×

၂၀၁၈ ခုနှစ် MPT တက္ကသိုလ်များဘောလုံးပြိုင်ပွဲတွင် အထက်မြန်မာပြည်မှ ဇုန်အလိုက် အကောင်းဆုံးလူငယ်အားကစားသမားများ ပါဝင်ယှဉ်ပြိုင်မည်

01 Jun 2018

(ရန်ကုန်၊ ၂၀၁၈ ခုနှစ် ဇွန်လ ၁ ရက်) – ၂၀၁၈ ခုနှစ် MPT တက္ကသိုလ်များ ဘောလုံးပြိုင်ပွဲတွင် အထက်မြန်မာပြည်တက္ကသိုလ်များ၏ ရွေးချယ်ခံထိပ်တန်းအသင်းများမှာ ၎င်းတို့၏ ခြေစွမ်းများကိုပြသကာ ကစားသွားမည့် ဘောလုံးပွဲစဉ်များကို မန္တလေးမြို့တွင် ကျင်းပတော့မည်ဖြစ်ကြောင်း ယနေ့ MPTက ထုတ်ပြန်လိုက်သည်။ အမျိုးသား နှင့် အမျိုးသမီးအသင်း စုစုပေါင်း ၁၂ သင်းက အမျိုးအစားအလိုက် အုပ်စုနှစ်စုစီခွဲ၍ ယှဉ်ပြိုင်ကစားကြမည် ဖြစ်ပြီး ယနေ့မှ စတင်၍ အုပ်စုပတ်လည် ပွဲစဉ်များကို အကြိတ်အနယ် ယှဉ်ပြိုင်သွားတော့မည် ဖြစ်သည်။

နေပြည်တော်၊ မုံရွာ၊ တောင်ကြီး၊ မန္တလေး၊ မကွေးနှင့် မြစ်ကြီးနားမြို့များမှ အသင်းများအနက် အမျိုးသားအသင်း များက ဗထူးဘောလုံုးကွင်းတွင် ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပြီး အမျိုးသမီးအသင်းများက မန္တလေးတက္ကသိုလ် အားကစားကွင်းတွင် ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။ အထက်မြန်မာပြည်ဇုန် ချန်ပီယံအသင်းများမှ ရွေးချယ်ခံကစားသမားများ ပါဝင်သည့် တက္ကသိုလ်အသင်းများသည် အောက်မြန်မာပြည်ဇုန်ချန်ပီယံ အသင်းများမှ ရွေးချယ်ခံကစားသမားများ ပါဝင်သည့် တက္ကသိုလ်အသင်းများနှင့် နိုင်ငံအဆင့် ဗိုလ်လုပွဲအဖြစ် ယှဉ်ပြိုင်ကစားကြရမည် ဖြစ်သည်။

MPT-KSGM Joint Operations မှ Chief Commercial Officer ဖြစ်သူ Mr. Reizo Umeda က “ မြန်မာပြည်အထက်ပိုင်းက အကောင်းဆုံးကစားသမားတွေဟာ ဇုန်ချန်ပီယံဖြစ်ဖို့ ရေကုန်ရေခမ်း ကစားရမှာကြောင့် MPT တက္ကသိုလ်များဘောလုံးပွဲစဉ် နောက်တစ်ဆင့်က စိတ်လှုပ်ရှားစရာပွဲစဉ်တွေ ဖြစ်လာမယ်ဆိုတာ သေချာပါတယ်။ အနိုင်ရသူတွေက နိုင်ငံအဆင့်ချန်ပီယံဆုအတွက် ရန်ကုန်မြို့မှာကျင်းပမယ့် အောက်မြန်မာပြည်ချန်ပီယံများနဲ့ လာမယ့်သြဂုတ်လအတွင်း ပြန်လည် ယှဉ်ပြိုင်သွားရမှာပါ။ ဒီအစီအစဉ်ရဲ့ ထောက်ပံ့အားပေးမှုနဲ့ နိုင်ငံတွင်းမှာ အထူးသဖြင့် လူငယ်လူရွယ်တွေအတွက် အားကစားစိတ်ဓာတ်တန်ဖိုးနဲ့ ကျန်းမာတဲ့ လူမှုဘဝတွေ ရရှိပြီး ဘောလုံးအားကစားမှာ သက်ရောက်မှု ကြီးမားတဲ့ ပြယုဂ်တစ်ခုဖြစ်လာမှာပါ။ အသင်းတွေအားလုံး ကံ ကောင်းဖို့ ဆုမွန်ကောင်းတောင်းသလို အကောင်းဆုံးခြေစွမ်းတွေကို ကွင်းအတွင်းမှာ မြင်ရဖို့လည်း မျှော်လင့်နေပါတယ်” ဟု ပြောကြားခဲ့သည်။

ပြိုင်ပွဲစည်းကမ်းများအရ အသင်းများမှာ ကျား၊မအလိုက် အုပ်စု ၂စု ခွဲ၍ အုပ်စုပတ်လည် တွေ့ဆုံယှဉ်ပြိုင် ကစားရမည် ဖြစ်သည်။ အုပ်စုပတ်လည်ယှဉ်ပြိုင်ပွဲရလဒ်များအရ အမျိုးသားအသင်းအုပ်စု နှင့် အမျိုးသမီးအသင်းအုပ်စုတို့မှ ထိပ်ဆုံးအသင်း ၂ သင်းစီမှာ ဆီမီးဖိုင်နယ်သို့ တက်ရောက်ယှဉ်ပြိုင်ရမည့် ပြိုင်ပွဲပုံစံဖြစ်သည်။ ဆီမီးဖိုင်နယ်ပြိုင်ပွဲများအပြီးတွင် အမျိုးသားနှင့်အမျိုးသမီး ဗိုလ်လုပွဲစဉ်များကို ဇွန်လ ၁၁ ရက်နေ့တွင် ကျင်းပမည် ဖြစ်သည်။

ပညာရေးဌာနမှ ကူညီပံ့ပိုးပေးထားသော MPT တက္ကသိုလ်များဘောလုံးပြိုင်ပွဲသည် ဘောလုံးအားကစားတွင် လူငယ်များပါဝင်မှုမြှင့်တင်ရန်နှင့် ဘောလုံးကစားခြင်းဖြင့် ကျန်းမာသောလူနေမှုပုံစံများ ရရှိကြစေရန် ရည်ရွယ်သည့် မြန်မာ့ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာ၏ ရှေ့ပြေးဆောင်ရွက်ချက်များအနက်မှ တစ်ခုဖြစ်သည်။ နိုင်ငံတစ်ဝှမ်းမှ မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ပေးရန်နှင့် ဘောလုံးအားကစား ရေရှည်တည်တံ့အောင်မြင်ရန် ရည်ရွယ်၍ MPTက မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိပါသည်။

“ဒီပြိုင်ပွဲဟာ တက္ကသိုလ်ဘောလုံးလောက ပိုမိုတိုးတက်လာဖို့ ပံ့ပိုးပေးနေတဲ့ ကျွန်တော်တို့ မြန်မာနေရှင်နယ်လိဂ်နဲ့ MPT တို့ရဲ့ ဒုတိယမြောက် ခြေလှမ်းဖြစ်ပါတယ်။ ရန်ကုန်မှာ ကျင်းပပြီးစီးခဲ့တဲ့ အောက်မြန်မာပြည် ဇုန်အလိုက် MPT-University Football Tournament 2018 ပွဲမှာ တက္ကသိုလ်ကျောင်းသား လူငယ်လေးတွေရဲ့ အားရဖွယ် ခြေစွမ်းကောင်းတွေကို တွေ့မြင်ခဲ့ရပြီး ဖြစ်သလို ဒီပြိုင်ပွဲမှာလည်း ထပ်ပြီးမြင်တွေ့ရဖို့ မျှော်လင့်ပါတယ်။ အောက်မြန်မာပြည် ပြိုင်ပွဲကို အောင်မြင်အောင် ထောက်ပံ့ပေးခဲ့တဲ့အပြင် အခုလိုအထက်မြန်မာပြည်ပွဲကိုပါ ဖြစ်မြောက်လာအောင် ပံ့ပိုးပေးခဲ့တဲ့ MPT ကိုလည်း အထူးပဲ ကျေးဇူးတင်ပါတယ်။ ဒီပြိုင်ပွဲကြီး ဖြစ်မြောက်အောင် ပါဝင်ပံ့ပိုးပေးခဲ့ကြတဲ့ တာဝန်ရှိသူအားလုံးကိုလည်း ကျေးဇူးတင်မိပါတယ်။ ဒီပြိုင်ပွဲကနေလည်း လာမယ့် နှစ်ကုန်ပိုင်းမှာ ကျင်းပမယ့် အာဆီယံ တက္ကသိုလ်ပေါင်းစုံ အားကစားပြိုင်ပွဲမှာ မြန်မာ့တက္ကသိုလ်လက်ရွေးစင်အသင်းကို ကိုယ်စားပြုနိုင်မယ့် ကစားသမားကောင်းတွေ ထွက်ပေါ်လာနိုင်ဖို့ မျှော်လင့်ပါတယ်”ဟု မြန်မာနေရှင်နယ်လိဂ် အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်က ပြောကြားသည်။

“အခုလိုတက္ကသိုလ်တွေ အားလုံးမှ ကျောင်းသူကျောင်းသားတွေက ပြိုင်ပွဲမှာ စိတ်ပါဝင်စားစွာနဲ့ ပါဝင်ယှဉ်ပြိုင် ကြတာ တွေ့ရတော့ အရမ်းကို ဝမ်းသာကြည်နူးမိပါတယ်။ ယခုဆိုရင် ကျွန်တော်တို့ နိုင်ငံမှာလူငယ်တွေက အားကစားမှာ ပါဝင်လာကြတာကြောင့် အချင်းချင်း ရိုင်းပင်းကူညီချင်စိတ်တွေကိုပိုပိုပြီး တိုးပွားလာစေ တဲ့အပြင် စည်းကမ်းတကျ နေထိုင်တတ်လာသလို အားကစားစိတ်ဓါတ်၊ ခေါင်းဆောင်မှုစိတ်ဓါတ် စတဲ့ တန်ဖိုးရှိလှတဲ့ စိတ်ခွန်အားတန်ဖိုးတွေလည်း ရရှိလာနိုင်ကြမှာ ဖြစ်ပါတယ်။ MPT တက္ကသိုလ်များ ဘောလုံးပြိုင်ပွဲလို အားကစားပြိုင်ပွဲတွေမှာ ယခုလို ပါဝင်ကစားကြသလို နောင်မှာလည်းပါဝင်နိုင်ကြဖို့ ကျွန်တော့်အနေနဲ့ မျှော်လင့်မိပါတယ်။ အခုကစားသမားလေးတွေဟာ နောင်တစ်ချိန် နိုင်ငံတကာမှာ ရင်ဘောင်တန်းပြီး မြန်မာနိုင်ငံရဲ့ ကိုယ်စားပြုအနေနဲ့ ယှဉ်ပြိုင်ကြမယ့်သူတွေ ဖြစ်လာမယ့်အတွက် အကျိုးကျေးဇူးများစွာလည်း ရရှိမှာ ဖြစ်ပါတယ်။ နိုင်ငံတစ်ဝှမ်းမှာ ပြိုင်ပွဲတွေကို အခုလို ဦးစီးကျင်းပနိုင်ဖို့ အထောက်အပံ့ပေးတဲ့အတွက် MPT ကိုလည်း အထူးပဲ ကျေးဇူးတင်ရှိပါတယ်။ ထို့အတူ အားကစားသမားတွေနဲ့အတူ နည်းပြတွေကိုလည်း ပူးပေါင်းပါဝင်ပေးခဲ့ကြတဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်။”ဟု ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် အထက်မြန်မာပြည် တက္ကသိုလ်များ ဘောလုံးဆပ်ကော်မတီ ဥက္ကဌ နှင့် မန္တလေးတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာ တင်ထွန်းအောင်မှ ပြောကြားသည်။

ယခု ဘောလုံးပြိုင်ပွဲများသည် မြန်မာနိုင်ငံတွင် လက်ခံကျင်းပမည့် ၂၀၁၈ အာဆီယံတက္ကသိုလ်များ ပြိုင်ပွဲ အတွက် အရည်အချင်းပြည့်ဝသော ဘောလုံးသမားများ မွေးထုတ်ပေးရန် ရည်ရွယ်ချက်ဖြင့် ကျင်းပခြင်းဖြစ်သည်။ ပြိုင်ပွဲအားလုံးတွင် လက်ရှိ အသုံးပြုနေသော တရားမျှတသည့် စည်းကမ်းများအပြင် ပြိုင်ဆိုင်မှုပြင်းထန်သည့် ပွဲစဉ်များ၌ ကစားသမားများ အန္တရာယ်ကင်းစေရန်အတွက် နိုင်ငံတကာတွင် လိုက်နာအသုံးပြုလျက်ရှိသည့် စည်းမျဉ်း စည်းကမ်းများကိုပါ အသုံးပြုသွားမည် ဖြစ်သည်။

အလားတူပင် အောက်မြန်မာပြည်ဇုန်အလိုက်ပြိုင်ပွဲအတွက် အမျိုးသား ၈ သင်းနှင့် အမျိုးသမီး ၆ သင်း တို့ယှဉ်ပြိုင်ခဲ့သည့် ပွဲစဉ်များကို လွန်ခဲ့သည့် မေလ ၂၀ ရက်နေ့ မှ ၃၁ ရက်နေ့အတွင်းကကျင်းပခဲ့ပြီး အမျိုးသားပွဲစဉ်များတွင် ဒဂုံဇုန်နှင့် ပုသိမ်ဇုန်တို့ကလည်ကောင်း အမျိုးသမီးပွဲစဉ်တွင်လည်း ဒဂုံဇုန်နှင့် ရန်ကုန်ဇုန်တို့ကလည်းကောင်း ပထမနှင့် ဒုတိယအသီးသီး ရရှိခဲ့အောင်မြင်ခဲ့ပါသည်။ အထက်မြန်မာပြည် ဇုန်အလိုက်ပြိုင်ပွဲများ၏ ပထမဆုံးပွဲစဉ်များထဲမှ အမျိုးသားပွဲစဉ်အဖြစ် နေပြည်တော်ဇုန်နှင့် မုံရွာဇုန်တို့၏ ယှဉ်ပြိုင်မှုကို ဗထူးဘောလုံးကွင်းတွင် ဇွန်လ (၁)ရက်နေ့၌ ကျင်းပသွားမည်ဖြစ်သည်။

အထက်မြန်မာပြည်ဇုန၏ပွဲစဉ်များကို အောက်တွင် ဖော်ပြထားပါသည်။
MPT – University Football Tournament 2018

အမျိုးသားပွဲစဉ်များ
စဉ် နေ့စွဲ အိမ်ရှင်ကွင်း VS အိမ်ဝေးကွင်း နေရာ ရလဒ် ပွဲချိန်
၁.၆.၂၀၁၈ နေပြည်တော်ဇုန် Vs မုံရွာဇုန် ဗထူး : ၁၆:၀၀
၂.၆.၂၀၁၈ မန္တလေးဇုန် Vs မကွေးဇုန် ဗထူး : ၁၆:၀၀
၃.၆.၂၀၁၈ တောင်ကြီးဇုန် Vs နေပြည်တော်ဇုန် ဗထူး : ၁၆:၀၀
၄.၆.၂၀၁၈ မြစ်ကြီးနားဇုန် Vs မန္တလေးဇုန် ဗထူး : ၁၆:၀၀
၅.၆.၂၀၁၈ မုံရွာဇုန် Vs တောင်ကြီးဇုန် ဗထူး : ၁၆:၀၀
၆.၆.၂၀၁၈ မကွေးဇုန် Vs မြစ်ကြီးနားဇုန် ဗထူး : ၁၆:၀၀
နားရက်
အကြိုဗိုလ်လုပွဲ
၈.၆.၂၀၁၈ Group B 1St Vs Group A 2nd ဗထူး : ၁၅:၀၀
၉.၆.၂၀၁၈ Group A 1St Vs Group B 2nd ဗထူး : ၁၅:၃၀
တတိယလုပွဲ
၁၀.၆.၂၀၁၈ Match (7) Loser Vs Match (8) Loser ဗထူး : ၁၅:၃၀
ဗိုလ်လုပွဲ
၁၀ ၁၁.၆.၂၀၁၈ Match (7) Winner Vs Match (8) Winner ဗထူး : ၁၅:၃၀
အမျိုးသမီးပွဲစဉ်များ
စဉ် နေ့စွဲ အိမ်ရှင်ကွင်း VS အဝေးကွင်း နေရာ ရလဒ် ပွဲချိန်
၁.၆.၂၀၁၈ နေပြည်တော်ဇုန် Vs မုံရွာဇုန် တက္ကသိုလ် : ၁၆:၀၀
၂.၆.၂၀၁၈ မန္တလေးဇုန် Vs မကွေးဇုန် တက္ကသိုလ် : ၁၆:၀၀
၃.၆.၂၀၁၈ တောင်ကြီးဇုန် Vs နေပြည်တော်ဇုန် တက္ကသိုလ် : ၁၆:၀၀
၄.၆.၂၀၁၈ မြစ်ကြီးနားဇုန် Vs မန္တလေးဇုန် တက္ကသိုလ် : ၁၆:၀၀
၅.၆.၂၀၁၈ မုံရွာဇုန် Vs တောင်ကြီးဇုန် တက္ကသိုလ် : ၁၆:၀၀
၆.၆.၂၀၁၈ မကွေးဇုန် Vs မြစ်ကြီးနားဇုန်ု တက္ကသိုလ် : ၁၆:၀၀
နားရက်
အကြိုဗိုလ်လုပွဲ
၈.၆.၂၀၁၈ Group B 1St Vs Group A 2nd တက္ကသိုလ် : ၁၅:၃၀
၉.၆.၂၀၁၈ Group A 1St Vs Group B 2nd တက္ကသိုလ် : ၁၅:၃၀
တတိယလုပွဲ
၁၀.၆.၂၀၁၈ Match (7) Loser Vs Match (8) Loser တက္ကသိုလ် : ၁၅:၃၀
ဗိုလ်လုပွဲ
၁၀ ၁၁.၆.၂၀၁၈ Match (7) Winner Vs Match (8) Winner : ၁၅:၃၀