(ရန်ကုန်၊ ၂၀၁၉ ခုနှစ် သြဂုတ်လ ၂၂ ရက် ) – မြန်မာနိုင်ငံ၏ ပထမဦးဆုံးနှင့် ဦးဆောင် ဆက်သွယ်ရေး အော်ပရေတာဖြစ်သည့် MPT က မြန်မာနိုင်ငံမှ ဂိမ်းချစ်သူများကို အံ့အားသင့်သွားစေမည့် HTML 5 (web portal ကို အခြေခံထားပြီး) အသုံးပြုထားသည့် အရည်အသွေးမြင့် အွန်လိုင်း ဂိမ်းများကို တစ်နေရာထဲတွင် အသုံးပြုနိုင်မည့် ရှယ်ဂိမ်း (Shal Game) ပေါ်တယ်ဝန်ဆောင်မှုကို မိတ်ဆက်ပေးလိုက်ပြီ ဖြစ်ကြောင်း ယနေ့သတင်း ထုတ်ပြန်ကြေညာလိုက်သည်။ အဆိုပါဝန်ဆောင်မှုကို MPT နှင့် eTrade Myanmar Co., Ltd မှ နိုင်ငံတကာ မိုဘိုင်းလ်ဂိမ်း တီထွင်ဖန်တီးသော ပညာရှင်များနှင့် အကျိုးတူ ပူးပေါင်းစီစဉ်ဖန်တီးထားခြင်းဖြစ်သည်။
ရှယ်ဂိမ်း (Shal Game) ပေါ်တယ် ဝန်ဆောင်မှုတွင် HTML 5 (web portal ကို အခြေခံထားပြီး) အသုံးပြု ထားသည့် အရည်အသွေးမြင့် ဂိမ်းပေါင်း (၃၀၀) ကျော် ပါရှိသည့်အပြင် စိတ်ဝင်စားဖွယ်ရာ ဂိမ်းအသစ်ပေါင်း များစွာကိုလည်း လစဉ်ပုံမှန် ထည့်သွင်းပေးသွားမည် ဖြစ်သည်။ မိုဘိုင်းလ်ဂိမ်းချစ်သူများ အနေဖြင့် နာမည်ကျော်ကြားသော ပဟေဠိဉာဏ်စမ်း ဂိမ်းများ၊ အားကစား၊ စွန့်စားမှု နှင့် အက်ရှင်ဂိမ်းများ အစရှိသည့် အရည်အသွေးမြင့် ဂိမ်းကစားနည်းပေါင်း များစွာကို ရင်ခုန်စိတ်လှုပ်ရှားစွာဖြင့် ကစားနိုင်မည် ဖြစ်သည်။ MPT သုံးစွဲသူများ အနေဖြင့် ရှယ်ဂိမ်း (Shal Game) ပေါ်တယ် ဝန်ဆောင်မှုကို တစ်ရက်လျှင် ၁၄၉ ကျပ်နှုန်း ဖြင့် အလွယ်တကူ ရယူ အသုံးပြုနိုင်မည် ဖြစ်ပြီး ၎င်းဝန်ဆောင်မှုကို www.shalgame.com (သို့) https://lotaya.mpt.com.mm/landing/shal_game တွင်လည်း ရယူအသုံးပြုနိုင်မည်ဖြစ်သည်။ ထိုနည်းတူ 8636 သို့ “ON” ဟု စာတို (SMS) ပေးပို့၍လည်း ၎င်းဝန်ဆောင်မှုကို ရယူနိုင်မည်ဖြစ်သည်။
MPT-KSGM Joint Operations ၏ Chief Commercial Offier ဖြစ်သူ Mr. Reizo Umeda မှ “ကျွန်တော်တို့အနေနဲ့ ပြည်သူတွေရဲ့ဒီဂျစ်တယ် မိုဘိုင်းလ်အတွေ့အကြုံတွေကို ပိုမိုပြီးပြည့်စုံစေဖို့ ဆောင်ရွက်ရမည့် ကိစ္စဟာ ကျွန်တော်တို့ရဲ့ နေ့စဉ် လုပ်ငန်းလည်ပတ်ဆောင်ရွက်မှုအတွက် အထူး အရေးကြီးကိစ္စ ဖြစ်တယ်လို့ ယုံကြည်တာကြောင့် တန်ဖိုးထား လေးစားရတဲ့ ကျွန်တော်တို့ရဲ့ သုံးစွဲသူတွေအတွက် MPT ရဲ့ ဖျော်ဖြေရေးဆိုင်ရာ ဝန်ဆောင်မှု အသစ်တစ်ခုအနေနဲ့ ရှယ်ဂိမ်း (Shal Game) ပေါ်တယ် ဝန်ဆောင်မှုကို ဖန်တီးယူဆောင်ပေးနိုင်တဲ့အပေါ် အထူးပင် ဂုဏ်ယူဝမ်းမြောက် မိပါတယ်။ မိုဘိုင်းလ်ဂိမ်း ချစ်သူတွေအတွက် အကောင်းဆုံးသော ဂိမ်းဆော့ကစားခြင်း အတွေ့အကြုံတွေကို ဖုန်းအမျိုးအစား မျိုးစုံပေါ်မှာ ရရှိနိုင်ဖို့အတွက် Cross-Platform HTML 5 (web portal ကို အခြေခံထားပြီး) နည်းပညာကို အသုံးပြုဖန်တီးထားတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရှိ ဂိမ်းအသိုင်းအဝိုင်း တစ်ခုလုံးကို အံ့အားသင့်သွားစေမယ့် ဝန်ဆောင်မှုတွေကိုလည်း မကြာခင် အနာဂတ်မှာ ယူဆောင်လာပေးဖို့ ရှိနေပါတယ်။” ဟု ပြောကြားသွားခဲ့ပါသည်။
MPT ၏ ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများနှင့် ပတ်သက်၍ ပိုမိုသိရှိလိုပါက ဖုန်းနံပါတ် ၁၀၆ သို့ ဖုန်းခေါ်ဆို၍ သော်လည်ကောင်း၊ MPT ၏ တရားဝင် ဝက်ဘ်ဆိုက်ဖြစ်သည့် www.mpt.com.mm ၊ MPT ၏ တရားဝင် facebook ဖြစ်သည့် https://www.facebook.com/mptofficialpage/ သို့ ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။[/vc_column_text]

“ရှယ်ဂိမ်း (Shal Game)” ပေါ်တယ်ဝန်ဆောင်မှု၏ ပင်မစာမျက်နှာနှင့် ဝန်ဆောင်မှု ကဏ္ဍများ
