×

၂၀၁၇ ဆီးဂိမ်းအထိမ်းအမှတ်အဖြစ် မလေးရှားနိုင်ငံတွင်း အသုံးပြုမည့် MPT ဖုန်းများအားလုံး အဝင်လက်ခံဖြေကြားမှု အခမဲ့နှင့် အင်တာနက်ဒေတာအတွက် (၈)ကျပ်သာ ကောက်ခံမည့်အစီအစဉ် စတင်

22 Aug 2017

(ရန်ကုန်၊ ၂၀၁၇ ခုနှစ် သြဂုတ်လ ၂၂ ရက်) – မလေးရှားနိုင်ငံတွင်ကျင်းပလျက်ရှိသော (၂၉)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (ဆီးဂိမ်း) ကို ဂုဏ်ပြုသည့်အနေဖြင့် ယင်းနိုင်ငံအတွင်း MPT ဆင်းမ်ကတ် သုံးစွဲသူများ၏ ဖုန်းအဝင်လက်ခံဖြေကြားမှုအားလုံးကို “အခမဲ့” ရယူအသုံးပြုနိုင်စေမည့် ဝန်ဆောင်မှု အသစ်တစ်ရပ်ကို MPT က စတင်မိတ်ဆက်ပေးလိုက်ပြီဖြစ်ပါသည်။

ယခင်က မလေးရှားနို်င်ငံတွင်း MPT ဆင်းမ်ကတ် အသုံးပြုသူများအတွက် အဝင်ဖုန်း လက်ခံဖြေကြားမှု ဝန်ဆောင်ခ နှုန်းထားမှာ တစ်မိနစ်လျှင် (၇၀၀)ကျပ်ဖြစ်ရာမှ ယခုဆီးဂိမ်းဂုဏ်ပြုအစီအစဉ်အဖြစ် အဝင်ဖုန်းများကို ဝန်ဆောင်ခ အခမဲ့ဖြင့် လက်ခံဖြေကြားနိုင်တော့မည် ဖြစ်ပါသည်။

ထို့အပြင် ဆီးဂိမ်းကျင်းပရာ နိုင်ငံတွင်းရှိ MPT ကွန်ရက်သုံးစွဲသူများအနေဖြင့် အင်တာနက်ပေါ်မှတစ်ဆင့် လွယ်ကူ လျင်မြန်စွာ ချိတ်ဆက်နို်င်စေရန် အင်တာနက်ဒေတာနှုန်းထားကို ၁ မီဂါဘိုက်လျှင် ၈ ကျပ်နှုန်းသာ ကောက်ခံ သွားမည် ဖြစ်သောကြောင့် အသုံးပြုသူများအတွက် လွန်စွာသက်သာကောင်းမွန်သည့် နှုန်းထားသစ်တစ်ခု လည်းဖြစ်ပါသည်။

အထက်ပါ အထူးနှုန်းထားအစီအစဉ်သစ်ကို မလေးရှားနိုင်ငံတွင်း MPT ၏ GSM/WCDMA ဆက်သွယ်ရေး ကွန်ရက်ကို အသုံးပြုသည့် ကြိုတင်ငွေပေးချေသည့် နည်းလမ်းဖြင့် သုံးစွဲသူများအတွက် ယခု သြဂုတ်လ (၂၂)ရက်မှ စတင်ကာ ရယူအသုံးပြုနိုင်မည်ဖြစ်ပြီး အဆိုပါ ဝန်ဆောင်မှု အတွက် MPT သို့ စာရင်သွင်းခ ပေးရန်လည်း လိုအပ်မည် မဟုတ်ပါ။ သို့သော် မလေးရှားနိုင်ငံတွင်းတွင် အသုံးပြုခြင်းအတွက် Data Roaming ဖွင့်ထားရန် ၁၃၃၂ သို့ “RMDON” ဟု စာတို ပေးပို့ထားရမည်ဖြစ်ပါသည်။

ဆီးဂိမ်းဂုဏ်ပြု အထူးနှုန်းထားအစီအစဉ်တွင် ဆီးဂိမ်းပြိုင်ပွဲနှင့်ဆက်စပ်၍ မလေးရှားသို့ ရောက်ရှိနေကြသည့် MPT သုံးစွဲသူများအတွက် MPT ဆင်းမ်းကတ်မှ တစ်ဆင့် ယင်းနိုင်ငံတွင်း ဖုန်းနံပါတ်များသို့ ဖုန်းခေါ်ဆိုပါက တစ်မိနစ်လျှင် ၁၅၀ ကျပ် အထူးနှုန်းဖြင့် ဆက်သွယ်ခေါ်ဆိုနိုင်မည် ဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံမှ မည်သည့် ဆက်သွယ်ရေးကွန်ရက်သို့မဆို ဖုန်းခေါ်ဆိုမှုအတွက် လည်း တစ်မိနစ်လျှင် ၂၀၀ ကျပ်နှုန်းထားသာ ကျသင့်မည်ဖြစ်ပါသည်။

မြန်မာနိုင်ငံမှလွဲ၍ အခြားသော နိုင်ငံတကာသို့ ဖုန်းခေါ်မှုအတွက်များအတွက်လည်း ဝန်ဆောင်ခ နှုန်းထားများ ကို တစ်မိနစ်လျှင် (၅၀၀)ကျပ်သို့ လျှော့ချပေးသွားမည်ဖြစ်ပြီး စာတို(SMS) ပေးပို့ခြင်းအတွက်မူ စာတစ်စောင်လျှင် ၅၀ကျပ်နှုန်းဖြင့်သာ ပြောင်းလဲကောက်ခံပေးသွားမည် ဖြစ်ပါသည်။

MPT-KSGM Joint Operations ၏ Chief Commercial Officer ဖြစ်သူ Mr.Reizo Umeda က “MPT သုံးစွဲသူတွေအနေနဲ့ အခုလို MPT ရဲ့ အထူးသက်သာတဲ့ Roaming နှုန်းထားကို အသုံးပြုခြင်းနဲ့အတူ မလေးရှားနိုင်ငံမှာ ကျင်းပနေတဲ့ အားကစားပြိုင်ပွဲတွေကို စိတ်အားထက်သန်စွာ အားပေးနေကြသူတွေနဲ့ သူတို့ရဲ့ ဆွေမျိုး၊ မိသားစု တွေအကြားမှာ ပျော်ရွှင်စရာတွေကို အတူတကွ မျှှဝေခံစားသွားနိုင်ဖို့ ဖြစ်ပါတယ်။ MPT ရဲ့ အခုလို ဆွဲဆောင်မှုရှိပြီး သုံးစွဲသူတွေအတွက် အထူးကောင်းမွန်သက်သာတဲ့ခေါ်ဆိုခ၊ SMS၊ အင်တာနက်နဲ့ ဒေတာနှုန်းထားတွေနဲ့အတူ ဒီပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်နေကြတဲ့ မြန်မာအားကစားသမားတွေ အားလုံး အောင်မြင်မှုတွေရရှိဖို့အတွက် အားပေးနေကြတဲ့ သူတွေအကုန်လုံးကို အကောင်းဆုံး အသုံးပြုနိုင် လိမ့်မယ်လို့ ကျွန်တော်တို့ မျှော်လင့်မိပါတယ်” ဟု ပြောသည်။

ဆီးဂိမ်းဂုဏ်ပြုသည့် MPT ၏ ခေါ်ဆိုခနှုန်းထားလျှော့ချပေးသော ယခုအစီအစဉ်မှာ ဆီးဂိမ်းပြိုင်ပွဲများ အတွက်သာမက မလေးရှားနိုင်ငံတွင်း နေထိုင်အလုပ်လုပ်ကိုင်နေကြသည့် မြန်မာနိုင်ငံသား များနှင့် ၄င်းတို့၏ မိသားစု၊ ချစ်ခင်မြတ်နို်းရသူများအကြား ကွာဝေးနေမှုများကို လျှော့ချပေးလိုက်နိုင်မည့် အစီအစဉ် တစ်ရပ်လည်း ဖြစ်ပါသည်။

Malaysia outbound roaming

ဖုန်းခေါ်ဆိုမှုအမျိုးအစားအခြေခံနှုန်းထား (ကျပ်)ပရိုမိုးရှင်း နှုန်းထား (ကျပ်)
မလေးရှားနိုင်ငံတွင်း ဖုန်းသို့များခေါ်ဆိုခြင်း (ကျပ်/မိနစ်)၉၀၀၁၅၀
မြန်မာနိုင်ငံသို့ ဖုန်းခေါ်ဆိုခြင်း (ကျပ်/မိနစ်)၁၀၀၀၂၀၀
အခြားနိုင်ငံများသို့ ဖုန်းခေါ်ဆိုခြင်း (ကျပ်/မိနစ်)၁၅၀၀၅၀၀
မည်သည့် ဖုန်းအဝင်မဆို လက်ခံခြင်း(ကျပ်/မိနစ်)၇၀၀Free
စာတိုပေးပို့ခြင်း (ကျပ်/စောင်ရေ)၄၀၀၅၀
အင်တာနက်ဒေတာ ( ကျပ်/ မက်ဂါဘိုက်)၅၀၀