×

အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၁,၀၀၀ အထက်ပေးအပ်နိုင်မည့် MPT Job Fair 2016 ကို မြန်မာနိုင်ငံအနှံ့အပြားတွင် ကျင်းပသွားမည်

12 Jul 2016

စိတ်ပါဝင်စားသူများအနေနဲ့ ရန်ကုန်မြို့မှာ ကျင်းပမယ့် အလုပ်အကိုင်ပြပွဲကို ပုဇွန်တောင်မြို့နယ်က MPT ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေးစင်တာမှာ သွားရောက်လေ့လာနိုင်ပါတယ်

(ရန်ကုန် – ဇူလိုင် ၁၁ ရက်၊ ၂၀၁၆ ခုနှစ်) – မြန်မာနိုင်ငံ၏ ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာဖြစ်သော မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) သည် အောင်မြင်မှုများရရှိထားသည့် MPT Job Fair 2016 ကို မြန်မာနိုင်ငံတစ်ဝန်းတွင် ကျင်းပသွားမည်ဖြစ်ပြီး ယခု ဇူလို်င်လ ၂၃ နှင့် ၂၄ ရက်နေ့တို့တွင် ရန်ကုန်မြို့၌ ကျင်းပမည့်အကြောင်း ယနေ့ သတင်းထုတ်ပြန်ကြေညာလိုက်ပါသည်။

MPT က ကျင်းပသည့် အဆိုပါ အလုပ်အကိုင်ပြပွဲတွင် လာရောက်လျှောက်ထားသူများအနက် သတ်မှတ်ချက်နှင့် ကိုက်ညီသူများအား အရောင်းကိုယ်စားလှယ်အဖြစ် ရွေးချယ်ခန့်ထားမည်ဖြစ်သည်။

သုံးစွဲသူပေါင်း သန်း ၂၀ ကျော်အထိ ရရှိထားသည့် MPT သည် ရန်ကုန်မြို့တွင် အရောင်းကိုယ်စားလှယ် အ ဖွဲ့ပေါင်း ၁, ၀၀၀ အထိ ထားရှိသွားမည်ဖြစ်သည့်အတွက် လိုအပ်သည့် အရည်အချင်းအချက်အလက်များနှင့် ကိုက်ညီသူ အမြောက်အများအား ရှာဖွေလျက်ရှိနေပါသည်။

အလုပ်အကိုင်ပြပွဲ MPT Job Fair 2016 Yangon ကို ပုဇွန်တောင်မြို့နယ်၊ အောက်ပုဇွန်တောင်လမ်းရှိ နံပါတ် ၄၄/၁၄၄ MPT ဆက်သွယ်ရေး သင်တန်းကျောင်း တွင် ဇူလိုင်လ ၂၃ နှင့် ၂၄ ရက်၊ မနက် ၉ နာရီမှ ညနေ ၄ နာရီအထိ ကျင်းပသွားမည်ဖြစ်သည်။

အဆိုပါ အလုပ်အကိုင်ပြပွဲသို့ စိတ်ပါဝင်စားသော်လည်း လာရောက်နိုင်ခြင်းမရှိသူများအတွက် ယခုနှစ် ဇူလိုင်လ မှ စက်တင်ဘာလအထိ သုံးလအတွင်း ရန်ကုန်မြို့နှင့် နိုင်ငံအတွင််းရှိ အခြားမြို့နေရာအနှံ့အပြားတွင်ပါ MPT က အလုပ်အကိုင်ပြပွဲများကို ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။
လျှောက်ထားလိုသူများအတွက် တာဝန်နှင့် လိုအပ်သော အရည်အချင်း များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

တာဝန် : အရောင်းကိုယ်စားလှယ်
အသက် : ၁၈နှစ် မှ ၄ဝနှစ်ဝန်းကျင်
အလုပ်နေရာ : ရန်ကုန်မြို့နှင့် ပတ်ဝန်းကျင်
ခန့်ထားပုံ : တစ်ဦးချင်းစီ သီးသန့်စာချုပ်ချုပ်ဆိုခြင်း။
အခြားလိုအပ်ချက် : တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူဖြစ်ရမည်။ Smart Phone ကိုင်ဆောင်သူဖြစ်ရမည််။

“MPT Job Fair 2016” ကို ယခုနှစ် ဇန်နဝါရီလတွင် ရန်ကုန်မြို့၌ ကျင်းပခဲ့ပြီး “MPT Job Fair 2016 Mandalay” ကို ပြီးခဲ့သည့် ဇွန်လတွင် မန္တလေးမြို့၌ အသီးသီး ကျင်းပခဲ့ကြပြီး ဖြစ်ပါသည်။ ထိုအလုပ်အကိုင်ပြပွဲများမှာ စိတ်ပါဝင်စားစွာ လာရောက်လျှောက်ထားသူများနှင့် အောင်မြင်မှုရရှိခဲ့ပြီး အရည်အသွေးပြည့်ဝသော ဝန်ထမ်း များစွာကိုလည်း ရှာဖွေတွေ့ရှိခဲ့ပါသည်။ ယခု ဇူလိုင်လ ၂၃ နှင့် ၂၄ ရက်တို့တွင် ပြုလုပ်မည့် အလုပ်အကိုင်ပြပွဲသို့လည်း စိတ်ပါဝင်စားစွာ လာရောက် လျှောက်ထားကြရန် ဖိတ်ခေါ်အပ်ပါသည်။ MPT မှ ၄င်းတို့၏ အရောင်းကိုယ်စားလှယ်သစ်များနှင့် လက်တွဲကာ သုံးစွဲသူများအား ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုများ ပေးနိုင်လိမ့်မည်ဟု ယုံကြည်ပါသည်။