×

အလုပ်အကိုင်အခွင့်အလမ်းများ (၁၀၀) ကျော်ပါ၀င်သော MPT အလုပ်အကိုင်ပြပွဲ၂၀၁၆

29 Oct 2016

လျင်မြန်စွာတိုးတက်ဖြစ်ပေါ်လျက်ရှိသော စိတ်လှုပ်ရှားဖွယ် ဆက်သွယ်ရေးလောကတွင် လုပ်ကိုင်ရန်စိတ်ပါ၀င်စားပြီး အရည်အချင်းပြည့်မီသူများကို
MPT ၏ အလုပ်အကိုင်ပြပွဲမှတဆင့် ခေါ်ယူသွားမည်ဖြစ်ပါသည်။

(ရန်ကုန်၊ မြန်မာ၊ ၂၀၁၆ ခုနှစ် အောက်တိုဘာလ ၂၇) – MPT သည် လုပ်ငန်းနယ်ပယ် တိုးချဲ့လျက်ရှိရာ တိုးပွားလာသောဌာနများအတွက် အရည်အချင်းရှိသောဝန်ထမ်းများကို ရှာဖွေလျက်ရှိသည်။ သို့ဖြစ်ရာ MPT သည် အလုပ်အကိုင်ပြပွဲကို ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ ၂၉ ရက်နေ့ နှင့် ၃၀ ရက်နေ့များတွင် ကျင်းပပြုလုပ်မည်ဖြစ်ပြီး အဆိုပါလစ်လပ်ရာထူးနေရာများအတွက် ခေါ်ယူသွားမည်ဖြစ်သည်။

ယခုနှစ်အစောပိုင်းကပင် MPT အနေဖြင့် အလုပ်အကိုင်ပြပွဲများကို နိုင်ငံတစ်ဝှမ်းတွင် လှည့်လည်ကာ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့ပြီး ယခုလည်း အလုပ်အကိုင်ရှာဖွေနေသူများအတွက် အလုပ်အကိုင် အခွင့်အလမ်း ကောင်းများကို ထပ်မံဖန်တီးပေးကာ တစ်ဖက်မှလည်း ပြည်သူလူထုနှင့် MPT သုံးစွဲသူများအတွက် အရည် အသွေးမြင့်ဝန်ဆောင်မှုများကို ဆက်လက်ပေးစွမ်းနိုင်ရန် ဆောင်ရွက်နေပါသည်။

MPT ၏ ဌာနများတွင်  အလုပ်နေရာ ၁၀၀ ကျော် လစ်လပ်လျက်ရှိရာ အလုပ်အကိုင်ရှာဖွေနေသူများအတွက် မြန်မာနိုင်ငံ၏ နံပါတ် ၁ တယ်လီကွန်းအော်ပရေတာ ဖြစ်သည့်လုပ်ငန်းကြီး၏ စိတ်လှုပ်ရှားဖွယ် နေရာကောင်းများတွင် ၀င်ရောက်လုပ်ကိုင်ကာ မိမိတို့၏အရည်အချင်းများကို ဖော်ထုတ်နို်င်မည့် အခွင့်အရေးတစ်ခုဖြစ်ပါသည်။ အဆိုပါအလုပ်အကိုင်ပြပွဲမှတစ်ဆင့် MPT သည် အရောင်းနှင့်ဖြန့်ချိေရေးဌာန၊ စျေးကွက်ရှာဖွေရေးဌာန၊ သတင်းအချက်အလက်နည်းပညာဌာနနှင့် လုပ်ငန်းလည်ပတ်မှုဌာန အစရှိသည်တို့အတွက် မန်နေဂျာအဆင့်၊ အကြီးတန်းနှင့် အခြားသောအဆင့်များအတွက် ၀န်ထမ်းများကို အသီးသီးခေါ်ယူသွားမည် ဖြစ်သည်။ အဆိုပါနေရာများတွင် လုပ်ကိုင်ရန် အရည်အချင်းပြည့်မီသူများအနေဖြင့် မိမိတို့၏ ပြီးပြည့်စုံသော ကိုယ်ရေးအကျဉ်းနှင့်အတူ MPT အလုပ်အကိုင်ပြပွဲသို့ လာရောက်လျှောက်ထားနိုင် ကြပါရန် MPT မှ ဖိတ်ခေါ်လိုက်ပါသည်။

အသေးစိတ်အချက်အလက်များကို MPT ၏ တရားဝင်ဝက်ဘ်ဆိုဒ် https://www.mpt.com.mm နှင့် http://www.myjobs.com.mm တို ့တွင် ၀င်ရောက်ကြည့်ရှုနိုင်မည်ဖြစ်သည်။

MPT-KSGM Joint Operation ၏ Chief Operating Officer ဖြစ်သူ Mr. Yoshiaki Benino က “MPT ရဲ့ လုပ်ငန်းဌာနအသီးသီးမှာ အရည်အချင်းရှိတဲ့သူတွေ လိုအပ်လျက်ရှိပါတယ်။ ခုလိုမျိုး မြန်မာနိုင်ငံသားတွေ အတွက် အလုပ်အကိုင်အခွင့်အလမ်းကောင်းတွေကို ဖန်တီးပေးနိုင်ခဲ့လို့ ကျွန်တော်တို့ MPTက ဂုဏ်ယူ ၀မ်းမြောက်မိပါတယ်။ ဒါကြောင့် လာရောက်လျှောက်ထားလိုသူတွေ အနေနဲ့ အလုပ်အကိုင်ပြပွဲအတွက် အဆင်သင့်ဖြစ်နေပြီဆိုရင်တော့ အရောက်သာလှမ်းလာပြီး ကျွန်တော်တို့ထံမှာ မိမိတိို့ရဲ့ စွမ်းဆောင်ရည် တွေကို ပြသဖို့ တိုက်တွန်းလိုပါတယ်။ ကျွန်တော်ကတော့ လျှောက်ထားသူတွေနဲ့တွေ့ ဆုံဖို့ တကယ်ပဲ စိတ်လှုပ်ရှားနေပါပြီ။” ဟု ပြောကြားခဲ့ပါသည်။

အဆိုပါ MPT အလုပ်အကိုင်ပြပွဲကို ရန်ကုန်မြို့၊ အလံပြဘုရားလမ်းပေါ်ရှိ Park Royal Hotel ၌ အောက်တိုဘာလ ၂၉ ရက်နှင့် ၃၀ ရက်နေ့များတွင် မနက် ၉နာရီမှ ညနေ ၄ နာရီအထိ ကျင်းပပြုလုပ်သွားမည် ဖြစ်သည်။