×

၂၀၁၇ နှစ်သစ်ကူးချိန်ကို အတူတကွ ပျော်ရွှင်ဆင်နွှဲနိုင်ရန်အတွက် Public Festival ပွဲတော်ကို MPT မှ ပံ့ပိုးကူညီ

28 Dec 2016

၂ ရက်တာ ကျင်းပမည့် နှစ်သစ်ကူးကြိုဆိုပွဲကို နာမည်ကျော်အနုပညာရှင်များပါဝင်သည့် သီဆိုဖော်ဖြေမှုများ၊ ပျော်ရွှင်ဖွယ်ရာ ကစားနည်းအစီအစဉ်များဖြင့် ရန်ကုန်မြို့ရှိ ပြည်သူ့ရင်ပြင်တွင် ကျင်းပသွားမည်ဖြစ်ပါသည်။

(ရန်ကုန်၊ ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်) – မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) မှပံ့ပိုးကူညီပေးသော Nine Planets မှ စီစဉ်ဆောင်ရွက်မည် အဆိုအက ဖျော်ဖြေ မှုများ၊ အနုပညာခင်းကျင်းပြသပွဲများ၊ ဖက်ရှင်တံဆိပ်များ စားသောက်ဆိုင်များနှင့် ပျော်ပွဲရွှင်ပွဲများပါဝင်မည့် နှစ်သစ်ကူး ကြိုဆိုပွဲ ဖြစ်သည့် Public Festival ပွဲတော်ကို ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ နှင့် ၃၁ ရက်နေ့တို့တွင် ရန်ကုန်မြို့၊ ပြည်သူ့ရင်ပြင်၌ ကျင်းပသွားမည်ဖြစ်ပါသည်။

ပျော်ပွဲရွှင်ပွဲများကို နှစ်သက်သူများအနေဖြင် လေဟာပြင်တွင်ကျင်းပမည့် အဆိုပါပွဲတော်တွင် ခေတ်ပေါ် တေးသီချင်းများ၊ အကဖျော်ဖြေမှုများ၊ ပေါ့ပ်တေးသီချင်းများသာမက ဂန္တဝင်ရော့ခ်ဂီတများပင် ပါဝင်မည့် ရင်သပ်ရှုမော ဖွယ်ရာ ဖျော်ဖြေမှုများကို ကြည့်ရှုခံစားရမည်ဖြစ်ပါသည်။ MPT မှ ပံ့ပိုးသည့် ပြည်သူ့ပွဲတော် ပထမနေ့တွင် DJ Thaw Thaw, Big Bag, Reason, Idiots, Antibiotic, Jenny, Issni, Sarah, Drive, Deficiency, Dusty Way, Room 502, ILLegal, Runaway Brides နှင့် Violenz စသည့် ပျော်ရွှင်မြူးထူးဖွယ်ရာ တက်ကြွသည့် စည်းချက် များဖြင့် ဖျော်ဖြေမည့် နာမည်ရအဆိုပညာရှင်အဖွဲ့များနှင့် ဒီဂျေတို့ ပါဝင်မည် ဖြစ်ပါသည်။

ဒုတိယနေ့တွင် A Letter from Caesar, Nightmare, Fever 109, No U Turn, Last Day of Beethoven, The Voice နှင့် Extant စသည့် ရော့ခ်ဂီတအဖွဲ့များပါဝင်မည့်အပြင် နှစ်ဟောင်းကို ကောင်းမွန်စွာနှုတ်ဆက်ရန် Iron Cross ကဲ့သို့သော ရော့ခ်အဖွဲ့ကြီးကလည်း နှစ်သစ်ကြိုဆိုပွဲကို ပါဝင်အားဖြည့်သွားမည်ဖြစ်သည်။

ပိုမိုအသက်ဝင်မည့် ပျော်ရွှင်စရာပွဲတော်ဖြစ်စေရန် ကစားနည်းအစီအစဉ်များ၊ သုံးစွဲသူများနှင့် ပွဲတော်လာသူများ အတွက် အထူး ပရိုမိုးရှင်းအစီအစဉ်များကို MPT က စီစဉ်ပေးထားပြီး အရောင်းဆိုင်ခန်းများ၊ ဓါတ်ပုံရိုက်ရန်နေရာ များ၊ ဖုန်းအားသွင်းရန်နေရာများပါ ပါဝင်သည့်အပြင် MPT အမှတ်တံဆိပ်နှင့် ကုန်ပစ္စည်းများနှင့် အမှတ်တရပစ္စည်းများ စသည့် လိုချင်စဖွယ် ဆုလက်ဆောင်များကိုလည်း ပေးအပ်သွားမည်ဖြစ်ပါသည်။

MPT-KSGM Joint Operations ၏ Chief Commercial Officer ဖြစ်သူ Mr. Koichi Kawase က “နာမည်ကြီး ဖျော်ဖြေရေးသမားတွေနဲ့ စိတ်လှုပ်ရှားဖွယ်ရာ ပျော်ပွဲရွှင်ပွဲ လှုပ်ရှားမှုတွေပါဝင်ပြီး ပြည်သူတွေ ပါဝင်ဆင်နွှဲနိုင်တဲ့ မြန်မာနိုင်ငံမှာ အကြီးမားဆုံး နှစ်သစ်ကြိုဆိုပွဲ “ပြည်သူ့ပွဲတော်” ကို ခုလို ပံ့ပိုးခွင့်ရတဲ့အတွက် အရမ်းကို စိတ်လှုပ်ရှားမိပါတယ်။ ၂၀၁၆ ကို နှုတ်ဆက်တဲ့ ပွဲတေ်ာအခါသမယကို မမေ့နိုင်စရာဖြစ်စေဖို့ ရည်ရွယ်ပြီး နိုင်ငံ အနှံ့ဖြန့်ကျက်ထားတဲ့ ကွန်ရက်ပေါ်က ကျွန်တော်တို့ရဲ့ သုံးစွဲသူပေါင်း ၂၁ သန်းကျော်နဲ့အတူတကွ ကျင်းပဖို့ လည်း ရည်ရွယ်ပါတယ်။ ခမ်းနားကြီးကျယ်တဲ့ နှစ်သစ် ၂၀၁၇ ဆီကို လှမ်းချီဖို့ ကျွန်တော်တို့နဲ့အတူ ပါဝင်ဆင်နွှဲ ကြရအောင်” ဟု ပြောကြားသည်။

ပွဲတော်အချက်အလက်များ

ပွဲအမည် : The Public Festival – (နှစ်သစ်ကူးကြိုဆိုပွဲ) MPT မှ ပံ့ပိုးကူညီသည်။

အချိန် : မွန်းလွဲ ၂ နာရီ မှ ည ၁၁ နာရီထိ (ဒီဇင်ဘာ ၃၀) နှင့် မွန်းလွဲ ၁ နာရီမှ ညဉ့် ၁၂ နာရီထိ (ဒီဇင်ဘာ ၃၁)
နေရာ : ပြည်သူ့ရင်ပြင်၊ ရန်ကုန်

Public Festival ဝင်ပေါက် (ပြည်လမ်းဝင်ပေါက်) နားရှိ MPT ၏ အရောင်းဆိုင်ခန်းနှင့် စတိတ်စင် နေရာ၌ နှစ်သစ်ကြိုဆိုပွဲကို ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲနိုင်မည်ဖြစ်ပါသည်။ ပွဲနှင့် ပတ်သက်ပြီး ထပ်မံသိလိုသည်များရှိပါက သို့မဟုတ် MPT ၏ ကြေညာချက်များကို သိရှိလိုပါက www.mpt.com.mm သို့မဟုတ် www.facebook.com/mptofficialpage တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။