×

၂၀၁၈ခုနှစ် MPT တက္ကသိုလ်များ ဘောလုံးပြိုင်ပွဲ၏ မြန်မာတစ်နိုင်ငံလုံးအဆင့် ဗိုလ်လုပွဲစဉ်များ စတင်ကျင်းပ

21 Aug 2018

(ရန်ကုန်၊ ၂၀၁၈ခုနှစ် သြဂုတ်လ ၂၁ ရက်) – ၂၀၁၈ခုနှစ် MPT တက္ကသိုလ်များဘောလုံးပြိုင်ပွဲ၏ မြန်မာတစ်နိုင်ငံ လုံးအဆင့် ဗိုလ်လုပွဲ ဖွင့်ပွဲအခမ်းအနားကို ရန်ကုန်မြို့ တက္ကသိုလ်များ ဘောလုံးကွင်း (သထုံလမ်း) ၌ သြဂုတ်လ (၂၀) ရက်၊ တနင်္လာနေ့က စတင်ကျင်းပလိုက်ပြီဖြစ်သည်။ အထက်မြန်မာပြည်မှ အမျိုးသား၊ အမျိုးသမီး ဘောလုံးချန်ပီယံအသင်း၂သင်း နှင့် အောက်မြန်မာပြည်မှ အသင်း ၂ သင်းတို့က ယခုရက်သတ္တပတ်မှ စတင်ကာ ဗိုလ်လုပွဲအတွက် အကြိတ်အနယ် ယှဉ်ပြိုင်ကစားကြတော့မည် ဖြစ်သည်။ ယခုနှစ်ပြိုင်ပွဲ၏ စိတ်လှုပ်ရှားဖွယ် အကောင်းဆုံးဗိုလ်လုပွဲစဉ်ကိုမူ သြဂုတ်လ ၂၇ ရက်တွင် တက္ကသိုလ်များဘောလုံးကွင်း(သထုံလမ်း) ၌ ကျင်းပ သွားမည် ဖြစ်သည်။

၂၀၁၈ခုနှစ် MPT တက္ကသိုလ်များ ဘောလုံးပြိုင်ပွဲကို ဖေဖော်ဝါရီလတွင် စတင်ကျင်းပခဲ့ပြီး အဆိုပါ ပြိုင်ပွဲသည် မြန်မာ့ဘောလုံးအားကစားလောကအတွက် မျိုးဆက်သစ်လူငယ်ကစားသမားများ မွေးထုတ်ပေးနိုင်ရန် MPT နှင့် MNL တို့ သုံးနှစ်တာရည်ရွယ်ပူးပေါင်းဆောင်ရွက်ခဲ့မှု၏ တစ်စိတ်တစ်ဒေသဖြစ်သည့်အပြင် လူငယ်ကစား သမားများ ဘောလုံးစွမ်းရည်တိုးတက်လာစေရေးအတွက် လူငယ်ခြေစွမ်းပြဘောလုံးပြိုင်ပွဲများပြုလုပ်ပေးခြင်း၊ ဘောလုံးသင်တန်းများပေးခြင်းနှင့် ဘောလုံးအားကစားအတွက် လိုအပ်သည့်သင်ထောက်ကူပစ္စည်းများ ပံ့ပိုး ကူညီခြင်းများ ဆောင်ရွက်ပေးလျက်ရှိသည့် MPT ၏ လက်ရှိလုပ်ဆောင်မှုများအနက်မှ တစ်ခုလည်း ဖြစ်သည်။

MPT-KSGM Joint Operations မှ စီးပွားရေးရာဌာနကြီး၏ အရာရှိချုပ်ဖြစ်သူ Mr. Reizo Umeda က “အခုလို ၂၀၁၈ ခုနှစ် MPT တက္ကသိုလ်များ ဘောလုံးပြိုင်ပွဲရဲ့ မြန်မာတစ်နိုင်ငံလုံးအဆင့် ဗိုလ်လုပွဲကို ကျင်းပနိုင်ခဲ့လို့ ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါတယ်။ ဒီနှစ်မှာတော့ အထက်မြန်မာပြည်နဲ့ အောက်မြန်မာပြည်ဇုန်တွေက အမျိုးသား၊ အမျိုးသမီးချန်ပီယံအသင်းတွေက ဗိုလ်လုပွဲအတွက် အကြိတ်အနယ် ယှဉ်ပြိုင်ကြတော့မှာပါ။ ဒီပြိုင်ပွဲ ဟာ လာမယ့် ၂၀၁၈ အာဆီယံတက္ကသိုလ်များအားကစားပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ကစားနိုင်မယ့် ထူးချွန်တဲ့ လူငယ်မျိုးဆက်သစ်တွေကိုပါ မွေးထုတ်ပေးနိုင်လိမ့်မယ်လို့ ကျွန်တော်တို့ယုံကြည်ပါတယ်။ အခုလို ၂၀၁၈ ခုနှစ် MPT တက္ကသိုလ်များ ဘောလုံးပြိုင်ပွဲ ဖြစ်မြောက်အကောင်အထည်ပေါ်လာအောင် အစဉ်တစိုက် ကူညီပံ့ပိုးပေးခဲ့ကြတဲ့ MNL နဲ့ ပညာရေးဝန်ကြီးဌာနတို့ကို အထူးကျေးဇူးတင်ရှိကြောင်း ဒီနေရာကနေ ပြောကြားလိုပါတယ်” ဟု ပြောကြားခဲ့သည်။

“ဒီပြိုင်ပွဲဟာ တက္ကသိုလ်ဘောလုံးလောက ပိုမိုတိုးတက်လာဖို့ ပံ့ပိုးပေးနေတဲ့ ကျွန်တော်တို့ မြန်မာနေရှင်နယ် လိဂ်နဲ့ MPT တို့ရဲ့ ဒုတိယ ခြေလှမ်းဖြစ်ပါတယ်။ ကျင်းပပြီးစီးခဲ့တဲ့ အောက်မြန်မာပြည်နဲ့ အထက်မြန်မာပြည် ဇုန်အလိုက် MPT-University Football Tournament 2018 ပွဲမှာ တက္ကသိုလ်ကျောင်းသား လူငယ် လေးတွေရဲ့ အားရဖွယ် ခြေစွမ်းကောင်းတွေကိုတွေ့မြင်ခဲ့ရပြီး ဖြစ်သလို ဒီပြိုင်ပွဲမှာလည်း ထပ်ပြီးမြင်တွေ့ရဖို့ မျှော်လင့်ပါတယ်။ အခုလို တက္ကသိုလ် ဘောလုံးပွဲတွေကို အထူးတလည် ပံ့ပိုးပေးခဲ့တဲ့ MPT ကိုလည်း အထူးပဲ ကျေးဇူးတင်ပါတယ်။ တစ်ချိန်က တက္ကသိုလ်ဘောလုံးအသင်းတွေဟာ မြန်မာ့ဘောလုံးလောက အတွက် အထင်ကရ ကစားသမားကောင်းတွေ ထောက်ပံ့နိုင်ခဲ့တဲ့ အစဉ်အလာ ရှိခဲ့သလို ဒီပြိုင်ပွဲကနေလည်း လာမယ့် နှစ်ကုန်ပိုင်းမှာ ကျင်းပမယ့် အာဆီယံ တက္ကသိုလ်ပေါင်းစုံ အားကစားပြိုင်ပွဲမှာ မြန်မာ့တက္ကသိုလ်လက်ရွေးစင် အသင်းကို ကိုယ်စားပြုနိုင်မယ့် ကစားသမားကောင်းတွေ ထွက်ပေါ်လာနိုင်ဖို့ မျှော်လင့်ပါတယ်” ဟု မြန်မာ နေရှင်နယ်လိဂ် အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်က ပြောကြားခဲ့သည်။

အဆင့်မြင့်ပညာဦးစီးဌာန၊ ရန်ကုန်ရုံးခွဲ မှ ဒုတိယညွှန်ကြားရေးမှူးချုပ်ဖြစ်သူ ဒေါက်တာ သန်းသန်းဝင်းက “ဘောလုံးအားကစားဟာ ကစားသူတွေအတွက် တကယ်အကျိုးရှိစေတဲ့ ကစားနည်းတစ်ခုဖြစ်တယ်လို့ ကျွန်မ အပြည့်အဝယုံကြည်ပါတယ်။ ကျွန်မတို့ချစ်တဲ့ အားကစားအတွက် အများကြီးကူညီပံ့ပိုးပေးခဲ့ကြတဲ့ MPT နဲ့ MNL အတွက်လည်း ဂုဏ်ယူအားပေးပါတယ်။ ဒီလိုပူးပေါင်း ဆောင်ရွက်မှုဟာတစ်နိုင်ငံလုံးမှာရှိတဲ့ ကျောင်းသား လူငယ်လေးတွေ ဘောလုံးအားကစားမှာ ပိုမိုပါဝင်နိုင်ဖို့ ကူညီရာမှာ အလွန်အရေးပါတဲ့ နေရာကနေ ပါဝင်နေပါတယ်။ ဒီလိုဆောင်ရွက်မှုကြောင့် လူငယ်တွေကြားမှာ ကျန်းမာကြံ့ခိုင်တဲ့ လူနေမှုဘဝတွေကိုလည်း ရရှိစေဖို့ အားပေးရာလည်းရောက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့ရဲ့ ရည်ရွယ်ချက်က လူငယ်ဘောလုံးသမားလေးတွေကို သူတို့မှာ အလားအလာကောင်းတွေ ရှိတယ်ဆိုတာကို သတိထားမိစေဖို့ ရည်ရွယ်လုပ်ဆောင်တာ ဖြစ်လို့ပါ” ဟု ထပ်လောင်းပြောကြားခဲ့သည်။

ပညာရေးဝန်ကြီးဌာန၏ ပံ့ပိုးကူညီမှုဖြင့် MPTမှ ဆောင်ရွက်ခဲ့သည့် တက္ကသိုလ်များ ဘောလုံးပြိုင်ပွဲသည် မြန်မာ့ လက်ရွေးစင်အသင်းအတွက် အရည်အသွေးပြည့်မီသည့် ကစားသမားများ မွေးထုတ်ပေးနိုင်ရန် ရည်ရွယ်ခြင်း ဖြစ်သည်။ အထက်မြန်မာပြည်နှင့် အောက်မြန်မာပြည် အတွက် ပွဲစဉ်များပြီးဆုံးချိန်တွင် ဒေသအလိုက် ချန်ပီယံအသင်းများ ပေါ်ထွက်လာခဲ့ပြီး နိုင်ငံအဆင့်ပြိုင်ပွဲတွင်ထိပ်ဆုံးအသင်းများ တွေ့ဆုံယှဉ်ပြိုင် ကြမည် ဖြစ်သည်။ ယခုပြိုင်ပွဲမှာ မကြာတော့မည့်အချိန်တွင် မြန်မာနိုင်ငံ၌ ကျင်းပမည့် အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင် ကစားနိုင်မည့် အရည်အချင်းရှိသော ကစားသမားများ ထွက်ပေါ်လာစေရန် ရည်ရွယ်ပါသည်။

၂၀၁၈ခုနှစ် MPT တက္ကသိုလ်များ ဘောလုံးပြိုင်ပွဲ၏ မြန်မာနိုင်ငံလုံးအဆင့် ဗိုလ်လုပွဲ ပွဲစဉ်များကို အောက်ပါ အတိုင်း ပြုလုပ်ကျင်းပသွားမည် ဖြစ်သည်။

၂၀၁၈ ခုနှစ် MPT တက္ကသိုလ်များ ဘောလုံးပြိုင်ပွဲ
အမျိုးသားပွဲစဉ်များ

စဉ် ရက်စွဲ အိမ်ကွင်း နှင့် အဝေးကွင်း နေရာ အချိန်
၂၀.၈.၂၀၁၈ အောက်မြန်မာပြည် တက္ကသိုလ်များ အမျိုးသားအသင်း (က) နှင့် အထက်မြန်မာပြည် တက္ကသိုလ်များ အမျိုးသားအသင်း (ခ) တက္ကသိုလ်များ

ဘောလုံးကွင်း

နံနက် ၈ နာရီ
၂၀.၈.၂၀၁၈ အထက်မြန်မာပြည် တက္ကသိုလ်များ အမျိုးသားအသင်း (က) နှင့် အောက်မြန်မာပြည် တက္ကသိုလ်များ အမျိုးသားအသင်း (ခ) တက္ကသိုလ်များ

ဘောလုံးကွင်း

ညနေ ၄ နာရီ
နားရက်
၂၂.၈.၂၀၁၈ အထက်မြန်မာပြည် တက္ကသိုလ်များ အမျိုးသားအသင်း (က) နှင့် အထက်မြန်မာပြည် တက္ကသိုလ်များ အမျိုးသားအသင်း (ခ) တက္ကသိုလ်များ

ဘောလုံးကွင်း

နံနက် ၈ နာရီ
၂၂.၈.၂၀၁၈ အောက်မြန်မာပြည် တက္ကသိုလ်များ အမျိုးသားအသင်း (က) နှင့် အောက်မြန်မာပြည် တက္ကသိုလ်များ အမျိုးသားအသင်း (ခ) တက္ကသိုလ်များ

ဘောလုံးကွင်း

ညနေ ၃:၃၀ နာရီ
နားရက်
၂၄.၈.၂၀၁၈ အထက်မြန်မာပြည် တက္ကသိုလ်များ အမျိုးသားအသင်း (ခ) နှင့် အောက်မြန်မာပြည် တက္ကသိုလ်များ အမျိုးသားအသင်း (ခ) ဗဟန်း မြက်ခင်းတု ကွင်း ညနေ ၃:၃၀ နာရီ
၂၄.၈.၂၀၁၈ အထက်မြန်မာပြည် တက္ကသိုလ်များ အမျိုးသားအသင်း (က) နှင့် အောက်မြန်မာပြည် တက္ကသိုလ်များ အမျိုးသားအသင်း (က) တက္ကသိုလ်များ

ဘောလုံးကွင်း

ညနေ ၃:၃၀ နာရီ
နားရက်
ဗိုလ်လုပွဲ
၂၇.၈.၂၀၁၈ အုပ်စု (က) အနိုင်ရအသင်း နှင့် အုပ်စု (ခ) အနိုင်ရအသင်း တက္ကသိုလ်များ

ဘောလုံးကွင်း

ညနေ ၃:၀၀ နာရီ

 

၂၀၁၈ ခုနှစ် MPT တက္ကသိုလ်များ ဘောလုံးပြိုင်ပွဲ
အမျိုးသမီးပွဲစဉ်များ

စဉ် ရက်စွဲ အိမ်ကွင်း နှင့် အဝေးကွင်း နေရာ အချိန်
၂၁.၈.၂၀၁၈ အထက်မြန်မာပြည် တက္ကသိုလ်များ အမျိုးသမီးအသင်း (က) နှင့် အထက်မြန်မာပြည် တက္ကသိုလ်များ အမျိုးသမီးအသင်း (ခ) ဗဟန်း မြက်ခင်းတုကွင်း နံနက် ၈ နာရီ
၂၁.၈.၂၀၁၈ အောက်မြန်မာပြည် တက္ကသိုလ်များ အမျိုးသမီးအသင်း (က) နှင့် အောက်မြန်မာပြည် တက္ကသိုလ်များ အမျိုးသမီးအသင်း (ခ) ဗဟန်း မြက်ခင်းတုကွင်း ညနေ ၃:၃၀ နာရီ
နားရက်
၂၃.၈.၂၀၁၈ အထက်မြန်မာပြည် တက္ကသိုလ်များ အမျိုးသမီးအသင်း (ခ) နှင့် အောက်မြန်မာပြည် တက္ကသိုလ်များ အမျိုးသမီးအသင်း (က) ဗဟန်း မြက်ခင်းတုကွင်း နံနက် ၈ နာရီ
၂၃.၈.၂၀၁၈ အထက်မြန်မာပြည် တက္ကသိုလ်များ အမျိုးသမီးအသင်း (က) နှင့် အောက်မြန်မာပြည် တက္ကသိုလ်များ အမျိုးသမီးအသင်း (ခ) ဗဟန်း မြက်ခင်းတုကွင်း ညနေ ၃:၃၀ နာရီ
နားရက်
၂၅.၈.၂၀၁၈ အောက်မြန်မာပြည် တက္ကသိုလ်များ အမျိုးသမီးအသင်း (က) နှင့်  

အထက်မြန်မာပြည် တက္ကသိုလ်များ အမျိုးသမီးအသင်း (က)

ဗဟန်း မြက်ခင်းတုကွင်း ညနေ ၃:၃၀ နာရီ
၂၅.၈.၂၀၁၈ အောက်မြန်မာပြည် တက္ကသိုလ်များ အမျိုးသမီးအသင်း (ခ) နှင့် အထက်မြန်မာပြည် တက္ကသိုလ်များ အမျိုးသမီးအသင်း (ခ) တက္ကသိုလ်များ

ဘောလုံးကွင်း

ညနေ ၃:၃၀ နာရီ
နားရက်
ဗိုလ်လုပွဲ
၂၇.၈.၂၀၁၈ အုပ်စု (က) အနိုင်ရအသင်း နှင့် အုပ်စု (ခ) အနိုင်ရအသင်း တက္ကသိုလ်များ

ဘောလုံးကွင်း

နံနက် ၈ နာရီ