×

အံ့ဩဖွယ်ရာ တယ်လီကွန်းဆုလက်ဆောင်များရယူနိုင်မည့် MPT “ထိပေါက်” ကံစမ်းမဲအစီအစဉ် ပုံစံသစ်ကို ယနေ့ မိတ်ဆက်

24 Oct 2019

(ရန်ကုန်၊ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၂၄ ရက်) – မြန်မာနိုင်ငံ၏ ပထမဆုံးနှင့် ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာ ဖြစ်သည့် MPT သည် သုံးစွဲသူများ MPT4U အက်ပလီကေးရှင်းကို ဒေါင်းလုတ်ရယူခြင်း (သို့မဟုတ်) အဆင့်မြှင့်တင်ခြင်း ပြုလုပ်ပြီး MPT4U အက်ပလီကေးရှင်းမှ တစ်ဆင့် မည်သည့်ပက်ကေ့ချ်ကိုမဆို ဝယ်ယူခြင်းဖြင့် တယ်လီကွန်းဆုများကို  ပါဝင်ကံစမ်းနိုင်မည့် “နယူးထိပေါက်” (MPT ၏ ထိပေါက် အစီအစဉ် ပုံစံသစ်) ကံစမ်းမဲအစီအစဉ်ကို မိတ်ဆက်လိုက်ပြီဖြစ်ကြောင်း ယနေ့သတင်းထုတ်ပြန်ကြေညာလိုက်သည်။ MPT သုံးစွဲသူများအနေဖြင့် ပက်ကေ့ချ်များကို များများဝယ်လေ ဆုလက်ဆောင်များ ကံစမ်းနိုင်သည့် အခွင့်အရေးများကို များများပိုရနိုင်မည် ဖြစ်သည်။ ကံစမ်းနိုင်သည့် အခွင့်အရေးများသည် တစ်နေ့တာ၏ ည ၀၀:၀၀:၀၀ အချိန်တွင် ကုန်ဆုံးမည် ဖြစ်သည်။

“နယူးထိပေါက်” ကံစမ်းမဲအစီအစဉ်သည် MPT4U အက်ပလီကေးရှင်း အသုံးပြုသူတိုင်းအတွက် MPT က ဂုဏ်ယူစွာဖြင့် ဆောင်ရွက်ထားသော အစီအစဉ်တစ်ခု ဖြစ်သည်။ သုံးစွဲသူများသည် MPT ကွန်ရက်ကိုအသုံးပြု၍ အင်တာနက်ဒေတာဖိုးကုန်ကျစရာမလိုဘဲ MPT4U ဝက်ဆိုက်ဖြစ်သည့် (https://my.mpt.com.mm/#/) မှတစ်ဆင့်လည်း ပါဝင်ကံစမ်းနိုင်မည် ဖြစ်သည်။

MPT သုံးစွဲသူများသည် MPT4U အက်ပလီကေးရှင်း အဆင့်မြှင့်ဗားရှင်းကို အသုံးပြု၍ မိမိကြိုက်နှစ်သက်သည့် မည်သည့်ပက်ကေ့ချ်ကိုမဆို ဝယ်ယူကာ “နယူးထိပေါက်” ကံစမ်းမဲအစီအစဉ်တွင် ပါဝင်နိုင်မည် ဖြစ်သည်။ ကံစမ်းမဲအစီအစဉ်တွင် ကံထူးရှင်များကို တယ်လီကွန်းဆုလက်ဆောင်များဖြစ်သည့် ဒေတာ၊ ဖုန်းခေါ်ဆိုခွင့်၊ ဖုန်းဘေလ် နှင့် စာတိုပေးပို့ခြင်း (SMS) များ သုံးစွဲနိုင်ရန် ပေးအပ်သွားမည် ဖြစ်သည်။ ဖုန်းဘေလ်လက်ကျန်များကို  MPT အချင်းချင်း ဖုန်းခေါ်ဆိုခွင့်၊ MPT အချင်းချင်း စာတို (SMS )ပေးပို့ခွင့်ကို (၇) ရက်အတွင်း အသုံးပြုနိုင်မည် ဖြစ်သည်။

နယူးထိပေါက် ကံစမ်းမဲအစီအစဉ်၏ တယ်လီကွန်း ဆုလက်ဆောင်များ
·                ဒေတာ –  100 GB အထိ

·                ဖုန်းဘေလ် –  ၁၀၀, ၀၀၀ ကျပ်အထိ

·                MPT အချင်းချင်း ဖုန်းခေါ်ဆိုခွင့် – မိနစ် ၅၀၀ အထိ

·                MPT အချင်းချင်း စာတို (SMS ) – အစောင်ရေ ၅၀၀ အထိ

“MPT အနေနဲ့ ကျွန်တော်တို့တန်ဖိုးထားရတဲ့ သုံးစွဲသူတွေရဲ့ ဒီဂျစ်တယ်လူနေမှုဘဝ အတွေ့အကြုံကောင်းတွေ ရရှိဖို့ အကောင်းဆုံးကြိုးစားအားထုတ်နေပါတယ်။ သုံးစွဲသူတိုင်းဟာ ကျွန်တော်တို့ရဲ့ အသုံးပြုရလွယ်ကူတဲ့ MPT4U အက်ပလီကေးရှင်းကို အသုံးပြုပြီး မိုဘိုင်းလ်ဖုန်းနဲ့ ပတ်သက်တဲ့ ကုန်ကျစရိတ်တွေကို ကောင်းမွန်စွာ စီမံခန့်ခွဲနိုင်မှာပါ။ “နယူးထိပေါက်” ကံစမ်းမဲအစီအစဉ်ကနေတစ်ဆင့် နောက်ဆုံးဗားရှင်းကိုအသုံးပြုပြီး လုပ်ဆောင်ချက်အသစ်တွေနဲ့ စိတ်လှုပ်ရှားစရာ ပရိုမိုးရှင်းအစီအစဉ်တွေကို ရယူ အသုံးပြုဖို့အတွက်တိုက်တွန်း ချင်ပါတယ်” ဟု MPT-KSGM Joint Operations ၏ Chief Commercial Officer ဖြစ်သူ Mr. Reizo Umeda က ပြောကြားခဲ့သည်။

MPT သုံးစွဲသူများအနေဖြင့် MPT4U အက်ပလီကေးရှင်းကို Google® Play Store မှသော်လည်းကောင်း Apple® App Store မှ သော်လည်းကောင်း ဒေါင်းလုတ်ဆွဲ၍ရယူနိုင်ပါသည်။ ထို့ပြင် သုံးစွဲသူများအနေဖြင့် MPTဖုန်းနံပါတ်ဖြင့် *4040# ကို ဖုန်းခေါ်ဆိုခြင်း (သို့မဟုတ်) လိုတရ ဝက်ဘ်ပေါ်တယ်မှတစ်ဆင့် MPT4U အက်ပလီကေးရှင်းကို ဒေါင်းလုတ် ပြုလုပ်ခြင်း(သို့မဟုတ်) အဆင့်မြှင့်တင်ခြင်းတို့ကို ပြုလုပ်နိုင်မည် ဖြစ်သည်။ (Android ဖုန်းအသုံးပြုသူများအတွက် အခမဲ့)

Google Play Store: http://PlayStore/MPT4U

Apple Store: http://AppStore/MPT4U

Lo Ta Ya – http:/FreeDownload/MPT4U

Android ဖုန်းအသုံးပြုသူများအတွက် အခမဲ့တိုက်ရိုက်ဒေါင်းလုတ်လင့်ခ် – bit.ly/FreeLuckyDraw4U

MPT ၏ ထုတ်ကုန်အသစ်များနှင့် ဝန်ဆောင်မှုများအကြောင်း ပိုမိုသိရှိလိုပါက ၁၀၆ သို့ ခေါ်ဆို၍ သော်လည်းကောင်း MPT ၏ တရားဝင် ဖေ့စ်ဘွတ်ခ် စာမျက်နှာ https://www.facebook.com/mptofficialpage/ သို့မဟုတ် MPT ၏ တရားဝင် ဝက်ဘ်ဆိုက် www.mpt.com.mm သို့ ဝင်ရောက်ကြည့်ရှု လေ့လာနိုင်ပါသည်။