×

အွန်လိုင်း Portal နှင့် SMS မှတစ်ဆင့် မိမိတို့နှစ်သက်ရာ ပြိုင်ပွဲဝင်များအား မဲပေးနိုင်မည့် “The Voice Myanmar, Season 2” အတွက် Voting Packs အသစ်များကို MPT မှ မိတ်ဆက်

29 Apr 2019

(ရန်ကုန် ၊ ၂၀၁၉ ခုနှစ်၊ ဧပြီလ ၂၉ ရက်) – ယှဉ်ပြိုင်မှုပြင်းထန်လာသည့် The Voice Myanmar Season 2 အတွက် MPT အသုံးပြုသူများအနေဖြင့် MPT နှင့် The Voice Myanmar ၏ Web Portal ဖြစ်သော “thevoice.mptvote.com” နှင့် SMS Voting စနစ်များမှ တစ်ဆင့် အလွယ်တကူ မဲပေးနိုင်တော့မည် ဖြစ်ကြောင်း MPT က သတင်းထုတ်ပြန် ကြေညာလိုက်သည်။ မကြာမီရောက်ရှိလာတော့မည့် Live Performance အစီအစဉ်မှ စတင်ကာ အသစ်ထုတ်လိုက်သည့် Voting Pack များဖြစ်သည့် vote ၁၀ ခုမှ vote အခု ၁၀၀ အထိပါဝင်မည့် voting packs များအား (၂၆၃) ကျပ် မှ (၂,၆၂၅) ကျပ်အထိ ဝယ်ယူနိုင်မည်ဖြစ်ပြီး၊ မြန်မာနိုင်ငံတစ်ဝှမ်းမှ ပရိသတ်အများအနေဖြင့် မိမိတို့နှစ်ခြိုက်သည့် ပြိုင်ပွဲဝင်များကို အားပေးနိုင်ကြမည် ဖြစ်ပါသည်။

The Voice Myanmar season 2 အစီအစဉ်ကို မိမိတို့နေအိမ်မှ လည်းကောင်း၊ စတူဒီယိုမှသော်လည်းကောင်း ကြည့်ရှုကြမည့် ပရိသတ်များအနေဖြင့် မူလ Vote ပေးနည်းဖြစ်သည့် MPT Online Voting portal ဖြင့် vote ပေးရာတွင် portal အသုံးပြုမှုအတွက် မည်သည့် data အသုံးပြုခမျှ ကျသင့် ခြင်းမရှိဘဲ အသုံးပြုနိုင်မည်ဖြစ်ပြီး၊ MPTမှ ယခု season အတွက် ပထမဦးဆုံးအနေဖြင့် မိတ်ဆက်ပေးလိုက်သည့် SMS voting ကိုပါ အသုံးပြုနိုင်မည် ဖြစ်ပါသည်။ ယခု SMS voting အစီအစဉ်ကို MPT အသုံးပြုသူများသာ ဆောင်ရွက်နိုင်မည်ဖြစ်ပြီး SMS voting pack များတွင် voting အရေအတွက် အကန့်အသတ်မရှိ ပေးနိုင်သော်လည် အသုံးပြုမှုအတိုင်းသာကျသင့်မည့် PAYG ကိုရွေးချယ်ထားသည့် မဲပေးသူများအနေဖြင့် episode တစ်ခုအတွက် online မှသော်လည်းကောင်း၊ SMS မှသော်လည်းကောင်း အများဆုံး ၃ ကြိမ်အထိသာ မဲပေးနိုင်ကြမည်ဖြစ်သည်။

MPT အသုံးပြုသူများအတွက် Package ၅မျိုး ခွဲခြားပေးထားပြီး အနည်းဆုံး မဲအရေအတွက် ၁၀ ခု လျှင် (၂၆၃) ကျပ် မှစ၍ မဲအရေအတွက် ၁၀၀ လျှင် (၂,၆၂၅) ကျပ် အထိ သတ်မှတ်ပေးထားပါသည်။ MPT သုံးစွဲသူများအနေဖြင့် မဲအရေအတွက် ၁၀ ၊ ၂၀ ၊ ၃၀၊ ၅၀ နှင့် ၁၀၀ ဟူ၍ package များအား သင်တင့်သော နှုန်းထားများဖြင့် ရွေးချယ်ဝယ်ယူနိုင်ကြမည် ဖြစ်ပါသည်။

Online Voting Portal နှင့် SMS Voting များအတွက် ပက်ကေ့ချ် အသစ်များနှင့် ၎င်းတို့၏ ဈေးနှုန်းများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

*အထက်ပါ package များကို ဝယ်ယူပြီးသည့်အချိန်မှစ၍ ပြိုင်ပွဲတစ်လျှောက်လုံး အသုံးပြုနိုင်မည် ဖြစ်ပါသည်။

 

Online voting platform အသုံးပြုခြင်း၊ SMS ပေးပို့ခြင်း၊ ပြိုင်ပွဲဝင်များ၏ ကိုယ်ပိုင် ကုဒ်နံပါတ်များ နှင့် အခြားသော လုပ်ဆောင်ချက်များအား ရှင်းပြထားသည့် ဗီဒီယို ကိုလည်း မကြာမီတွင် MPT ၏ တရားဝင် Facebook စာမျက်နှာ၊ Website နှင့် YouTube channel များတွင် တင်ပေးသွားမည် ဖြစ်ပါသည်။ The Voice Myanmar Season 2 အတွက် live voting များကို မေလ ၂၆ ရက် ၂၀၁၉ တွင် စတင်သွားမည် ဖြစ်ပြီး၊ ပရိသတ်များအနေဖြင့် MRTV 4 Channel တွင် ကြည့်ရှုနေစဉ်အတွင်း မိမိတိုနှစ်သက်သည့် ပြိုင်ပွဲဝင်များအား မဲပေးနိုင်မည် ဖြစ်သည်။

MPT-KSGM Joint Operations ၏ စီးပွားရေးဌာနကြီး၏ အရာရှိချုပ်ဖြစ်သူ Mr. Reizo Umeda က “ကျွန်တော်တို့အနေနဲ့ ဒီပြိုင်ပွဲကို ထောက်ပံ့ကူညီပေးတာကတစ်ဆင့် မြန်မာနိုင်ငံကအကောင်းဆုံး လူငယ်လေးတွေကို ရွေးချယ်ဖော်ထုတ်ပေးတဲ့နေရာမှာ အထောက်အပံ့ ဖြစ်မယ်လို့ ယုံကြည်ပါတယ်။ The Voice Myanmar အစီအစဉ်ဟာ မြန်မာနိုင်ငံရဲ့အမှတ်သင်္ကေတ၊ ဂီတအနုပညာတန်ဖိုးတွေကို စုဆောင်း ရွေးချယ် ဖော်ထုတ် ပြသပေးနေတဲ့ ပြိုင်ပွဲတစ်ခုပါ။ ကျွန်တော်တို့ရဲ့ သုံးစွဲသူတွေထဲမှာ The Voice Myanmar ရဲ့ ပရိသတ်တွေ အများကြီး ပါ ပါတယ်။ ဒါကြောင့်လည်း ဒီ SMS voting လုပ်ဆောင်ချက် အသစ်ကနေတစ်ဆင့် မြန်မာနိုင်ငံရဲ့အနာဂတ် ဂီတကြယ်ပွင့်တွေကို ရွေးချယ်ဖော်ထုတ်တဲ့နေရာမှာ ထိထိရောက် ပါဝင်နိုင်ကြစေဖို့အတွက် ကျွန်တော်တို့ လုပ်ဆောင်ပေးခဲ့ကြတာပါ”ဟုလည်း ထပ်လောင်း ပြောခဲ့ပါသည်။

တစ်ချိန်တည်းမှာပင် မြန်မာရော့ခ်ဂီတကြယ်ပွင့်ဖြစ်ပြီး The Voice Myanmar မှာ coach အဖြစ် ပထမဦးဆုံး ပါဝင်လာသည့် တေးသံရှင် R ဇာနည်မှလည်း “ဒီလို စိတ်လှုပ်ရှားစရာကောင်းတဲ့ The Voice Myanmar Season 2 ရဲ့ အစီအစဉ်မှာ Coach တစ်ယောက်အနေနဲ့ ပါဝင်ခွင့်တဲ့အတွက် အရမ်းပဲ စိတ်အားထက်သန် ဂုဏ်ယူမိပါတယ်။ Blind audition တွေကနေစလို့ နောက်ဆုံးဖိုင်နယ် အဆင့်တွေအထိ ထိုက်တန်တဲ့ ပြိုင်ပွဲဝင်တွေကို MPT ရဲ့ Voting စနစ်တွေဖြစ်တဲ့ SMS Vote ကပဲဖြစ်ဖြစ် Online Voting Portal ကပဲဖြစ်ဖြစ် အဆင်ပြေလွယ်ကူစွာနဲ့ ရွေးချယ်ပေးနိုင်နေပြီဖြစ်တဲ့အတွက် မိမိတို့ နှစ်သက်တဲ့ ပြိုင်ပွဲဝင်တွေကို ပါဝင် အားပေးကြဖို့ တိုက်တွန်းချင်ပါတယ်။”ဟု ပြောသွားခဲ့ပါတယ်။

ယခု The Voice Myanmar Voting pack တွေအတွက် အသေးစိတ်ထပ်မံ သိရှိလိုပါက ၁၀၆ သို့ ခေါ်ဆိုခြင်း သို့မဟုတ် MPT ၏တရားဝင် ဝက်ဘ်ဆိုက်ဖြစ်သည့် www.mpt.com.mm သို့မဟုတ် MPT ၏ တရားဝင် ဖေ့စ်ဘွတ်စာမျက်နှာဖြစ်သော www.facebook.com/mptofficialpage သို့ ဆက်သွယ်၍ မေးမြန်းနိုင်ပါသည်။

 

Click Here For Details>>>>>The Voice Myanmar  Season 2 FAQs