×

အထွေထွေ ဗဟုသုတ ဉာဏ်စမ်းမေးခွန်းများပါဝင်သည့် “ဉာဏ်ကြီးရှင်” ဝန်ဆောင်မှုအသစ်ကို MPT က မိတ်ဆက်

04 Oct 2019

(ရန်ကုန်၊ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၄ ရက်) – မြန်မာနိုင်ငံ၏ ပထမဆုံးနှင့် ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာဖြစ်သည့် MPT သည် သုံးစွဲသူများအတွက် အထွေထွေဗဟုသုတများတိုးပွားစေရန် ကဏ္ဍမျိုးစုံမှ ဗဟုသုတအကြောင်းအရာ စာတို၊ ဉာဏ်စမ်းမေးခွန်းနှင့် ပဟေဠိများကို ရယူဖြေကြားနိုင်သော “ဉာဏ်ကြီးရှင်” ဝန်ဆောင်မှုအသစ်ကို ယနေ့မိတ်ဆက်လိုက်ပြီဖြစ်ကြောင်း သတင်းထုတ်ပြန်ကြေညာလိုက်သည်။ MPT သုံးစွဲသူများအနေဖြင့် ဉာဏ်စမ်းမေးခွန်းများဖြေဆိုရင်း စိတ်ဝင်စားဖွယ်ရာ ဆုမဲပေါင်းများစွာ ကံထူးနိုင်မည့် အခွင့်အရေးများကိုလည်း ရရှိနိုင်မည်ဖြစ်သည်။ အဆိုပါ “ဉာဏ်ကြီးရှင်” ဝန်ဆောင်မှုကို Trust Oo Co., Ltd နှင့် ပူးပေါင်း၍ မိုဘိုင်းလ်ဖုန်းသုံးစွဲသူများအတွက် အထွေထွေဗဟုသုတ ဉာဏ်စမ်းမေးခွန်းများကို ဖြေဆိုခြင်း ဖြင့် ဉာဏ်ရည်ထက်မြက်ပြီး ဗဟုသုတများစွာကို ရှာဖွေလေ့လာနိုင်ရုံသာမက တန်ဖိုးကြီး ဆုလက်ဆောင်များကိုပါ ထပ်မံကံထူးနိုင်ခွင့်ရရှိမည် ဖြစ်သည်။

MPT သုံးစွဲသူများ အနေဖြင့် “ဉာဏ်ကြီးရှင်” ဝန်ဆောင်မှုကို “8477” သို့ “ON” ဟု SMS (စာတို) ပေးပို့ခြင်း(သို့မဟုတ်) အွန်လိုင်းကိုအသုံးပြုကာ www.nyangyishin.com မှတစ်ဆင့် ရယူအသုံးပြုနိုင်ပါသည်။ ဝန်ဆောင်ခ နှုန်းထားမှာ အထွေထွေဗဟုသုတစာတို ၁ စောင်နှင့် ဉာဏ်စမ်းမေးခွန်း ၅ ခု ပါဝင်သည့် ပက်ကေ့ချ် (Daily Package) တစ်ခုကို တစ်ရက်လျှင် ၉၉ ကျပ် ကျသင့်မည်ဖြစ်သည်။ MPT သုံးစွဲသူများအနေဖြင့် တစ်ရက်လျှင် (ပထမ ပက်ကေ့ချ်အပါအဝင်) ပက်ကေ့ချ် ၃၀ ခုအထိ ဝယ်ယူနိုင်မည်ဖြစ်ပြီး ထပ်မံဝယ်ယူမှုများအတွက် ပက်ကေ့ချ်တစ်ခုလျှင် ၉၉ ကျပ် ထပ်မံ ကျသင့်မည် ဖြစ်သည်။

“မြန်မာပြည်သူတွေဟာ ကိုယ့်ရဲ့ အသိပညာနဲ့ အထွေထွေဗဟုသုတတွေကို စမ်းသပ်ဖို့ပဲဖြစ်ဖြစ်၊ ဖျော်ဖြေရေး တစ်ခုအနေနဲ့ပဲဖြစ်ဖြစ် ဉာဏ်စမ်းမေးခွန်းတွေဖြေဆိုခြင်းကို နှစ်သက်သဘောကျကြပါတယ်။ ဒါ့ကြောင့်လည်း အသိပညာနဲ့ အထွေထွေဗဟုသုတတွေကို မျှဝေပေးမယ့် ဒီ “ဉာဏ်ကြီးရှင်” ဝန်ဆောင်မှုနဲ့အတူ ကျွန်တော်တို့ရဲ့သုံးစွဲသူတွေကို ဆုလက်ဆောင်တွေလည်း ပေးအပ်ချီးမြှင့်သွားမှာ ဖြစ်ပါတယ်။ MPT သုံးစွဲသူ တွေအနေနဲ့ အမှတ်ပြိုင်ပွဲမှ ဆုချီးမြှင့်ခြင်းအစီအစဥ် (Point Rewards Program) နဲ့ ကံစမ်းမဲအစီအစဉ် (Lucky Draw Rewards Program) တွေမှာပါဝင်ပြီး ရွှေသားဆုတွေ၊ Tablet၊ လက်တော့ပ် ကွန်ပျူတာ၊ နိုင်ငံခြားခရီးစဥ် စတဲ့ ဆုလက်ဆောင်တွေကို ရယူနိုင်ဖို့ အခွင့်အရေးရရှိကြမှာ ဖြစ်ပါတယ်။” ဟု MPT-KSGM Joint Operation ၏ Chief Commercial Officer ဖြစ်သူ Mr. Reizo Umeda က ပြောကြားခဲ့သည်။

MPT သုံးစွဲသူများအနေဖြင့် ဉာဏ်စမ်းမေးခွန်းများကို ဖြေဆိုခြင်းဖြင့် ရရှိလာသည့် အမှတ်များကို စုပေါင်းပြီး အမှတ်ပြိုင်ပွဲမှ ဆုချီးမြှင့်ခြင်းအစီအစဥ် (Point Rewards Program) နှင့် ကံစမ်းမဲအစီအစဉ် (Lucky Draw Rewards Program) တို့တွင် ပါဝင်ဆင်နွှဲပြီး နေ့စဥ်၊ အပတ်စဥ်၊ လစဥ်နှင့် အထူးဆုကြီးများဖြစ်သည့် ရွှေသား ၃ ကျပ်သား၊ ဘာလီကျွန်း နှင့် ဗီယက်နမ်ခရီးစဥ်၊ မော်တော်ဆိုင်ကယ်၊ တီဗီ၊ ရေခဲသေတ္တာနှင့်အခြားသော ဆုလက်ဆောင်များစွာ ရရှိနိုင်မည် ဖြစ်သည်။

MPT သုံးစွဲသူများအနေဖြင့် အမှတ်ပြိုင်ပွဲမှ ဆုချီးမြှင့်ခြင်းအစီအစဥ် (Point Rewards Program) တွင် ဉာဏ်စမ်းမေးခွန်းများကို ဖြေဆိုခြင်းဖြင့် အမှတ်များရရှိမည်ဖြစ်ပြီး ပက်ကေ့ချ်တစ်ခါဝယ်တိုင်း အမှတ် ၅၀ ရရှိမည်ဖြစ်ကာ ပက်ကေ့ချ်တစ်ခုလျှင် အမှတ် ၁၀၀ မှ ၂၅၀ အထိ ရရှိနိုင်မည် ဖြစ်သည်။ ထို့ပြင် Magic Ticket (မှော်ကတ်) ၊ Bonus Wheel (ကံကြမ္မာစက်ဝိုင်း) ၊ Weekend Challenge နှင့် Happy Hour စသည့် အထူးအစီအစဥ်များမှတစ်ဆင့် အမှတ်များထပ်မံရရှိနိုင်မည် ဖြစ်သည်။ အလားတူပင် “ဉာဏ်ကြီးရှင်” ဝန်ဆောင်မှုကို ရယူထားသော MPT သုံးစွဲသူတိုင်း ကံစမ်းမဲအစီအစဉ် ( Lucky Draw Rewards Program) တွင် ပါဝင်ခွင့်ရရှိမည် ဖြစ်ပြီး အမှတ်ပြိုင်ပွဲမှ ဆုချီးမြှင့်ခြင်းအစီအစဥ် (Point Rewards Program) တွင် ပါဝင် ခဲ့သည့် MPT သုံးစွဲသူများအနေဖြင့်လည်း အဆိုပါအစီအစဥ်တွင် ပါဝင်ခွင့်ရရှိမည် ဖြစ်သည်။ ဆုပေးအပ်မည့် အစီအစဉ်များကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၄ ရက်မှ ၂၀၂၀ ခုနှစ် အောက်တိုဘာလ ၃ ရက် အတွင်း ဆောင်ရွက်သွားမည်ဖြစ်ပြီး ကံထူးရှင်များကို MPT မှ တိုက်ရိုက် ဆက်သွယ်သွားမည် ဖြစ်သည်။ အစီအစဉ်အသေးစိတ်အချက်အလက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

အမှတ်ပြိုင်ပွဲမှ ဆုချီးမြှင့်ခြင်းအစီအစဥ် (Point Rewards Program)

ဆုအမျိုးအစား

အရေအတွက်

ဆုများ

အပတ်စဉ်ဆု

၄၀

ရွှေလက်စွပ် + ဉာဏ်ကြီးရှင် ဂုဏ်ပြုမှတ်တမ်းလွှာ

လစဥ်ဆု

၁၁

၁၁

၁၁

ပထမဆု – မိုဘိုင်းလ်ဟန်းဆက် + ဉာဏ်ကြီးရှင် ဆုဖလား(ဆိုဒ်အလတ်)

ဒုတိယဆု – တက်ဘလက်

တတိယဆု – လေအေးပေးစက်

အထူးဆု

ပထမဆု – ရွှေ ၃ ကျပ်သားဆု + ဉာဏ်ကြီးရှင် ဆုဖလား (ဆိုဒ်အကြီး)

ဒုတိယဆု – ဘာလီကျွန်း ခရီးစဥ် (၂ ဦးစာ)

တတိယဆု – လက်တော့ပ်ကွန်ပျူတာ

စတုတ္ထဆု- လက်မ ၅၀ တီဗီ

ပဥ္စမဆု – ရေခဲသေတ္တာ

ကံစမ်းမဲအစီအစဉ်
(Lucky Draw Rewards Program)

ဆုအမျိုးအစား

အရေအတွက်

ဆုများ

နေ့စဉ်ဆု

၃၁၃

ကျပ် ၅,၀၀၀ တန် MPT ငွေဖြည့်ကတ် (၃ ဆု)

အပတ်စဉ်ဆု

၄၀

ကျပ် ၃၀,၀၀၀ တန် MPT ငွေဖြည့်ကတ် (၃ ဆု)

လစဉ်ဆု

၁၁

၁၁

၁၁

ပထမဆု – မိုဘိုင်းလ်ဟန်းဆက်

ဒုတိယဆု – အဝတ်လျှော်စက်

တတိယဆု – မိုက်ကရို‌ဝေ့ဖ်မီးဖို

အထူးဆု

ပထမဆု – မော်တော်ဆိုင်ကယ်

ဒုတိယဆု – ဗီယက်နမ် ခရီးစဉ် (၂ ဦးစာ)

တတိယဆု – ရွှေ ၁ ကျပ်သားဆု

စတုတ္ထဆု – လက်မ ၅၀ တီဗီ

ပဥ္စမဆု – စမတ်နာရီ (Smart Watch)

ဤအစီအစဥ်၏ အကောင်းဆုံးသောအချက်မှာ သုံးစွဲသူများအနေဖြင့် လေ့လာမှတ်သားဖွယ်ရာ အထွေထွေ ဗဟုသုတများ ရှာဖွေရင်း၊ စိတ်ဝင်စား ပျော်ရွှင်ဖွယ်ရာ ဥာဏ်စမ်းမေးခွန်းများကို ဖြေဆိုရင်း အမှတ်ပြိုင်ပွဲမှ ဆုချီးမြှင့်ခြင်းအစီအစဥ် နှင့် ကံစမ်းမဲအစီအစဥ် ၂ ခုလုံးတွင် တစ်ပြိုင်နက်တည်း ပါဝင်ဆင်နွှဲခွင့် ရရှိမည်ဖြစ်သည်။

“ဉာဏ်ကြီးရှင်” ဝန်ဆောင်မှုနှင့် ပတ်သက်၍ ထပ်မံသိရှိလိုပါက 106 သို့ ခေါ်ဆို၍သော် လည်းကောင်း၊ www.nyangyishin.com (သို့မဟုတ်) MPT ၏ တရားဝင် Facebook စာမျက်နှာ ဖြစ်သော www.facebook.com/mptofficialpage/ နှင့် MPT ၏ တရားဝင် website ဖြစ်သည့် https://mpt.com.mm တို့တွင်လည်းကောင်း ဝင်ရောက်ကြည့်ရှု လေ့လာ နိုင်ပါသည်။