×

အလုပ်အကိုင်အခွင့်အလမ်းများစွာ ရရှိနိုင်မည့် “MPT Employment Fair 2017” အလုပ်အကိုင်ပြပွဲ

09 Jun 2017

(ရန်ကုန်၊ ဇွန်လ ၉ ရက်၊ ၂၀၁၇ ခုနှစ်) – MPT က အလုပ်အကိုင်ပြပွဲကို ၂၀၁၇ ခုနှစ် ဇွန်လ ၁၈ ရက်နေ့ တွင် ရန်ကုန်မြို့ အထက်ပန်းဆိုးတန်းလမ်း၊ ကန်တော်ကြီးအနီးရှိ Rose Garden ဟိုတယ် ၌ နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ ကျင်းပပြုလုပ်သွားမည် ဖြစ်ပါသည်။

ဆက်သွယ်ရေးကဏ္ဍ တိုးတက်ဖွံ့ဖြိုးလာသည်နှင့်အမျှ အရည်အချင်းရှိသူများကို လိုအပ်ချက်မှာလည်း အမြဲ တိုးတက်လျက်ရှိပါသည်။ MPT အနေဖြင့် အဖွဲ့အစည်းများကိုတိုးချဲ့ရန်အလို့ငှာ အရည်အချင်းရှိသောသူများကို ရှာဖွေနေပြီး အလုပ်အကိုင်အခွင့်အလမ်းများစွာကို ပေးအပ်ရန်ရှိနေပါသည်။

MPT အနေဖြင့် ယခင်နှစ်က ဝန်ထမ်းသစ်များခန့်ထားခြင်းကို ဆောင်ရွက်အောင်မြင်ခဲ့သောကြောင့် ယခုလည်း လျှင်မြန်စွာပြောင်းလဲတိုးတက်နေသည့်ဆက်သွယ်ရေး ကဏ္ဍတွင် ကောင်းမွန်သော အလုပ်အကိုင် အခွင့်အလမ်းများကို ပြည်သူများအတွက် ထပ်မံဖန်တီး ဖော်ဆောင်ပေးရခြင်းဖြစ်ပါသည်။

မြန်မာနိုင်ငံ၏ နံပါတ် ၁ ဆက်သွယ်ရေး အော်ပရေတာတစ်ခုဖြစ်သော MPT ၏ ဌာနများတွင် အလုပ်အကိုင် အခွင့်အလမ်းရရှိပြီး ဘဝတိုးတက်မှုကိုရှာဖွေလိုသူများအတွက် လစ်လပ် နေရာပေါင်း ၉၀ ကျော် တွင် အလုပ်အကိုင်လျှောက်ထားရန်အတွက် ဖိတ်ခေါ်လျက်ရှိပါသည်။ အဆိုပါ အလုပ်အကိုင်ပြပွဲ၌ အရောင်းနှင့် ဖြန့်ချိရေးဌာန၊ စျေးကွက်ရှာဖွေရေးဌာန၊ နည်းပညာဌာန နှင့် ဆက်သွယ်ရေးနည်းပညာနှင့် အင်ဂျင်နီယာဌာနများတွင် တာဝန်ယူဆောင်ရွက်ရန်အတွက် မန်နေဂျာများ၊ အကြီးတန်းဝန်ထမ်းများနှင့် ဝန်ထမ်းများကို ခေါ်ယူ သွားမည်ဖြစ်ပါသည်။ အရည်အချင်းပြည့်မီသူများ နှင့် စိတ်ပါဝင်စားသူများအနေဖြင့် အဆိုပါ အလုပ်အကိုင်အခွင့်အလမ်းပြပွဲသို့ CV အပြည့်အစုံနှင့်အတူ လာရောက် လျှောက်ထားနိုင်ရန် ဖိတ်ခေါ်အပ်ပါသည်။

“MPT အနေနဲ့ အလုပ်အကိုင်နေရာများစွာအတွက် အရည်အချင်းရှိသူတွေကို အခုထပ်ပြီး လိုအပ်နေပါတယ်။ ကျွန်တော်တို့အနေနဲ့ ပြည်သူတွေ အလုပ်အကိုင်တွေပိုမိုရရှိစေဖို့ အခုလိုမျိုး အခွင့်အလမ်းတွေကို ကမ်းလှမ်းခွင့်ရတဲ့အတွက် အလွန်ပဲ ဂုဏ်ယူမိပါတယ်။ တကယ်လို့ အလုပ်အကိုင်လျှောက်ထား သူတွေအနေနဲ့ မိမိနဲ့ ကိုက်ညီတဲ့အရည်အချင်းတွေရှိနေမယ်ဆိုရင် ကျွန်တော်တို့ရဲ့ အလုပ်အကိုင်ပြပွဲကို တက်ရောက်ဖို့ အတွက် ဖိတ်ခေါ်ပါတယ်။” ဟု MPT-KSGM Joint Operations ၏ Chief Operating Officer ဖြစ်သူ Mr. Yoshiaki Benino ကပြောကြားခဲ့ပါသည်။
အဆိုပါ အလုပ်အကိုင်ပြပွဲသို့လာရောက်ရန် အတွက် ကြိုတင်စာရင်းပေးသွင်းစရာမလိုပဲ ပြပွဲကျင်းပသည့် နေ့တွင် CV နှင့်တကွ MPT ကောင်တာသို့ လာရောက်ပြီး လျှောက်ထားနိုင်ကာ အရည်အချင်းပြည့်မီသူများကို ဆက်လက်ပြီး အင်တာဗျူးသွားမည်ဖြစ်ပါသည်။ အသေးစိတ် အချက်အလက်များကို သိရှိလိုပါက MPT ၏ တရားဝင် ဝက်ဘ်ဆိုက် www.mpt.com.mm နှင့် Myjobs.com တို့တွင်ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ပါသည်။