×

အင်္ဂလိပ်ပရီးမီးယားလိဂ်ပွဲစဉ်များကို တိုက်ရိုက်ကြည့်ရှုနိုင်ရေး MPT က SkyNet နှင့် ပူူးပေါင်းဆောင်ရွက်

20 Aug 2019

(ရန်ကုန်၊ ၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၂၀ ရက်) – မြန်မာနိုင်ငံ၏ ပထမဦးဆုံးနှင့် ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာဖြစ်သည့် MPT သည် မြန်မာနိုင်ငံရှိ ဘောလုံးချစ်သူ ပရိသတ်များအတွက် အထူးအခွင့်အရေး တစ်ရပ်အနေဖြင့် အင်္ဂလိပ်ပရီးမီးယားလိဂ်ပွဲစဉ်များကို မိုဘိုင်းလ်ဖုန်းပေါ်မှ နေရာမရွေး စိတ်လှုပ်ရှားအံ့သြဖွယ်ရာ ခံစားမှုတွေနှင့်အတူ ရင်ခုန်ပျော်ရွှင်စွာ တိုက်ရိုက် ကြည့်ရှုခံစားနိုင်ရန် SkyNet နှင့် ပူးပေါင်းဆောင်ရွက်တော့မည်ဖြစ်ကြောင်း သတင်းထုတ် ပြန်လိုက်သည်။
အင်္ဂလိပ်ပရီးမီးယားလိဂ် (EPL) ဘောလုံးပြိုင်ပွဲသည် ကမ္ဘာပေါ်ရှိ ဘောလုံးကလပ်အသင်းပြိုင်ပွဲများတွင် အသင်းအစုံလင်ဆုံးနှင့် ယှဉ်ပြိုင်မှုအပြင်းထန်ဆုံးဘောလုံး ပြိုင်ပွဲတစ်ခုလည်း ဖြစ်ပါသည်။ မြန်မာနိုင်ငံ ရှိ ဘောလုံးပရိသတ် အားလုံးလိုလိုပင် အင်္ဂလိပ်ဘောလုံးကလပ်အသင်းများထဲမှ အနည်းဆုံးတစ်သင်းကို အားပေးလေ့ရှိကြပါသည်။ MPT အနေဖြင့် မိမိတို့တန်ဖိုးထားရသူသုံးစွဲသူများ၏ ဘောလုံး အားကစား အပေါ် ထားရှိသည့် ဝါသနာနှင့် စိတ်ခွန်အားတို့ကို အားပေးသည့်အနေဖြင့် SkyNet နှင့်အတူတကွ ပူးပေါင်းပြီး တစ်မူထူးခြားသည့် မိုဘိုင်းလ်ဝန်ဆောင်မှုအသစ်ကို ပေးအပ်လိုက်ခြင်းပင် ဖြစ်သည်။
MPT-KSGM Joint Operations ၏ စီးပွားရေးဌာနကြီးမှ အရာရှိချုပ် ဖြစ်သူ Mr.Reizo Umeda က “MPT အနေနဲ့ မိမိတို့တန်ဖိုးထားရတဲ့ သုံးစွဲသူတွေကို ဆန်းသစ်တီထွင်မှုရှိပြီး ပိုမိုကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေကို ပေးစွမ်းနိုင်ဖို့ အမြဲကြိုးစားနေပါတယ်။ ဘောလုံးအားကစားဟာ ကျွန်တော်တို့ MPT သုံးစွဲသူတွေရဲ့ ဘဝမှာ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တယ်။ ဒါကြောင့်လည်း ကျွန်တော်တို့ဟာ မြန်မာနိုင်ငံတစ်ဝှမ်းက အင်္ဂလိပ်ပရီးမီးယားလိဂ် ပရိသတ်တွေရဲ့ လိုအင်ဆန္ဒကို ဖြည့်ဆည်းနိုင်ဖို့ အခုလို SkyNet နဲ့အတူ ပူးပေါင်း ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ ဒီပွဲစဉ်တွေရဲ့ စိတ်လှုပ်ရှားအံ့သြဖွယ်ရာ ခံစားမှုတွေကို ကျွန်တော်တို့ MPT သုံးစွဲသူတွေကို မကြာခင်မှာ ဝေမျှပေးနိုင်တော့မယ်လို့ ယုံကြည်ပါတယ်” ဟု ပြောကြားခဲ့သည်။
“SkyNet ကနေ တိုက်ရိုက်ထုတ်လွှင့်ပြသမယ့် အင်္ဂလိပ်ပရီးမီးယားလိဂ်ပွဲစဉ် ၂၀၁၉-၂၀၂၀ ရာသီသစ်အ တွက် MPT က Telecom Partner အဖြစ်ပါဝင်လာတာကို ကျွန်တော်တို့ SkyNet အနေနဲ့ ဂုဏ်ယူဝမ်းမြောက်စွာ ကြိုဆိုလိုက်ရပါတယ်။ SkyNet က မြန်မာနိုင်ငံမှာ အင်္ဂလိပ်ပရီးမီးယားလိဂ်ပွဲ စဉ်တွေအားလုံး တိုက်ရိုက်ပြသခွင့်ရှိတဲ့ ရုပ်သံလိုင်းတစ်ခု ဖြစ်ပါတယ်။ ကျွန်တော်တို့ကလည်း စိတ်ဝင်စားစရာကောင်းတဲ့ ဒီလိုပြိုင်ပွဲတွေအတွက် MPT နဲ့အတူ စိတ်အားထက်သန် နေပါတယ်။ ဒါကြောင့်ပဲ ကျွန်တော်တို့က မြန်မာနိုင်ငံရဲ့ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာနဲ့အတူ ပူးပေါင်းဆောင်ရွက်ဖို့ ဆုံးဖြတ်ခဲ့တာပါ။ ကျွန်တော်တို့ရဲ့ ပူးပေါင်းအားထုတ်မှုကို မြန်မာနိုင်ငံက ဘောလုံးချစ်သူ ပရိသတ်တွေက အသိအမှတ်ပြုကြိုဆိုမယ်လို့ ယုံကြည်ပါတယ်။”ဟု ရွှေသံလွင်မီဒီယာ ကုမ္ပဏီလီမိတက် ၏ မန်နေဂျင်းဒါရိုက်တာဖြစ်သူ ဦးမင်းမင်း မှ ပြောကြားခဲ့သည်။ဝန်ဆောင်မှုနှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို မကြာမီ ထုတ်ပြန် ကြေညာ သွားမည် ဖြစ်သည်။

MPT ၏ ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများအတွက် ပိုမိုသိရှိလိုပါက ဖုန်းနံပါတ် ၁၀၆ သို့ ဖုန်းခေါ်ဆို၍ သော်လည်ကောင်း၊ MPT ၏ တရားဝင် facebook ဖြစ်သည့် https://www.facebook.com/mptofficialpage/ ၊ MPT ၏ တရားဝင် ဝက်ဘ်ဆိုက်ဖြစ်သည့် www.mpt.com.mm သို့လည်းကောင်း ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။