×

အထူးလျော့စျေးနှင့်အတူ မလေးရှား နှင့် ထိုင်းနိုင်ငံ သို့ MPT ဖြင့်ဖုန်းခေါ်ဆိုနိုင်ပြီ

09 May 2017

(ရန်ကုန်၊ မေလ ၉ ရက်၊ ၂၀၁၇)- MPT သုံးစွဲသူများအနေဖြင့် ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံတို့တွင် နေထိုင်သော မိမိတို့ချစ်ခင် နှစ်သက်ရသူများဆီသို့ စျေးနှုန်းအထူးသက်သာသော နိုင်ငံတကာ ဖုန်းခေါ်ဆိုမှု ပက်ကေ့ချ်အသစ်ဖြင့် ဖုန်းခေါ်ဆိုနိုင်တော့မည်ဖြစ်သည်။

သုံးစွဲသူများအနေဖြင့် အဆိုပါနိုင်ငံနှစ်ခုမှ မည့်သည့်ဖုန်းနံပါတ်ကိုမဆို ဖုန်းခေါ်ဆိုခြင်း၊ စာတို (SMS) ပေးပို့ခြင်းများကို ပြုလုပ်နိုင်မည်ဖြစ်ပြီး တစ်မိနစ်လျှင်ဖုန်းခေါ်ဆိုခ ၅၀ ကျပ်၊ စာတို (SMS) တစ်စောင်လျှင် ၁၅ ကျပ်နှုန်းသာကျသင့်မှာဖြစ်ပါသည်။ ယင်းမှာ ပုံမှန်သတ်မှတ်ထားသော ခေါ်ဆိုခနှုန်းထားများထက် ရ၅ ရာခိုင်နှုန်းနှင့် ၉၀ ရာခိုင်းနှုန်းအထိလျော့ချပေးထားခြင်းဖြစ်သည်။

စိတ်လှုပ်ရှားဖွယ်ကောင်းသော အဆိုပါအခွင့်အရေးကိုရယူရန်အတွက် MPT ၏ GSM နှင့် WCDMA အသုံးပြုများအနေဖြင့် ငွေကျပ် (၁,၀၀၀) နှင့်အတူ ကုန်သွယ်ခွန်ပါ၀င်မှာဖြစ်ပြီး *2050# ကိုဖုန်းခေါ်ဆိုခြင်း (သို့မဟုတ်) MPT4U အက်ပလီကေးရှင်းကိုအသုံးပြု၍သော်လည်းကောင်း၊ (သို့မဟုတ်) *106# ကိုလည်းဖုန်းခေါ်ဆိုပြီး ရယူနိုင်ပါသည်။

“MPT အသုံးပြုပြီး ထိုင်းနိုင်ငံ နဲ့ မလေးရှားနိုင်ငံသို့ ဖုန်းခေါ်ဆိုတာဟာ ယခင်ကထက် စျေးနှုန်းပိုမို သက်သာလာပါတယ်။ ဒီအစီအစဉ်ကို ရယူထားခြင်းဖြင့် အသုံးပြုသူများဟာ အဆိုပါနိုင်ငံနှစ်ခုက ဘယ်အော်ပရေတာကိုမဆို ဖုန်းခေါ်ဆိုခ တစ်မိနစ်လျှင် ၅၀ ၊ စာတို (SMS) တစ်စောင်လျှင် ၁၅ ကျပ်ဖြင့် ဆက်သွယ်အသုံးပြုနိုင်မှာဖြစ်ပါတယ်။ သုံးစွဲသူတွေရဲ့ အရေးကြီးတဲ့ စီးပွားရေး နဲ့ လူမှုရေးဆိုင်ရာ ဆက်သွယ်မှုတွေပြုလုပ်တဲ့အခါမှာ ယခုလိုစျေးနှုန်းသက်သာသောအစီအစဉ်က တစ်ဆင့်အမြဲမပြတ်ထိတွေ့ပြောဆိုနိုင်မှာ ဖြစ်ပါတယ်” ဟု MPT-KSGM Joint Operations ၏ Chief Commercial Officer ဖြစ်သူ Mr. Reizo Umeda ကပြောပါသည်။