင်ကြပါသည်။ SkyNet သည် Up to Date ဟူသော မြန်မာနိုင်ငံတွင် (၂၄) နာရီထုတ်လွှင့်ပြသသည့် သတင်း ချယ်နယ်ကို လည်း ၂၀၁၁ ခုနှစ်မှစတင်ပြီး ထုတ်လွှင့်ပြသလျက်ရှိပါသည်။